ဘဝင်မြင့်ရောဂါ







မယ်လို့ ဆုံးဖြတ်လိုက်တယ်…









ကမ္ဘာ့အဆင့်အတန်းအရှိဆုံး account ဖြစ်ရမယ်လို့ ဆုံးဖြတ်ထားတယ်

















Credit#

< Unicode Version >

ပိုက်ဆံလေးနည်းနည်းရှိလာတော့ တိုက်နေကြဆပ်ပြာတောင် ယားသလိုခံစားရတယ် သုံးနေကြ shampoo တွေဟာ

quality သိပ်မကောင်းတော့ဘူးလို့ တွေးမိတယ်….

စားနေကြ ၅၀တန် ဝက်သားဒုတ်ထိုးတောင် နံတယ်ထင်ပြီး ခုတွဲနေတဲ့ရည်းစားတောင် ရွံစရာကြီးလို့ထင်မိတာ..

အပေါစားတွေသုံးခဲ့မိတဲ့ ကိုယ့်ကိုကိုယ်ရှက်မိပြီး သူဌေးတွေနဲ့ပဲရွေးပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်..

ဖူးနေကြဘုရားတောင် သိပ်တန်ခိုးမကြီးတော့သလိုတွေးမိပြီး နိုင်ငံခြားကဘုရားပဲဖူးတော့မယ်လို့ ့ဆုံးဖြတ်လိုက်တယ်…

၂၀၀ထဲနဲ့ဆူးလေရောက်နိုင်တာကို အံ့အားတွေသင့်နေပြီး ညစာအတွက်ဆိုင်မထပ်အောင်ရွေးရတာကို ဒုက္ခတစ်ခုလိုမြင်မိတယ်…

ရုပ်ရှင်ကိုအပေါ်ထပ်ကကြည့်မှ ပိုကြည်တယ်လို့ခံယူပြီး လမ်းဘေးစာတွေကို နှာခေါင်းရှုံ့ပြီး ခပ်ဝေးဝေးက ရှောင်လာပြန်ရော…

အရင်လူတွေက ကိုယ့်ကိုအရင်လိုဆက်ဆံနေတာကို မသက်မသာခံစားမိတယ် ကိုယ့်ကိုတရိုတသေ လေးလေးစားစား

ဆက်ဆံသင့်တယ်လို့ တွေးမိတယ်..

တော်ရုံလူတွေရဲ့ comment တွေကို reply မပြန်တော့ဘူး အနေအထားတစ်ခုရှိတဲ့သူတွေကိုပဲ အဖက်လုပ်တော့မယ်လို့တွေးထားတယ်

ကို့ account ဟာ ကမ႓ာ့အဆင့်အတန်းအရှိဆုံး account ဖြစ်ရမယ်လို့ ဆုံးဖြတ်ထားတယ်

လူတွေရဲ့အနံ့ဟာ နံလာတယ် Brandedပစ္စည်းတွေရဲ့ အသစ်ရနံ့ကပိုမွှေးလာတယ် ကိုယ်တိုင်က သိပ်မလှဘူး သိပ်ပညာမတက်ဘူး

ဒါပေမယ့် တကိုယ်လုံးငွေကြောင့် တဖိတ်ဖိတ်တောက်နေတယ်လို့ ထင်မိတယ်..

fb မှာလာ add ရင် နောက်က ထရံကာ တွေပါရင် လက်မခံဖြစ်ဘူး ကိုယ့် acc ဟာ ခရိုနီနဲ့ cele များသာ ပြည့်နေစေရမယ်လို့ ခံယူထားတယ်…

cmt မှာ ဗရုတ်သုက္ခလာမန့်ရင် ကိုယ့်ကိုမလေးမစားလာပေါင်းတယ်လို့ ခံစားမိတယ် “မင်္ဂလာပါ အကို” “မင်္ဂလာပါ ညီလေးရေ”

“အရမ်းချောတယ်အမ” “ညီမလေးလည်း ရမ်းချော” “ကျေးဇူးပါ ညီမရေ” “ညီလေးလည်း အရမ်းချော” စတဲ့ အပေါ်ယံတွေကို ပိုကြိုက်လာတယ်

ကိုနဲ့ထိုက်တန်တဲ့ပတ်ဝန်းကျင်အသစ် မိတ်ဆွေအသစ် အသုံးအဆောင်ပစ္စည်းအသစ် လက်တွဲဖော်အသစ်တွေဟာ

ခုမှရောက်လာတာဆိုပြီးပျော်မိတယ်…

နှာစေး ခေါင်းကိုက်တာကို အရင်လို ဒီကိုလ်ဂျင်တွေမသောက်သင့်တော့ဘဲ Medical check up သွားလုပ်ဦးမှလို့ တွေးမိတယ် လူတွေဟာ

ငါ့လိုဘာ့ကြောင့်ကျန်းမာရေးကို ဂရုမစိုက်တာလဲလို့ စိတ်မသက်မသာတွေးမိတယ်

အဲလိုနဲ့ medical check up အဖြေရလာတော့ ဖတ်ကြည့်လိုက်တယ် “ဘဝင်မြင့်ရောဂါ” တဲ့ အရမ်းကျေနပ်သွားတယ် ဒီရောဂါနဲ့သေရင်တောင်

သေပျော်ပြီလေ။

ကဲ… ဘဝင်မြင့်ရောဂါသည်တွေအတွက် ရေးတင်လိုက်ပါသည်။

Credit#

You may also like...