စာဖတ္တာ ေမ့သြားမယ့္တူတူ ဘာလုိ႕စာဖတ္ရတာလဲ

တစ္ေန႔မွာ ေျမးအဘိုးႏွစ္ေယာက္ ျမစ္ကမ္းေဘးမွာထိုင္ၿပီး စကားေျပာေနၾကတယ္။

ေျမးျဖစ္သူက အဘိုးကိုေမးတယ္…
“ဘိုးဘိုး… ဘိုးဘိုး ေန႔တိုင္းစာဖတ္တာ.. ဘယ္ေလာက္မွတ္မိသလဲ..။ ေမ့သြားမယ့္တူတူ ဘာလို႔ စာဖတ္ရတာလဲ”

အဘိုးက ေျမးကိုၿပံဳးျပၿပီးေျပာတယ္။
“ဟိုးနားက မီးေသြးထည့္တဲ့ ျခင္းၾကားသြားယူခဲ့ ငါ့ေျမး”

ေျမးက နားမလည္စြာနဲ႔ ညစ္ပတ္မည္းညစ္ေနတဲ့ ျခင္းၾကားကိုသြားယူခဲ့တယ္။

“ကဲ.. အဲဒီျခင္းၾကားနဲ႔ ျမစ္ထဲကေရကို ခပ္ခဲ့” လို႔ အဘိုးေျပာေတာ့ ေျမးက ပိုဇေဝဇဝါျဖစ္သြားေပမယ့္ အဘိုးေျပာသလို ျခင္းၾကားနဲ႔ ေရသြားခပ္ပါတယ္။

ျခင္းက ေရထည့္မရဘူးဆိုတာ ၾကည့္တာနဲ႔သိသာေနပါတယ္။ ေျမးက ျခင္းကို ေရထဲနစ္လိုက္တယ္… မ, လိုက္တယ္.. ေရတစ္စက္မွ ပါမလာခဲ့ဘူး။ အဘိုးသူ႔ကို ဘာလုပ္ခိုင္းမွန္း သူနားမလည္ျဖစ္ရတယ္။

အဘိုးက ထပ္စမ္းပါဦးလို႔ေျပာလို႔ သူလည္း ထပ္တလဲလဲ ျခင္းနဲ႔ေရခပ္ၾကည့္ေနလိုက္တယ္။ ဒါေပမယ့္ ေရတစ္စက္မွ မရခဲ့ဘူး။

အဲဒီအခ်ိန္က်မွ အဘိုးက “အဲဒီျခင္းကို ၾကည့္ၾကည့္ ငါ့ေျမး.. နဂိုကျခင္းနဲ႔ တူရဲ႕လား” လို႔ေမးတယ္။

နဂိုက ညစ္ပတ္ေနတဲ့ျခင္းဟာ ေရၾကည္ရဲ႕ေဆးေၾကာမႈေၾကာင့္ သန္႔႐ွင္းေနတာကို ေျမးျဖစ္သူက ေတြ႔လိုက္တယ္။

အဘိုးက ဆက္ေျပာပါတယ္…

“စာဖတ္တယ္ဆိုတာ ျခင္းၾကားနဲ႔ ေရခပ္ေနသလိုပါပဲ။ ေရေတြက ျခင္းအၾကားထဲ စီးဆင္းသြားၿပီး အျပင္ပန္းၾကည့္ရတာ ဘာမွမရလိုက္ဘူးဆိုေပမယ့္ မသိမသာနဲ႔ ျခင္းကို သူေဆးေၾကာေပးသြားပါတယ္။ စာဖတ္တယ္ဆိုတာလည္း ဒီျခင္းၾကားလိုပဲ လူေတြရဲ႕စိတ္ဝိညာဥ္ကို သန္႔႐ွင္းၾကည္လင္ေအာင္ ေဆးေၾကာေပးတာနဲ႔ အတူတူပါပဲ။”

ဒါဟာ စာဖတ္ျခင္းရဲ႕ အက်ဳိးရလဒ္ျဖစ္တယ္။ စာအုပ္တစ္အုပ္ဖတ္ၿပီးၿပီးခ်င္း အသိဉာဏ္ပညာေတြရလိုက္တယ္၊ စိတ္ဓာတ္ေတြ တိုးျမင့္လာတယ္ဆိုတာမ်ိဳးက မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္ စာအုပ္တစ္အုပ္ဖတ္ၿပီးတိုင္း မသိစိတ္ထဲကေန အသိတစ္ခုခုေတာ့ ရလိုက္တတ္တယ္။ အဲဒီအသိစိတ္က ကိုယ့္ကိုမသိမသာေျပာင္းလဲေနေစပါတယ္။

တရုတ္စာေရးဆရာတစ္ဦးက ေျပာတယ္..
“စာအုပ္ေပေကာင္းေတြ ကၽြန္ေတာ္တစ္ခါဖတ္တိုင္း သူတို႔က ကၽြန္ေတာ့္ကို ဆဲြေခၚသြားတတ္တယ္။ ကၽြန္ေတာ္ျပန္ေရာက္လာတဲ့အခါ ကၽြန္ေတာ္နဲ႔အတူ သူတို႔အၿမဲ႐ွိေနေတာ့တယ္” 

စာတစ္အုပ္ဖတ္ၿပီးတိုင္း စိတ္ဝိညာဥ္ကို တစ္ခါေဆးေၾကာတတ္တယ္။ ဖတ္ၿပီးသမွ်စာေတြ ေမ့ကုန္တယ္လို႔ ကၽြန္မတို႔ထင္တတ္ၾကတယ္။ တကယ္ေတာ့ သူဟာ ကၽြန္မတို႔ရဲ႕အသိဉာဏ္ထဲမွာ ကိန္းေအာင္းေနၿပီး ဘဝကိုျပဳျပင္ေျပာင္းလဲေနေစခဲ့ပါတယ္။

