ပညာ၏တန္ဖိုး

အာဖရိကတိုက္ရဲ႕ အေရွ႕ေတာင္ဘက္မွာ လူဦးေရ သန္း ၂၀ ေလာက္ပဲ ရွိတဲ့ မာလာဝီ (Malawi) ဆိုတဲ့ ႏိုင္ငံေလးရွိတယ္..

ျမန္မာႏိုင္ငံရဲ႕ ၂၀၁၇ ခုႏွစ္ လူတစ္ဦးခ်င္းရဲ႕ GDP (Nominal) က $ 1,490 ရွိတယ္..

Malawi ရဲ႕ ၂၀၁၇ ခုႏွစ္ လူတစ္ဦးခ်င္းရဲ႕ GDP (Nominal) က $331 ပဲ ရွိတယ္..

ဒါဆို Malawi ရဲ႕ စီးပြားေရးကို မွန္းလို႔ရၿပီေပါ့..

အဲဒီလို ဆင္းရဲပါတယ္ ဆိုတဲ့ Malawi မွာ ၂၀၀၁ ခုႏွစ္ က်ေတာ့ မိုးေတြ သဲႀကီးမဲႀကီး ရြာတယ္.. ေရႀကီးၿပီး ရွိစု မဲ့စု စိုက္ခင္းေလးေတြ ပ်က္.. စိုက္ပ်ိဳးလို႔ မရ..

မိုးရပ္သြားတဲ့အခါက် လံုးဝ မရြာေတာ့ဘဲ ေျမႀကီးေတြ ပက္ၾကားအက္ၿပီး ဘာအပင္မွ စိုက္လို႔ မရျပန္..

လူေတြ အေျခခံ စားဖို႔ ဂ်ံဳစပါးေတြ မရွိေတာ့ဘဲ အငတ္ေဘးနဲ႔ ၾကံဳၾကရတယ္..

William Kamkwamba ဆိုတဲ့ ၁၄ ႏွစ္ အရြယ္ ေကာင္ေလး တေယာက္ရဲ႕ အိမ္မွာလည္း စားစရာ မရွိလို႔ မိသားစုဟာ တေန႔ တနပ္ကိုေတာင္ နည္းနည္းပဲ အခ်ိဳးက် စားၾကရတယ္..

William ရဲ႕ အေဖနဲ႔ အေမက ကိုယ္တိုင္က လယ္လုပ္ၾကေပမယ့္ သားသမီးေတြကိုေတာ့ ေက်ာင္းတက္ေစခ်င္တယ္..

ပိုက္ဆံစုၿပီး William ကို ေက်ာင္းထားေပမယ့္ အငတ္ေဘးနဲ႔ ၾကံဳ၊ သီးႏွံေတြ ပ်က္ၿပီး အရံႈးေပၚေတာ့ William ကို ေက်ာင္းဆက္မထားႏိုင္..

William ကို ေက်ာင္းလခ မေပးႏိုင္ေတာ့ ေက်ာင္းအုပ္က ေက်ာင္းထုတ္..

William က ေက်ာင္းကို ဆက္ၿပီး ခိုးသြားေသးတယ္..

မိေတာ့ ဆက္မလာခိုင္းဘူး..

အဲဒါကို William က ေက်ာင္းစာၾကည့္တိုက္ ဆရာမကို အတင္း ေတာင္းပန္ၿပီး စာၾကည့္တိုက္ကို ေပးလာၿပီး စာၾကည့္တိုက္မွာပဲ ရွိတဲ့ စာအုပ္ေတြကို သူ႔ဖာသူ ေလ့လာဖို႔ ခြင့္ေတာင္းတယ္.. ဆရာမက ခြင့္ျပဳတယ္..

Malawi မွာ မိုးေခါင္ေရရွားျဖစ္ေတာ့ လူအမ်ားစုက မိုးနတ္မင္းကို ကန္ေတာ့ၿပီး မိုးေခၚတယ္..

