ဘ၀မွာအေရးၾကီးဆံုးအရာမ်ား

တစ္ေန႔ေတာ႔ ဆရာတစ္ေယာက္ဟာ ေရကရားတစ္ခုကို
စာသင္ခန္းထဲယူလာျပီး သူ႔တပည္႔ေတြကိုျပလိုက္ပါတယ္။
ျပီးေတာ႔ ေက်ာက္ခဲေတြကိုယူျပီး ေရကရားထဲထည္႔လိုက္ပါတယ္။
ေရကရားလည္း တစ္၀က္နီးပါးေလာက္ျပည္႔သြားပါတယ္။
.
ထုိ႔ေနာက္ ေက်ာက္စရစ္ခဲေသးေသးေလးေတြကို
ဘူးနဲ႔ထည္႔ယူလာျပီးေ ရကရားထဲကိုေလာင္းခ်ျပလိုက္ပါတယ္။
ေရကရားလည္း ျပည္႔လုနီးပါးျဖစ္သြားပါတယ္။
.
ေနာက္ဆံုးတစ္ၾကိမ္မွာေတာ႔ သဲေတြယူလာျပီး
ထပ္မံေလာင္းထည္႔လိုက္ရာ
သဲေတြဟာ ေက်ာက္ခဲေတြၾကားထဲစိမ္႔၀င္ျပီး
ေရကရားလည္း ျပည္႔သြားပါေတာ႔တယ္။
.
ဆရာက ေက်ာင္းသားမ်ားအား ျပည္႔ေနေသာ ေရကရားအားျပလိုက္ျပီး
” တပည္႔တို႔ ပထမဆံုးထည္႔လိုက္တဲ႔ေက်ာက္ခဲေတြကို
ဘ၀မွာအေရးၾကီးဆံုးအရာေတြလို႔သေဘာထားလိုက္
ဥပမာ – မိသားစု၊ လက္တြဲေဖာ္၊ က်န္းမာေရး အစရွိတာေတြေပါ႔။
ဒုတိယထည္႔လိုက္တဲ႔ ေက်ာက္စရစ္ခဲေသးေသးေတြကိုေတာ႔
ဒုတိယအေရးၾကီးဆံုးအရာေတြလို႔သတ္မွတ္လိုက္။
ဥပမာ – အလုပ္၊ အိမ္၊ ကား စတာေတြေပါ႔။
.
ျပီးေတာ႔ဆရာက ဆက္ေျပာပါတယ္။
” ေနာက္ဆံုးထည္႔လိုက္တဲ႔ သဲေတြကေတာ႔ ဘ၀မွာအေရးမပါတဲအရာေတြ၊
မလုပ္လည္းျဖစ္တဲ႔အရာေတြ၊မရွိလည္းျဖစ္တဲ႔အရာေတြေပါ႔။
ေရကရားထဲကို သဲေတြကိုအရင္ေရကရားထဲေလာင္းထည္႔လိုက္မယ္ဆိုရင္
ေက်ာက္ခဲတို႔၊ ေက်ာက္စရစ္ခဲတို႔ အျပည္႔အ၀ထည္႔လို႔ရမွာမဟုတ္ေတာ႔ဘူး။
ဒီလိုပဲ တပည္႔တို႔ဘ၀မွာလည္း အေရးမၾကီးတဲ႔အရာေတြအတြက္
အခ်ိန္ကုန္ခံေနမယ္ဆိုရင္ ဘ၀အတြက္အေရးပါတဲ႔အရာေတြအတြက္
အခ်ိန္မရွိပဲ၊ အခ်ိန္မေပးႏိုင္ပဲ ျဖစ္သြားလိမ္႔မယ္။
မိသားစုကိုဦးစားေပးပါ။
လက္တြဲေဖာ္နဲ႔ေပ်ာ္စရာအမွတ္တရေတြဖန္တီးပါ။
အလုပ္ကိုၾကိဳးစားပါ။
ေက်ာက္ခဲေတြ၊ ေက်ာက္စရစ္ခဲေတြကိုသာအရင္ထည္႔ပါ။ 
ဘယ္ေတာ႔မွ သဲေတြအရင္မထည္႔မိၾကေစနဲ႔” 
ဘာသာျပန္
လင္းထက္ေမာ္

