ဝန္ထမ္းေလာက၌ ၾကံဳေတြ႕ေနရမည့္ အခ်က္မ်ား

၁။ အလုပ္လုပ္ေသာသူမ်ားအား အလုပ္မလုပ္ေသာသူမ်ားက အျမင္မၾကည္ၾကပါ။

၂။ အမွန္ေျပာသူမ်ားအားမွားေနသူမ်ားကမုန္းၾကသည္

၃။ စည္းကမ္းလုိက္နာသူမ်ားအား စည္းမဲ႕
ကမ္းမဲ႕ေနသူမ်ားက အျပစ္ရွာေျပာတတ္သည္။

၄။ အလုပ္မလုပ္ေလ စကားမ်ားမ်ားေျပာေလျဖစ္ျပီး အလုပ္လုပ္ေနသူမ်ားက စကားနည္းတတ္သည္။

၅။ အလုပ္လုပ္သူမ်ားသည္ အမွားမ်ားစြာၾကဳံရ၍ 
ဘာမွမလုပ္သူမ်ားက အျပစ္ကင္းတတ္ၾကသည္။

၆။ စည္းကမ္းတင္းက်ပ္ေသာ လူႀကီးမ်ားသည္ 
လူမုန္းမ်ား၍ ေနခ်င္သလုိေန၍ ရလ်ွင္ 
လူခ်စ္လူခင္မ်ားတတ္သည္။

၇။ စာရင္းဇယား မွတ္တမ္း ျပည့္စုံျပီး ဘာမွမလုပ္သူမ်ားကို လူႀကီးသေဘာက်၍ အလုပ္လုပ္ေန
ေသာ္လည္း စာရင္းဇယားမွတ္တမ္းမျပည့္စုံပါက 
အဆူခံရတတ္သည္။

၈။ အလုပ္မလုပ္ခ်င္သူမ်ားသည္ ဆင္ေျခမ်ားစြာ ေပးတတ္ျပီး မျငင္းတတ္သူမ်ားသည္ အလုပ္အမ်ားဆုံး ေပးျခင္းခံရတတ္သည္။

၉။ ခံစားခြင့္ရခ်င္သူမ်ားသည္ အေပးအကမ္း 
ရက္ေရာတတ္ျပီး ခံယူခ်က္မွန္သူမ်ားသည္ 
အေပးအကမ္းနည္းတတ္သည္။

၁၀။ ျမင္ျမင္သမ်ွ ေျပာဆုိဆုံးမတတ္သူမ်ားကုိ 
ဝန္ထမ္းမ်ားေရွာင္တတ္ျပီး မသိခ်င္ေယာင္ေဆာင္ျပီး အမုန္းမခံသူမ်ားသည္ ဝန္ထမ္းမ်ား 
ဝုိင္းဝုိင္းလည္ေနတတ္သည္။

၁၁။ မိမိအက်ိဳးေမ်ွာ္သူမ်ားသည္ တပည့္ေမြးတတ္ျပီး တပည့္မ်ားအက်ိဳး ၾကည့္တတ္သူမ်ားသည္ ေက်ာသားရင္သားမခြဲျခား ေျပာဆုိတတ္သည္။

၁၂။ မဟုတ္တာလုပ္သူမ်ားသည္ လူၾကီးမ်ားကုိ
ေၾကာက္ေနတတ္ျပီး အမွန္အလုပ္လုပ္ေနသူမ်ားက လူၾကီးမ်ားကုိ တင္ျပေဆြးေႏြးတတ္ၾကသည္။

၁၃။ တပည့္မ်ားကုိ ဆုံးမေလ့ရွိသူမ်ားသည္ ကုိယ္တုိင္လည္း စည္းကမ္းလုိက္နာတတ္ၾကျပီး စည္းကမ္းမလုိက္နာသူမ်ားက တပည့္မ်ားအား သိပ္မဆုံးမတတ္ေပ။