William ရဲ႕ အေဖကေတာ့ မိုးနတ္ကို မပူေဇာ္ပဲ ပက္ၾကားအက္ေနတဲ့ သူ႔ လယ္ေျမမွာ မရြာေသးတဲ့ မိုး ေမွ်ာ္ရင္း ေခါင္းမာမာနဲ႔ ႀကိဳးႀကိဳးစားစား ဆက္လက္ ထြန္ယက္တယ္..

ပက္ၾကားအက္ေျမမွာ ဘယ္ေလာက္ပဲ ဇြဲနဲ႔ ထြန္ယက္ေပမယ့္ သီးႏွံေတြ ဘယ္ ထြက္ပါ့မလဲ.. ပင္ပန္းရံုပဲ ရွိတာေပါ့..

၁၄ ႏွစ္သား William ကေတာ့ သူ႔ ေက်ာင္း စာၾကည့္တိုက္ထဲက “Using Energy” စာအုပ္ကို အရမ္း စိတ္ဝင္စားတယ္.. ဖတ္တယ္..

သူ စိတ္ကူးေနတာက ေလအားကို သံုးၿပီး ဒိုင္နမိုနဲ႔ လွ်ပ္စစ္မီးထုတ္မယ္.. လွ်ပ္စစ္နဲ႔ ေရတြင္းထဲက ေရကို စုပ္ယူၿပီး လယ္ေတာထဲ သြယ္မယ္.. ၁၄ ႏွစ္သား William ရဲ႕ စိတ္ကူး..

ဒါေပမယ့္ ေလအားယူဖို႔ ေလဒလက္ တည္ေဆာက္ဖို႔ လိုေနတဲ့ ပစၥည္းေတြကို ဘယ္ဝယ္ႏိုင္မွာလဲ.. လူေတြ မသံုးေတာ့တဲ့ ပစၥည္းေတြ၊ ကိုယ့္ ပတ္ဝန္းက်င္မွာ ပိုက္ဆံ မေပးရဘဲ ရႏိုင္တဲ့ ပစၥည္းေတြထဲကပဲ အသံုးဝင္မယ့္ဟာေတြ ရွာရတာေပါ့..

အဲဒီမွာ သူတို႔ မိသားစု ခ်မ္းသာသမွ်ေတြထဲက လက္က်န္ပစၥည္းေလးျဖစ္တဲ့ စက္ဘီးကို သူ႔အေဖဆီက ေတာင္းတယ္.. စက္ဘီးကို ဖ်က္ခ်ၿပီး စက္ဘီးေဂြနဲ႔ ခ်ိန္းႀကိဳးကို ျဖဳတ္ၿပီး ဒလက္မွာ တပ္ဖို႔..

သူ႔အေဖက မင္း ႐ူးေနလားေပါ့.. ဒလက္နဲ႔ လွ်ပ္စစ္ထုတ္ၿပီး ေရ ရေအာင္ ယူမယ္ဆိုတာ.. ငါ့ စက္ဘီးေတာ့ အဖ်က္ မခံႏိုင္ဘူး.. မင္းလည္း ႐ူးေၾကာင္မူးေၾကာင္ေတြ ဆက္ မလုပ္ေတာ့ဘဲ ငါနဲ႔အတူ မနက္လင္းတာနဲ႔ လယ္ထဲဆင္းၿပီး ေျမေပါက္ရမယ္တဲ့..

အဲဒီမွာ William ရဲ႕ အေမက ၾကားက အတင္း ဝင္ေျပာေပးၿပီး စက္ဘီးကို သံုးခြင့္ေပးဖို႔ ေျပာတယ္.. ဒီထက္လည္း ဆက္ ဆံုးရံႈးစရာ မရွိေတာ့ဘူးေလ..