Credit#

< Unicode Version >

တစ်နေ့တော့ ဆရာတစ်ယောက်ဟာ ရေကရားတစ်ခုကို
စာသင်ခန်းထဲယူလာပြီး သူ့တပည့်တွေကိုပြလိုက်ပါတယ်။
ပြီးတော့ ကျောက်ခဲတွေကိုယူပြီး ရေကရားထဲထည့်လိုက်ပါတယ်။
ရေကရားလည်း တစ်ဝက်နီးပါးလောက်ပြည့်သွားပါတယ်။
.
ထို့နောက် ကျောက်စရစ်ခဲသေးသေးလေးတွေကို
ဘူးနဲ့ထည့်ယူလာပြီးေ ရကရားထဲကိုလောင်းချပြလိုက်ပါတယ်။
ရေကရားလည်း ပြည့်လုနီးပါးဖြစ်သွားပါတယ်။
.
နောက်ဆုံးတစ်ကြိမ်မှာတော့ သဲတွေယူလာပြီး
ထပ်မံလောင်းထည့်လိုက်ရာ
သဲတွေဟာ ကျောက်ခဲတွေကြားထဲစိမ့်ဝင်ပြီး
ရေကရားလည်း ပြည့်သွားပါတော့တယ်။
.
ဆရာက ကျောင်းသားများအား ပြည့်နေသော ရေကရားအားပြလိုက်ပြီး
” တပည့်တို့ ပထမဆုံးထည့်လိုက်တဲ့ကျောက်ခဲတွေကို
ဘဝမှာအရေးကြီးဆုံးအရာတွေလို့သဘောထားလိုက်
ဥပမာ – မိသားစု၊ လက်တွဲဖော်၊ ကျန်းမာရေး အစရှိတာတွေပေါ့။
ဒုတိယထည့်လိုက်တဲ့ ကျောက်စရစ်ခဲသေးသေးတွေကိုတော့
ဒုတိယအရေးကြီးဆုံးအရာတွေလို့သတ်မှတ်လိုက်။
ဥပမာ – အလုပ်၊ အိမ်၊ ကား စတာတွေပေါ့။
.
ပြီးတော့ဆရာက ဆက်ပြောပါတယ်။
” နောက်ဆုံးထည့်လိုက်တဲ့ သဲတွေကတော့ ဘဝမှာအရေးမပါတဲအရာတွေ၊
မလုပ်လည်းဖြစ်တဲ့အရာတွေ၊မရှိလည်းဖြစ်တဲ့အရာတွေပေါ့။
ရေကရားထဲကို သဲတွေကိုအရင်ရေကရားထဲလောင်းထည့်လိုက်မယ်ဆိုရင်
ကျောက်ခဲတို့၊ ကျောက်စရစ်ခဲတို့ အပြည့်အဝထည့်လို့ရမှာမဟုတ်တော့ဘူး။
ဒီလိုပဲ တပည့်တို့ဘဝမှာလည်း အရေးမကြီးတဲ့အရာတွေအတွက်
အချိန်ကုန်ခံနေမယ်ဆိုရင် ဘဝအတွက်အရေးပါတဲ့အရာတွေအတွက်
အချိန်မရှိပဲ၊ အချိန်မပေးနိုင်ပဲ ဖြစ်သွားလိမ့်မယ်။
မိသားစုကိုဦးစားပေးပါ။
လက်တွဲဖော်နဲ့ပျော်စရာအမှတ်တရတွေဖန်တီးပါ။
အလုပ်ကိုကြိုးစားပါ။
ကျောက်ခဲတွေ၊ ကျောက်စရစ်ခဲတွေကိုသာအရင်ထည့်ပါ။
ဘယ်တော့မှ သဲတွေအရင်မထည့်မိကြစေနဲ့”
ဘာသာပြန်
လင်းထက်မော်

You may also like...