၁၄။ အက်င့္ပ်က္ေနသူမ်ားသည္ လူႀကီးေျပာသမ်ွ
ျငိမ္ခံေနတတ္ျပီး အလုပ္ၾကိဳးစားေနသူမ်ားက 
လူႀကီးနွင့္ အေျခအတင္ ျဖစ္တတ္သည္။

Credit-ဘဝကိုျမင့္မာေစမည့္ အေတြးအေခၚမ်ား

< Unicode Version >

ဝန်ထမ်းလောက၌ ကြုံတွေ့နေရမည့် အချက်များ

၁။ အလုပ်လုပ်သောသူများအား အလုပ်မလုပ်သောသူများက အမြင်မကြည်ကြပါ။

၂။ အမှန်ပြောသူများအားမှားနေသူများကမုန်းကြသည်

၃။ စည်းကမ်းလိုက်နာသူများအား စည်းမဲ့
ကမ်းမဲ့နေသူများက အပြစ်ရှာပြောတတ်သည်။

၄။ အလုပ်မလုပ်လေ စကားများများပြောလေဖြစ်ပြီး အလုပ်လုပ်နေသူများက စကားနည်းတတ်သည်။

၅။ အလုပ်လုပ်သူများသည် အမှားများစွာကြုံရ၍
ဘာမှမလုပ်သူများက အပြစ်ကင်းတတ်ကြသည်။

၆။ စည်းကမ်းတင်းကျပ်သော လူကြီးများသည်
လူမုန်းများ၍ နေချင်သလိုနေ၍ ရလျှင်
လူချစ်လူခင်များတတ်သည်။

၇။ စာရင်းဇယား မှတ်တမ်း ပြည့်စုံပြီး ဘာမှမလုပ်သူများကို လူကြီးသဘောကျ၍ အလုပ်လုပ်နေ
သော်လည်း စာရင်းဇယားမှတ်တမ်းမပြည့်စုံပါက
အဆူခံရတတ်သည်။

၈။ အလုပ်မလုပ်ချင်သူများသည် ဆင်ခြေများစွာ ပေးတတ်ပြီး မငြင်းတတ်သူများသည် အလုပ်အများဆုံး ပေးခြင်းခံရတတ်သည်။

၉။ ခံစားခွင့်ရချင်သူများသည် အပေးအကမ်း
ရက်ရောတတ်ပြီး ခံယူချက်မှန်သူများသည်
အပေးအကမ်းနည်းတတ်သည်။

၁၀။ မြင်မြင်သမျှ ပြောဆိုဆုံးမတတ်သူများကို
ဝန်ထမ်းများရှောင်တတ်ပြီး မသိချင်ယောင်ဆောင်ပြီး အမုန်းမခံသူများသည် ဝန်ထမ်းများ
ဝိုင်းဝိုင်းလည်နေတတ်သည်။

၁၁။ မိမိအကျိုးမျှော်သူများသည် တပည့်မွေးတတ်ပြီး တပည့်များအကျိုး ကြည့်တတ်သူများသည် ကျောသားရင်သားမခွဲခြား ပြောဆိုတတ်သည်။

၁၂။ မဟုတ်တာလုပ်သူများသည် လူကြီးများကို
ကြောက်နေတတ်ပြီး အမှန်အလုပ်လုပ်နေသူများက လူကြီးများကို တင်ပြဆွေးနွေးတတ်ကြသည်။

၁၃။ တပည့်များကို ဆုံးမလေ့ရှိသူများသည် ကိုယ်တိုင်လည်း စည်းကမ်းလိုက်နာတတ်ကြပြီး စည်းကမ်းမလိုက်နာသူများက တပည့်များအား သိပ်မဆုံးမတတ်ပေ။

၁၄။ အကျင့်ပျက်နေသူများသည် လူကြီးပြောသမျှ
ငြိမ်ခံနေတတ်ပြီး အလုပ်ကြိုးစားနေသူများက
လူကြီးနှင့် အခြေအတင် ဖြစ်တတ်သည်။

Credit-ဘဝကိုမြင့်မာစေမည့် အတွေးအခေါ်များ

You may also like...