အဲဒီမွာ ၁၄ ႏွစ္သား William ဟာ ေဘးပတ္ဝန္းက်င္က အသံုးမလိုေတာ့တဲ့ ပစၥည္းအေဟာင္းေတြကို ရွာသံုးၿပီး ၃၉ ေပ ျမင့္တဲ့ ေလဒလက္ တည္ေဆာက္ၿပီး လွ်ပ္စစ္ထုတ္ႏိုင္ခဲ့တယ္.. အဲဒီ လွ်ပ္စစ္နဲ႔ ေျမႀကီးထဲက ေရကို စုပ္ၿပီး သူ႔ အေဖ စိုက္ခင္းကို ေရသြယ္ ေပးႏိုင္ခဲ့တယ္..

အဲဒီေနာက္ ေနာက္ထပ္ ေလဒလက္ေတြ တပ္ဆင္ေပးၿပီး အငတ္ေဘးနဲ႔ လေပါင္းမ်ားစြာ ၾကံဳခဲ့ရတဲ့ သူ႔ရြာေလးကို ကယ္တင္ႏိုင္ခဲ့တယ္..

လူအမ်ားစုက နတ္ေတြကို ပူေဇာ္ပသၿပီး မိုးေခၚတယ္.. မိုး မရြာခဲ့ဘူး..

William ရဲ႕ အေဖကေတာ့ မိုးနတ္ မေခၚဘူး.. ပက္ၾကားအက္ေနတဲ့ ေျမေပၚမွာ မိုးေမွ်ာ္ရင္း ပင္ပင္ပန္းပန္း ေပါက္တူးေပါက္ၿပီး စိုက္ပ်ိဳးတယ္.. ဘာ သီးႏွံမွ မျဖစ္ထြန္းသလို မိုးလဲ မရြာခဲ့ဘူး..

၁၄ ႏွစ္သား William ကေတာ့ စာၾကည့္တိုက္ထဲက စာအုပ္ကို ႀကိဳးႀကိဳးစားစား ေလ့လာ ဖတ္ၿပီး ပက္ၾကားအက္ေနတဲ့ ေျမသားေတြေပၚကို ေရရေအာင္ ပညာကို သံုးၿပီး လုပ္ေပးႏိုင္ခဲ့တယ္..

ပညာမွာ တန္ဖိုးရွိတယ္..

ပညာမွာ တန္ခိုးရွိတယ္..

*Inspired by “The Boy Who Harnessed The Wind”

Credit: Moe Thu

< Unicode Version >

အာဖရိကတိုက်ရဲ့ အရှေ့တောင်ဘက်မှာ လူဦးရေ သန်း ၂၀ လောက်ပဲ ရှိတဲ့ မာလာဝီ (Malawi) ဆိုတဲ့ နိုင်ငံလေးရှိတယ်..

မြန်မာနိုင်ငံရဲ့ ၂၀၁၇ ခုနှစ် လူတဦးချင်းရဲ့ GDP (Nominal) က $ 1,490 ရှိတယ်..

Malawi ရဲ့ ၂၀၁၇ ခုနှစ် လူတဦးချင်းရဲ့ GDP (Nominal) က $331 ပဲ ရှိတယ်..

ဒါဆို Malawi ရဲ့ စီးပွားရေးကို မှန်းလို့ရပြီပေါ့..

အဲဒီလို ဆင်းရဲပါတယ် ဆိုတဲ့ Malawi မှာ ၂၀၀၁ ခုနှစ် ကျတော့ မိုးတွေ သဲကြီးမဲကြီး ရွာတယ်.. ရေကြီးပြီး ရှိစု မဲ့စု စိုက်ခင်းလေးတွေ ပျက်.. စိုက်ပျိုးလို့ မရ..

မိုးရပ်သွားတဲ့အခါကျ လုံးဝ မရွာတော့ဘဲ မြေကြီးတွေ ပက်ကြားအက်ပြီး ဘာအပင်မှ စိုက်လို့ မရပြန်..

