အေမ့ကို အာခံ၍ျပန္မေျပာခင္

တစ္ခုေသာ နံနက္ခင္း အထက္တန္းေက်ာင္းသားအရြယ္ ေကာင္ေလးတစ္ေယာက္အား

အိပ္ယာမသိမ္းမိလို႔ မိခင္ျဖစ္သူက

“ထမင္းစားခ်ိန္မွန္းလဲမသိ အျပင္ထြက္လည္းမိဘဆီ ခြင့္မတိုင္ ၾကည့္စမ္း ဘယ္အခ်ိန္႐ွိေနၿပီလဲ

တစ္ေနကုန္ ဂိမ္းေဆာ့ေန. . .”

အစ႐ွိသျဖင့္ ဆူပူႀကိမ္းေမာင္းကာ သားျဖစ္သူက သီးမခံႏိုင္လို႔

“ဟာဗ်ာ . အေမကလည္း က်ေနာ္က ကေလးမဟုတ္ေတာ့ဘူး တစ္ေန႔လံုး

ဗ်စ္ေတာက္ဗ်စ္ေတာက္နဲ႔ နားၿငီးတယ္ က်ေနာ့ဟာ က်ေနာ္ ႀကိဳက္သလိုေနေပါ့ အေမမစပ္စုခ်င္ပါနဲ႔..”

လို႔ သူ႔အေမကို အသံႀကီးဟစ္က်ယ္နဲ႔ ျပန္ေျပာခဲ့တယ္ ။

အေမကတစ္လွည့္ သားကတစ္လွည့္ စကားမ်ားၾကရာက အနီးအနားမွာထိုင္ေနတဲ့

အေဖျဖစ္သူက ၾကားျပန္ေျဖတဲ့အေနနဲ႔ သူ႔သားကို ေခၚလိုက္ပါတယ္။

“သားေရ..အေဖ့ဆီလာပါဦးကြာ”

သားျဖစ္သူက ေျခေဆာင့္ရင္း အိမ္ေပၚကေနဆင္းသြားၿပီး အေဖေခၚရာကို လိုက္ခဲ့ပါတယ္ ။

အေဖျဖစ္သူက သားပခံုးကို လွမ္းဖက္ရင္း အျပင္ဘက္ကို လမ္းေလွ်ာက္ထြက္ခဲ့ပါတယ္။

“သား..ဘာျဖစ္လို႔ အေမ့ကိုုျပန္ေျပာေနရတာလဲ”

“အေဖကလည္း က်ေနာ္က ကေလးမွမဟုတ္ေတာ့တာ ေန႔တိုင္းလိုလို က်ေနာ့္ကိုအျပစ္ျမင္ေနတယ္

ေန႔တိုင္း ဆူပူေနတယ္ က်ေနာ္ ဒီအိမ္မွာ မေနခ်င္ေတာ့ဘူး ေဖေဖရယ္”

“ေအာ္..သားက ေမေမ့ဆိုဆံုးမစကားေတြ ဆူတယ္လို႔ထင္ေနတာကိုး ေမေမ မဆူေအာင္

ေမေမ့ေျပာတဲ့အတိုင္း ငါ့သားေနေပါ့ကြ”

“ေဖေဖလည္း ေမေမ့လိုပဲ သားကို မခ်စ္ဘူးေပါ့ “

“မဟုတ္ပါဘူးသားရယ္ ဘယ္မိဘကမွ ကိုယ့္သားသမီးကို လမ္းမွားမေရာက္ေစခ်င္ဘူး

ႀကိဳတင္တားဆီးတဲ႔အေနနဲ႔ ေျပာဆိုဆံုးမေနတာ”

“ေတာ္ၿပီ..ေဖေဖလည္းေမေမ့လိုပဲ သားကို အေကာင္းမျမင္ဘူး ဆူဖို႔ပဲ”

“ကဲ ေဖေဖတစ္ခုေျပာမယ္ ေသခ်ာနားေထာင္”

“ဘာေျပာမွာလဲေဖေဖ သားနားေထာင္ေနတယ္”

“သားက ေမေမ့ကိုတစ္ ခြန္းမက်န္အာခံျပန္ေျပာတယ္ေနာ္ သားေသခ်ာစဥ္းစား”