Credit#

< Unicode Version >

စာဖတ်တာ မေ့သွားမယ့်တူတူ ဘာလို့စာဖတ်ရတာလဲ

တစ်နေ့မှာ မြေးအဘိုးနှစ်ယောက် မြစ်ကမ်းဘေးမှာထိုင်ပြီး စကားပြောနေကြတယ်။

မြေးဖြစ်သူက အဘိုးကိုမေးတယ်…
“ဘိုးဘိုး… ဘိုးဘိုး နေ့တိုင်းစာဖတ်တာ.. ဘယ်လောက်မှတ်မိသလဲ..။ မေ့သွားမယ့်တူတူ ဘာလို့ စာဖတ်ရတာလဲ”

အဘိုးက မြေးကိုပြုံးပြပြီးပြောတယ်။
“ဟိုးနားက မီးသွေးထည့်တဲ့ ခြင်းကြားသွားယူခဲ့ ငါ့မြေး”

မြေးက နားမလည်စွာနဲ့ ညစ်ပတ်မည်းညစ်နေတဲ့ ခြင်းကြားကိုသွားယူခဲ့တယ်။

“ကဲ.. အဲဒီခြင်းကြားနဲ့ မြစ်ထဲကရေကို ခပ်ခဲ့” လို့ အဘိုးပြောတော့ မြေးက ပိုဇဝေဇဝါဖြစ်သွားပေမယ့် အဘိုးပြောသလို ခြင်းကြားနဲ့ ရေသွားခပ်ပါတယ်။

ခြင်းက ရေထည့်မရဘူးဆိုတာ ကြည့်တာနဲ့သိသာနေပါတယ်။ မြေးက ခြင်းကို ရေထဲနစ်လိုက်တယ်… မ, လိုက်တယ်.. ရေတစ်စက်မှ ပါမလာခဲ့ဘူး။ အဘိုးသူ့ကို ဘာလုပ်ခိုင်းမှန်း သူနားမလည်ဖြစ်ရတယ်။

အဘိုးက ထပ်စမ်းပါဦးလို့ပြောလို့ သူလည်း ထပ်တလဲလဲ ခြင်းနဲ့ရေခပ်ကြည့်နေလိုက်တယ်။ ဒါပေမယ့် ရေတစ်စက်မှ မရခဲ့ဘူး။

အဲဒီအချိန်ကျမှ အဘိုးက “အဲဒီခြင်းကို ကြည့်ကြည့် ငါ့မြေး.. နဂိုကခြင်းနဲ့ တူရဲ့လား” လို့မေးတယ်။

နဂိုက ညစ်ပတ်နေတဲ့ခြင်းဟာ ရေကြည်ရဲ့ဆေးကြောမှုကြောင့် သန့်ရှင်းနေတာကို မြေးဖြစ်သူက တွေ့လိုက်တယ်။

အဘိုးက ဆက်ပြောပါတယ်…

“စာဖတ်တယ်ဆိုတာ ခြင်းကြားနဲ့ ရေခပ်နေသလိုပါပဲ။ ရေတွေက ခြင်းအကြားထဲ စီးဆင်းသွားပြီး အပြင်ပန်းကြည့်ရတာ ဘာမှမရလိုက်ဘူးဆိုပေမယ့် မသိမသာနဲ့ ခြင်းကို သူဆေးကြောပေးသွားပါတယ်။ စာဖတ်တယ်ဆိုတာလည်း ဒီခြင်းကြားလိုပဲ လူတွေရဲ့စိတ်ဝိညာဉ်ကို သန့်ရှင်းကြည်လင်အောင် ဆေးကြောပေးတာနဲ့ အတူတူပါပဲ။”

ဒါဟာ စာဖတ်ခြင်းရဲ့ အကျိုးရလဒ်ဖြစ်တယ်။ စာအုပ်တစ်အုပ်ဖတ်ပြီးပြီးချင်း အသိဉာဏ်ပညာတွေရလိုက်တယ်၊ စိတ်ဓာတ်တွေ တိုးမြင့်လာတယ်ဆိုတာမျိုးက မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် စာအုပ်တစ်အုပ်ဖတ်ပြီးတိုင်း မသိစိတ်ထဲကနေ အသိတစ်ခုခုတော့ ရလိုက်တတ်တယ်။ အဲဒီအသိစိတ်က ကိုယ့်ကိုမသိမသာပြောင်းလဲနေစေပါတယ်။

တရုတ်စာရေးဆရာတစ်ဦးက ပြောတယ်..
“စာအုပ်ပေကောင်းတွေ ကျွန်တော်တစ်ခါဖတ်တိုင်း သူတို့က ကျွန်တော့်ကို ဆွဲခေါ်သွားတတ်တယ်။ ကျွန်တော်ပြန်ရောက်လာတဲ့အခါ ကျွန်တော်နဲ့အတူ သူတို့အမြဲရှိနေတော့တယ်”

စာတစ်အုပ်ဖတ်ပြီးတိုင်း စိတ်ဝိညာဉ်ကို တစ်ခါဆေးကြောတတ်တယ်။ ဖတ်ပြီးသမျှစာတွေ မေ့ကုန်တယ်လို့ ကျွန်မတို့ထင်တတ်ကြတယ်။ တကယ်တော့ သူဟာ ကျွန်မတို့ရဲ့အသိဉာဏ်ထဲမှာ ကိန်းအောင်းနေပြီး ဘဝကိုပြုပြင်ပြောင်းလဲနေစေခဲ့ပါတယ်။

.. Credit … နိုင်းနိုင်းစနေ …

You may also like...