လူတွေ အခြေခံ စားဖို့ ဂျုံစပါးတွေ မရှိတော့ဘဲ အငတ်ဘေးနဲ့ ကြံုကြရတယ်..

William Kamkwamba ဆိုတဲ့ ၁၄ နှစ် အရွယ် ကောင်လေး တယောက်ရဲ့ အိမ်မှာလည်း စားစရာ မရှိလို့ မိသားစုဟာ တနေ့ တနပ်ကိုတောင် နည်းနည်းပဲ အချိုးကျ စားကြရတယ်..

William ရဲ့ အဖေနဲ့ အမေက ကိုယ်တိုင်က လယ်လုပ်ကြပေမယ့် သားသမီးတွေကိုတော့ ကျောင်းတက်စေချင်တယ်..

ပိုက်ဆံစုပြီး William ကို ကျောင်းထားပေမယ့် အငတ်ဘေးနဲ့ ကြံု၊ သီးနှံတွေ ပျက်ပြီး အရှုံးပေါ်တော့ William ကို ကျောင်းဆက်မထားနိုင်..

William ကို ကျောင်းလခ မပေးနိုင်တော့ ကျောင်းအုပ်က ကျောင်းထုတ်..

William က ကျောင်းကို ဆက်ပြီး ခိုးသွားသေးတယ်..

မိတော့ ဆက်မလာခိုင်းဘူး..

အဲဒါကို William က ကျောင်းစာကြည့်တိုက် ဆရာမကို အတင်း တောင်းပန်ပြီး စာကြည့်တိုက်ကို ပေးလာပြီး စာကြည့်တိုက်မှာပဲ ရှိတဲ့ စာအုပ်တွေကို သူ့ဖာသူ လေ့လာဖို့ ခွင့်တောင်းတယ်.. ဆရာမက ခွင့်ပြုတယ်..

Malawi မှာ မိုးခေါင်ရေရှားဖြစ်တော့ လူအများစုက မိုးနတ်မင်းကို ကန်တော့ပြီး မိုးခေါ်တယ်..

William ရဲ့ အဖေကတော့ မိုးနတ်ကို မပူဇော်ပဲ ပက်ကြားအက်နေတဲ့ သူ့ လယ်မြေမှာ မရွာသေးတဲ့ မိုး မျှော်ရင်း ခေါင်းမာမာနဲ့ ကြိုးကြိုးစားစား ဆက်လက် ထွန်ယက်တယ်..

ပက်ကြားအက်မြေမှာ ဘယ်လောက်ပဲ ဇွဲနဲ့ ထွန်ယက်ပေမယ့် သီးနှံတွေ ဘယ် ထွက်ပါ့မလဲ.. ပင်ပန်းရုံပဲ ရှိတာပေါ့..

၁၄ နှစ်သား William ကတော့ သူ့ ကျောင်း စာကြည့်တိုက်ထဲက “Using Energy” စာအုပ်ကို အရမ်း စိတ်ဝင်စားတယ်.. ဖတ်တယ်..

သူ စိတ်ကူးနေတာက လေအားကို သုံးပြီး ဒိုင်နမိုနဲ့ လျှပ်စစ်မီးထုတ်မယ်.. လျှပ်စစ်နဲ့ ရေတွင်းထဲက ရေကို စုပ်ယူပြီး လယ်တောထဲ သွယ်မယ်.. ၁၄ နှစ်သား William ရဲ့ စိတ်ကူး..

ဒါပေမယ့် လေအားယူဖို့ လေဒလက် တည်ဆောက်ဖို့ လိုနေတဲ့ ပစ္စည်းတွေကို ဘယ်ဝယ်နိုင်မှာလဲ.. လူတွေ မသုံးတော့တဲ့ ပစ္စည်းတွေ၊ ကိုယ့် ပတ်ဝန်းကျင်မှာ ပိုက်ဆံ မပေးရဘဲ ရနိုင်တဲ့ ပစ္စည်းတွေထဲကပဲ အသုံးဝင်မယ့်ဟာတွေ ရှာရတာပေါ့..