“သား ျပန္ေျပာမွာေပါ့ေဖေဖ ေန႔တိုင္း ဗ်စ္ေတာက္ဗ်စ္ေတာက္ ဆိုေတာ့ သား နားၿငီးတယ္”

“ကဲ ဒါဆိုေဖေဖ အခ်က္ ၁၀ ခ်က္ေျပာျပမယ္ အဲဒီအခ်က္ ၁၀ ခ်က္လံုး သားလိုက္နာႏိုင္ရင္

သားေမ့ေမ့ကို ႀကိဳက္သလို အာခံၿပီးျပန္ေျပာလို႔ရၿပီ”

“ေျပာပါ ေဖေဖ သားနားေထာင္ပါ့မယ္”

“ဒါဆိုေသခ်ာနားေထာင္

၁။။ သံုးလတိတိ သား ထမင္းစားၿပီးတိုင္း အန္ႏိုင္မလား ၊

၂။။ သားရဲ႕ဝမ္းဗိုက္ထဲေဘာလံုးထည့္ၿပီး ႀကီးမားလာေအာင္ တစ္လတစ္ခါ ေရထိုးသြင္းမယ္ တစ္ဆယ္လတိုင္တိုင္ သားအေလးခံၿပီး သယ္ထားႏိုင္မလား ၊

၃။။ ေကာ္ဖီ ၊ လက္ဖက္ရည္ ၊ ကိုယ္ႀကိဳက္တဲ့မုန္႔ အစားအစာေတြ မစားပဲ ေျခာက္လတိုင္တိုင္

အငတ္ခံေနႏိုင္မလား ၊

၄။။ ညညအိပ္ရင္လည္း ဗယ္ညာ မေစာင္းပဲ ုၿငိမ္ၿငိမ္ေလးနဲ႔ ၅ လတိုင္တိုင္ အိပ္ႏိုင္မလား ၊

၅။။ ၈ လတိုင္တိုင္ ေဆာ့ကစားတာတို႔ ေလွ်ာက္လည္တာတို႔ ကခုန္တာတို႔ မလုပ္ပဲ အိမ္ထဲမွာပဲ

ေနႏိုင္မလား ၊

၆။။ နာဖ်ားလို႔မရွိေအာင္ ကိုယ့္ကိုဂ႐ုစိုက္ေနရလို႔ ႀကိဳက္တဲ့အစားအေသာက္ေတြ မစားပဲေနမယ္

နာဖ်ားခဲ့ရင္ေတာင္ ေဆးေတြစိတ္ႀကိဳက္စားခြင့္မ႐ွိပဲ ၁၀ လအထိ သားေနႏိုင္လား ၊

၇။။ ၁၄ နာရီအၾကာ အသက္နဲ႔ရင္းၿပီး နာက်င္ ကိုက္ခဲတဲ့ေဝဒနာ သားခံႏိုင္မလား ၊

၈။။ ကိုယ့္ႏို႔သီးေခါင္းကို ကိုက္ရင္ နာေပမယ့္ ၁၀ လအထိ ေအာင့္အည္းသီးခံႏိူင္မလား ၊

၉။။ ခ်ီးေတြ ၊ ေသးေတြ ၊ အန္ဖတ္ေတြ ၂ ႏွစ္တိုင္တိုင္ သားကၾကံဳးႏိုင္မလား ၊

၁၀။။ ညညဆိုရင္လည္း ႏွစ္နာရီတစ္ခါ တစ္ႏွစ္လံုးလံုး အိပ္ေရးပ်က္ခံၿပီးထႏိုင္မလား ။

ကဲ..သား အဲဒီအခ်က္ ၁၀ ခ်က္ လိုက္နာလို႔ႏိုင္မလား တကယ္လို႔ သားက တစ္ခ်က္မက်န္

လိုက္နာႏိုင္ရင္ ေမေမ့ကို ႀကိဳက္သလို အာခံၿပီး ျပန္ေျပာလို႔ႏိုင္ၿပီ”

သားျဖစ္သူက ေခတၱမိိႈင္ၿပီး အေတြးတစ္ခုဝင္လာကာ

“ဟုတ္ကဲ့ေဖေဖ သားနားလည္ပါၿပီ ေနာက္ဘယ္ေတာ့မွ ေမေမ့ကိုေရာ ေဖေဖ့ကိုပါ

သားျပန္မေျပာေတာ့ပါဘူးလို႔ သားကတိေပးပါတယ္ေဖေဖ”

“ကဲ..သားလိမၼာေလး ေမေမ့ကို ဝန္ခ်ေတာင္းပန္ၿပီး မာဖီ​ေတာင္​း

……………….

