စာအုပ်မြို့တော် Blog

တန်ဖိုးရှိသော စာ

၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ ၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။ ၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ ၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။ ၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။ ၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့...

လူတစ်ယောက် မဖြစ်မနေ ပြုမူနေထိုင်သင့်သည့် အချက်( ၅) ချက်

(၁)အတတ်ပညာတစ်ခုခုကို တတ်ကျွမ်းအောင်သင်ကြားပါ အတတ်ပညာဆိုတာ အတန်းပညာတစ်ခုတည်းမဟုတ်ပါ။အသိပညာ ၊ လူမှုက်ဆံရေးပညာ ၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်သော အတွေးအခေါ်နှင့် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုကို မဖြစ်မနေ သင်ကြားတတ်မြောက်ထားသင့်တယ်။ (၂)အလုပ်တစ်ခုခုမှာ ဝင်ရောက်လုပ်ကိုင်ပါ အရွယ်ရောက်ပြီးဖြစ်တဲ့ ယောက်ျားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ချမ်းသာသာ ဆင်းရဲရဲ အလုပ်တစ်ခုတော့ လုပ်သင့်ပါတယ်။ အလုပ်ရှိမှ လူရာဝင်တတ်သလို လူလေးစားယုံကြည်ခံရမှာပါ။ အလုပ်ဟူသမျှ ဂုဏ်ရှိတယ်ဆိုသလိုပဲ အလုပ်လုပ်နေမှ ဂုဏ်တက်မှာပါ။ အလုပ်တစ်ခုလုပ်ဆောင်ရာမှာ အကျိုးအမြတ်က ပထမ မဟုတ်ဘဲ...

စိတ်ထဲမှာတော့ ပြုံးမိခဲ့ပါတယ်

တစ်ခါတလေတော့…… သာမှပေါင်းချင်တဲ့ လူတချို့ရဲ့ အပြုအမူကို…… ဘာတစ်ခုမှ မတုန့်ပြန်လိုက်ပေမဲ့…… စိတ်ထဲမှာတော့ မှတ်ထားလိုက်ပါတယ်။ အနိုင်လိုသူကို အရှုံးပေးရင် နှလုံးအေးတယ်ဆိုပေမဲ့…… တစ်ဖက်စွန်းရောက်လွန်းတဲ့ သူတွေကို…… အရှုံးပေးလိုက်ရတာ…… ကိုယ့်နှလုံးသားတွေ နာကျင်ရတဲ့အကြောင်း…… ကိုယ်သာ အသိဆုံးပဲ။ ရန်ကိုရန်ခြင်း မတုန့်ပြန်ချင်လို့သာ…… အရှုံးပေးခဲ့ရပေမဲ့…… ကိုယ်လည်း လူထဲက လူတစ်ယောက်မို့…… စိတ်နာမိခဲ့တယ်ဆိုတာ ဝန်ခံရဲပါတယ်။ တရားမျှတမှုဆိုတာ နေရာတိုင်း မရှိနိုင်ဘူးဆိုပေမဲ့…… လူတစ်ဖက်သား ထိခိုက်နစ်နာသွားစေမဲ့…… တချို့သော အကြောင်းအရာတွေမှာ…… အနစ်နာခံသင့်လည်း...

မှတ်မိစေချင်တဲ့ စကားလုံးများ

ထီးမပါတဲ့ ကလေးဟာ မိုးထဲမှာ ပိုအပြေးမြန်တတ်ပါတယ်။ ဦးတည်ချက်မရှိတဲ့လူဟာ ဦးတည်ချက်ရှိတဲ့ လူအတွက် အလုပ်လုပ်ပေးရတယ်။ ဘွဲ့ဒီဂရီဆိုတာ ကြေးတံဆိပ်၊ အရည်အချင်းဆိုတာ ငွေတံဆိပ်၊ လူမူဆက်ဆံရေး အတတ်ဟာ ရွှေတံဆိပ်ပါ။ အချစ်ဆိုတာ ရိုးရိုးရှင်းရှင်းဖြစ်လို့ရတယ်။ လွယ်လွယ်ကူကူတော့ မဖြစ်သင့်ဘူး။ ယော့က်ျား ကောင်းဟာ မြူစွယ်မူဒဏ်ကို ကောင်းကောင်းခံနိုင်စွမ်းရှိဖို့လိုသလို ၊ မိန်းမကောင်းဟာ အထီးကျန်တဲ့ ဒဏ်ကို ခံနိုင်စွမ်းရှိရပါမယ်။ လှပတဲ့ နတ်သမီးဆိုတာ လူ့လောကမှာ တကယ်မရှိပါဘူး၊ စိတ်ရင်းကောင်းတဲ့ မိန်းခလေးဆိုတာပဲ...