အဲဒီမှာ သူတို့ မိသားစု ချမ်းသာသမျှတွေထဲက လက်ကျန်ပစ္စည်းလေးဖြစ်တဲ့ စက်ဘီးကို သူ့အဖေဆီက တောင်းတယ်.. စက်ဘီးကို ဖျက်ချပြီး စက်ဘီးဂွေနဲ့ ချိန်းကြိုးကို ဖြုတ်ပြီး ဒလက်မှာ တပ်ဖို့..

သူ့အဖေက မင်း ရူးနေလားပေါ့.. ဒလက်နဲ့ လျှပ်စစ်ထုတ်ပြီး ရေ ရအောင် ယူမယ်ဆိုတာ.. ငါ့ စက်ဘီးတော့ အဖျက် မခံနိုင်ဘူး.. မင်းလည်း ရူးကြောင်မူးကြောင်တွေ ဆက် မလုပ်တော့ဘဲ ငါနဲ့အတူ မနက်လင်းတာနဲ့ လယ်ထဲဆင်းပြီး မြေပေါက်ရမယ်တဲ့..

အဲဒီမှာ William ရဲ့ အမေက ကြားက အတင်း ဝင်ပြောပေးပြီး စက်ဘီးကို သုံးခွင့်ပေးဖို့ ပြောတယ်.. ဒီထက်လည်း ဆက် ဆုံးရှုံးစရာ မရှိတော့ဘူးလေ..

အဲဒီမှာ ၁၄ နှစ်သား William ဟာ ဘေးပတ်ဝန်းကျင်က အသုံးမလိုတော့တဲ့ ပစ္စည်းအဟောင်းတွေကို ရှာသုံးပြီး ၃၉ ပေ မြင့်တဲ့ လေဒလက် တည်ဆောက်ပြီး လျှပ်စစ်ထုတ်နိုင်ခဲ့တယ်.. အဲဒီ လျှပ်စစ်နဲ့ မြေကြီးထဲက ရေကို စုပ်ပြီး သူ့ အဖေ စိုက်ခင်းကို ရေသွယ် ပေးနိုင်ခဲ့တယ်..

အဲဒီနောက် နောက်ထပ် လေဒလက်တွေ တပ်ဆင်ပေးပြီး အငတ်ဘေးနဲ့ လပေါင်းများစွာ ကြံုခဲ့ရတဲ့ သူ့ရွာလေးကို ကယ်တင်နိုင်ခဲ့တယ်..

လူအများစုက နတ်တွေကို ပူဇော်ပသပြီး မိုးခေါ်တယ်.. မိုး မရွာခဲ့ဘူး..

William ရဲ့ အဖေကတော့ မိုးနတ် မခေါ်ဘူး.. ပက်ကြားအက်နေတဲ့ မြေပေါ်မှာ မိုးမျှော်ရင်း ပင်ပင်ပန်းပန်း ပေါက်တူးပေါက်ပြီး စိုက်ပျိုးတယ်.. ဘာ သီးနှံမှ မဖြစ်ထွန်းသလို မိုးလဲ မရွာခဲ့ဘူး..

၁၄ နှစ်သား William ကတော့ စာကြည့်တိုက်ထဲက စာအုပ်ကို ကြိုးကြိုးစားစား လေ့လာ ဖတ်ပြီး ပက်ကြားအက်နေတဲ့ မြေသားတွေပေါ်ကို ရေရအောင် ပညာကို သုံးပြီး လုပ်ပေးနိုင်ခဲ့တယ်..

ပညာမှာ တန်ဖိုးရှိတယ်..

ပညာမှာ တန်ခိုးရှိတယ်..

*Inspired by “The Boy Who Harnessed The Wind”

Credit: Moe Thu

You may also like...