သားလိမၼာ သမီးလိမၼာေလးျဖစ္ၾကပါေစ ။

Credit#

< Unicode Version >

အမေ့ကို အာခံ၍ပြန်မပြောခင်

တစ်ခုသော နံနက်ခင်း
အထက်တန်းကျောင်းသားအရွယ်
ကောင်လေးတစ်ယောက်အား
အိပ်ယာမသိမ်းမိလို့
မိခင်ဖြစ်သူက

“ထမင်းစားချိန်မှန်းလဲမသိ
အပြင်ထွက်လည်းမိဘဆီ ခွင့်မတိုင်
ကြည့်စမ်း ဘယ်အချိန်ရှိနေပြီလဲ
တစ်နေကုန် ဂိမ်းဆော့နေ. . .”

အစရှိသဖြင့်
ဆူပူကြိမ်းမောင်းကာ
သားဖြစ်သူက
သီးမခံနိုင်လို့

“ဟာဗျာ . အမေကလည်း
ကျနော်က ကလေးမဟုတ်တော့ဘူး
တစ်နေ့လုံး ဗျစ်တောက်ဗျစ်တောက်နဲ့
နားငြီးတယ်
ကျနော့ဟာ ကျနော် ကြိုက်သလိုနေပေါ့ အမေမစပ်စုချင်ပါနဲ့..”

လို့ သူ့အမေကို
အသံကြီးဟစ်ကျယ်နဲ့
ပြန်ပြောခဲ့တယ် ။

အမေကတစ်လှည့်
သားကတစ်လှည့်
စကားများကြရာက
အနီးအနားမှာထိုင်နေတဲ့
အဖေဖြစ်သူက
ကြားပြန်ဖြေတဲ့အနေနဲ့
သူ့သားကို
ခေါ်လိုက်ပါတယ်။

“သားရေ..အဖေ့ဆီလာပါဦးကွာ”

သားဖြစ်သူက
ခြေဆောင့်ရင်း
အိမ်ပေါ်ကနေဆင်းသွားပြီး
အဖေခေါ်ရာကို
လိုက်ခဲ့ပါတယ် ။
အဖေဖြစ်သူက
သားပခုံးကို လှမ်းဖက်ရင်း
အပြင်ဘက်ကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။

“သား..ဘာဖြစ်လို့
အမေ့ကိုုပြန်ပြောနေရတာလဲ”

“အဖေကလည်း
ကျနော်က ကလေးမှမဟုတ်တော့တာ
နေ့တိုင်းလိုလို ကျနော့်ကိုအပြစ်မြင်နေတယ်
နေ့တိုင်း ဆူပူနေတယ်
ကျနော် ဒီအိမ်မှာ မနေချင်တော့ဘူး
ဖေဖေရယ်”

“အော်..သားက
မေမေ့ဆိုဆုံးမစကားတွေ
ဆူတယ်လို့ထင်နေတာကိုး
မေမေ မဆူအောင်
မေမေ့ပြောတဲ့အတိုင်း
ငါ့သားနေပေါ့ကွ”

“ဖေဖေလည်း မေမေ့လိုပဲ
သားကို မချစ်ဘူးပေါ့ “

“မဟုတ်ပါဘူးသားရယ်
ဘယ်မိဘကမှ ကိုယ့်သားသမီးကို
လမ်းမှားမရောက်စေချင်ဘူး
ကြိုတင်တားဆီးတဲ့အနေနဲ့
ပြောဆိုဆုံးမနေတာ”

“တော်ပြီ..ဖေဖေလည်းမေမေ့လိုပဲ
သားကို အကောင်းမမြင်ဘူး
ဆူဖို့ပဲ”

“ကဲ ဖေဖေတစ်ခုပြောမယ်
သေချာနားထောင်”

“ဘာပြောမှာလဲဖေဖေ
သားနားထောင်နေတယ်”

“သားက မေမေ့ကိုတစ် ခွန်းမကျန်အာခံပြန်ပြောတယ်နော်
သားသေချာစဉ်းစား”