ဦးနှောက်ကို ပျက်စီးစေသည့် အကျင့်လေးများ

⭐️ မနက်စာ မစားသုံးခြင်း ⭐️ မနက်စာ မစားခြင်းက လိုအပ်တဲ့ သကြားဓါတ် မရရှိနိုင်ခြင်းကြောင့် ဦးနှောက်ဖွံ့ဖြိုးခြင်းကို လျော့ကျစေ နိုင်ပါသည်။ ⭐️အိပ်စက်ချိန် မလုံလောက်ခြင်း⭐️ သင့် ဦးနှောက် အနားပေးရန် အတွက် အိပ်စက်ချိန် အလုံအလောက် မရှိရင် ဦးနှောက်ဆဲလ်များ သေဆုံးနိုင်ပါတယ်။ ⭐️ အစားလွန်ခြင်း ⭐️ အစားအစာ အများကြီး စားသုံးခြင်းက သင့်ရဲ့ ဦးနှောက်စွမ်းရည်ကို ကျဆင်းစေပါတယ်။ ⭐️လေထု ညစ်ညမ်းခြင်း⭐️ ဦးနှောက်က အောင်စီဂျင်များစွာ လိုအပ်သော အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းသောလေထုကို...

မိတ်ဆွေနဲ့ အသိုင်းအ၀န်း

တံငါ နားနီးတံငါ မုဆိုးနားနီးမုဆိုး ဘယ်လိုလူ အနားမှာနေရင် ဘယ်လို ခရီးသွားမှာ သေချာသလောက်ပါပဲ၊ ဖဲရိုက်ဖေါ်ဟာ ဖဲဝိုင်းသွားဖို့ အမြဲဖိတ်ခေါ် သလို အရက်သောက်ဘက်ကလည်း အရက်ဝိုင်းသွားဖို့ အမြဲစည်းရုံးနေမှာပဲ၊ မိတ်ဆွေအစစ်ဆိုတာ သင့်ကို တိုးတက်နေအောင် အမြဲ တွန်းအားပေးနေတဲ့သူပါ။ လူ့ဘ၀ရဲ့ ကံအကောင်းဆုံးဆိုတာ ရွှေငွေရတနာ ကောက်ရတာ မဟုတ်သလို သိန်းထီပေါက်ခြင်းလည်း မဟုတ်ပါ။ သင့်နားမှာ မိတ်ဆွေ အစစ်ရှိတာက ရေရှည်မှာ ပိုတန်ဖိုးရှိပါတယ်။ သူတို့ဟာ၊ သင့်ဘ၀ခရီးလမ်းတစ်လျှောက်မှာ...

The value of life (ဘ၀တန်ဖိုး)

တစ်နေ့မှာ လူငယ်လေး တစ်ဦးဟာ အဖိုးဖြစ်သူ အနားကို သွားပြီး… “ဘ၀တန်ဖိုး ဆိုတာ ဘာလဲ… အဖိုး..?” ဆိုပြီး မေးလိုက်တယ်… ဒါနဲ့ အဖိုးဖြစ်သူလည်း ကျောက်တုံး တစ်တုံးကို လူငယ်လက်ထဲ ထည့်ပေးလိုက်ပြီး… “ကဲ… ဒီကျောက်တုံးရဲ့ တန်ဖိုးဟာ ဘယ်လောက် ရှိလဲ ဆိုတာ သွားစုံစမ်းခဲ့ချေ… ဒါပေမဲ့ ရောင်းတော့ မရောင်းခဲ့နဲ့နော်…” ဆိုပြီး မှာလိုက်တယ်… လူငယ်လည်း အဖိုးပေးလိုက်တဲ့ ကျောက်တုံးကို ယူပြီး...