“သား ပြန်ပြောမှာပေါ့ဖေဖေ
နေ့တိုင်း ဗျစ်တောက်ဗျစ်တောက်
ဆိုတော့ သား နားငြီးတယ်”

“ကဲ ဒါဆိုဖေဖေ အချက် ၁၀ ချက်ပြောပြမယ်
အဲဒီအချက် ၁၀ ချက်လုံး
သားလိုက်နာနိုင်ရင်
သားမေ့မေ့ကို ကြိုက်သလို
အာခံပြီးပြန်ပြောလို့ရပြီ”

“ပြောပါ ဖေဖေ သားနားထောင်ပါ့မယ်”

“ဒါဆိုသေချာနားထောင်
၁။။ သုံးလတိတိ သား
ထမင်းစားပြီးတိုင်း
အန်နိုင်မလား ၊

၂။။ သားရဲ့ဝမ်းဗိုက်ထဲဘောလုံးထည့်ပြီး
ကြီးမားလာအောင် တစ်လတစ်ခါ
ရေထိုးသွင်းမယ် တစ်ဆယ်လတိုင်တိုင်
သားအလေးခံပြီး သယ်ထားနိုင်မလား ၊

၃။။ ကော်ဖီ ၊ လက်ဖက်ရည် ၊
ကိုယ်ကြိုက်တဲ့မုန့် အစားအစာတွေ
မစားပဲ ခြောက်လတိုင်တိုင်
အငတ်ခံနေနိုင်မလား ၊

၄။။ ညညအိပ်ရင်လည်း
ဗယ်ညာ မစောင်းပဲ
ုငြိမ်ငြိမ်လေးနဲ့
၅ လတိုင်တိုင် အိပ်နိုင်မလား ၊

၅။။ ၈ လတိုင်တိုင်
ဆော့ကစားတာတို့ လျှောက်လည်တာတို့ ကခုန်တာတို့
မလုပ်ပဲ အိမ်ထဲမှာပဲ နေနိုင်မလား ၊

၆။။ နာဖျားလို့မရှိအောင်
ကိုယ့်ကိုဂရုစိုက်နေရလို့
ကြိုက်တဲ့အစားအသောက်တွေ
မစားပဲနေမယ်
နာဖျားခဲ့ရင်တောင်
ဆေးတွေစိတ်ကြိုက်စားခွင့်မရှိပဲ
၁၀ လအထိ သားနေနိုင်လား ၊

၇။။ ၁၄ နာရီအကြာ
အသက်နဲ့ရင်းပြီး
နာကျင် ကိုက်ခဲတဲ့ဝေဒနာ
သားခံနိုင်မလား ၊

၈။။ ကိုယ့်နို့သီးခေါင်းကို
ကိုက်ရင်
နာပေမယ့် ၁၀ လအထိ အောင့်အည်းသီးခံနိူင်မလား ၊

၉။။ ချီးတွေ ၊ သေးတွေ ၊ အန်ဖတ်တွေ ၂ နှစ်တိုင်တိုင်
သားကကြုံးနိုင်မလား ၊

၁၀။။ ညညဆိုရင်လည်း
နှစ်နာရီတစ်ခါ
တစ်နှစ်လုံးလုံး
အိပ်ရေးပျက်ခံပြီးထနိုင်မလား ။

ကဲ..သား အဲဒီအချက်
၁၀ ချက် လိုက်နာလို့နိုင်မလား
တကယ်လို့ သားက
တစ်ချက်မကျန် လိုက်နာနိုင်ရင်
မေမေ့ကို ကြိုက်သလို
အာခံပြီး
ပြန်ပြောလို့နိုင်ပြီ”

သားဖြစ်သူက ခေတ္တမိိှုင်ပြီး
အတွေးတစ်ခုဝင်လာကာ

“ဟုတ်ကဲ့ဖေဖေ
သားနားလည်ပါပြီ
နောက်ဘယ်တော့မှ
မေမေ့ကိုရော ဖေဖေ့ကိုပါ
သားပြန်မပြောတော့ပါဘူးလို့
သားကတိပေးပါတယ်ဖေဖေ”

“ကဲ..သားလိမ္မာလေး
မေမေ့ကို ဝန်ချတောင်းပန်ပြီး
မာဖီ​တောင်​း……………….

သားလိမ္မာ
သမီးလိမ္မာလေးဖြစ်ကြပါစေ ။

Credit#

You may also like...