လိုက်နာမှတ်သား ရှေးရှေးတုန်းက အဆိုအမိန့်များ

(၁) မဟောင်တတ်သော ခွေးသည် ကိုက်တတ်၏။ စကားမပြောဘဲ ဆိတ်ဆိတ်နေသူသည် မိုက်တတ်၏။ (၂) အကောင်းပြောလျင် ချက်ချင်း ၀မ်းမသာပါနှင့်၊ မကောင်းပြောလျင်လည်း ချက်ချင်း ၀မ်းမနည်းပါနှင့်။ (၃) ကန်ဖူးသော မြင်းသည် ကန်ချက်ကို မမေ့။ လူသည်လည်း အကျင့်ပျက်ကို မမေ့။ (၄) ထိုင်သည့်အခါ အောက်ကို ကြည့်ပါ။ ထသည့်အခါ အပေါ်ကို ကြည့်ပါ။ (၅) မပုပ်သော အသီးကို ပိုးမထိုး။ မရှိသောသူကို...

ဘီလ်ဂိတ်စ်ထံမှ အတုယူစရာများ

ကမ္ဘာကျော် Microsoft ကုမ္ပဏီကြီးကို ထူထောင်ခဲ့သူ ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံကြွယ်သူဌေးကြီး ဘီလ်ဂိတ်စ်ကို ကောင်းကောင်းသိကြပါသည်။ သူ့ဘဝ သူ့အကြောင်းလေးတွေက စိတ်ဝင်စားစရာဖြစ်သလို လူငယ်တို့အတွက် စံနမူနာကောင်းတစ်ရပ်အနေနှင့် လိုက်လံကျင့်ဆောင်စရာတွေကလည်း များပါသည်။ ဘီလ်ဂိတ်စ်သည် ၁၉၇၄ ခုနှစ်တွင် ဟားဗတ်တက္ကသိုလ်က အပြီးတိုင်ထွက်ခဲ့သည်။ သူကျောင်းမပြီးသေးဘဲ ထွက်လာခဲ့ခြင်းဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် သူငယ်ချင်းတွေနှင့် ပူးပေါင်းပြီး Microsoft ကုမ္ပဏီကို ထူထောင်သည်။ ကွန်ပျူတာဆော့ဖ်ဝဲရေးသည့် ကုမ္ပဏီတစ်ခုကို မည်သူကမှ စိတ်ကူးမရသေးမီ စွန့်ဦးစွန့်စားကာ...

အရေးကြီးတာက

မင်းကို လူတွေအထင်သေးတာက အရေးမကြီးပါဘူးအရေးကြီးတာက မင်းကိုယ်မင်းတော့ဘယ်တော့မှ အထင်မသေးမိအောင် မတရားတာရှောင်ပါ။အခြားသူက အထင်ကြီးသေးခြင်းထက်ကိုယ့်လိပ်ပြာသန့်ဖို့ပဲ လိုတာပါ။ မင်းကို လူတွေက အတင်းပြောနေတာက အရေးမကြီးပါဘူးအရေးကြီးတာက အခြားသူတွေပြောစရာဖြစ်အောင်မင်းလုပ်ခဲ့တဲ့ အမှားတွေကို အချိန်မီပြင်ဆင်နိုင်ဖို့လိုပါတယ်။ မင်းဘဝမှာ အောင်မြင်မှူတွေ မရသေးတာက အရေးမကြီးသေးပါဘူးအရေးကြီးတာက အောင်မြင်နိုင်တဲ့ အရည်​အချင်းတွေမင်းမှာ ရှိနေဖို့ အဓိကပါကြိုးစားနေတဲ့လူတစ်ယောက်မှာ အောင်မြင်မှူဆိုတာအချိန်ပဲလိုတာပါ။လူ့ဘဝဆိုတာက ရပ်တန့်မနေဘဲ အသိတရားလေးနဲ့ဆက်လျှောက်ခြင်းက အိပ်မက်ဆိုတာကိုလက်တွေ့ဖြစ်လာအောင် သက်သေပြနိုင်တာမျိုးပါ။ မင်း ဘဝပေးအခြေအနေအရ ဆယ်တန်းမအောင်ခဲ့တာကအရေးမကြီးပါဘူးအရေးကြီးတာက ကိုယ်လျှောက်နေတဲ့ လမ်းမပေါ်မှာအဓိကနဲ့သာမညကို ခွဲခြားသိပီး ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တိုင်းမှာထိပ်ဆုံးရောက်အောင်...