ဘရုစ္စ္ စလီ (Bruce Lee) ေျပာခဲ့တဲ့ မွတ္သားစရာစကားမ်ား

“ကြ်န္ေတာ္ဟာ ကန္ခ်က္ ၁၀၀၀ ကုိ တစ္ၾကိမ္စီ ေလ့က်င့္ထားတဲ့သူကို မေၾကာက္ပါဘူး။

ဒါေပမယ့္ ကန္ခ်က္တစ္မ်ိဳးတည္းကုိ အၾကိမ္တစ္ေထာင္ေလ့က်င့္ထားတဲ့သူကုိေတာ့

ေၾကာက္တယ္”

သင္ခန္းစာ- ဟုိနည္းနည္း ဒီနည္းနည္းသိျပီး ဘာမွမထိေရာက္တာထက္စာရင္ တစ္ခုတည္းကုိ

ေသခ်ာႏွံ႔စပ္စြာ တတ္ေျမာက္တာကမွ

တကယ္ေလးစားဖြယ္ေကာင္းတာပါ။”ပန္းတုိင္ထားတယ္ဆုိတာ ေရာက္ကုိေရာက္ရမယ္လို႔

ဆုိလိုတာမဟုတ္ဘူး။ ပန္းတုိင္ထားတယ္ဆိုတာ တစ္ေနရာကုိသြားဖို႔ ဦးတည္ထားတဲ့သေဘာပဲ”

သင္ခန္းစာ- ေအာင္ျမင္မႈရဲ႕ပန္းတုိင္ဆုိတာ ျပီးဆံုးသြားတယ္လုိ႔ မရွိပါဘူး။ တစ္ေနရာေရာက္ရင္

ေနာက္တစ္ေနရာကုိ ထပ္သြားရဦးမွာပါ။”သိရံုနဲ႔ မလံုေလာက္ဘူး။ အသံုးခ်ရမယ္။

လုပ္ခ်င္စိတ္ရွိရံုနဲ႔ မလံုေလာက္ဘူး။ လုပ္ကုိလုပ္ရမယ္”

သင္ခန္းစာ- ေလ့လာျခင္းရဲ႕ ရည္ရြယ္ခ်က္က သိရံုပဲဆုိရင္ မလံုေလာက္နုိင္ေသးပါဘူး။

သိထားတာကုိ အသံုးခ်နုိင္ပါမွ ေလ့လာျခင္း အထေျမာက္ပါမယ္။

လုပ္ခ်င္စိတ္၊ ကုိင္ခ်င္စိတ္ ရွိရံုနဲ႔လည္း အလုပ္မျဖစ္ေသးပါဘူး။ လုပ္ခ်င္စိတ္ကုိ အရင္းခံျပီး

လုပ္နုိင္ရင္ေတာ့ ပုိမုိလြယ္ကူစြာ လုပ္ေဆာင္နုိင္ပါလိမ့္မယ္။”တစ္စံုတစ္ေယာက္ကသာ

မွားတယ္လုိ႔ ဝန္ခံရဲရင္ အဲဒီ့အမွားကလည္း ခြင့္လႊတ္ဖို႔ထုိက္ပါတယ္”

သင္ခန္းစာ- အမွားကုိဝန္မခံဘဲနဲ႔ ခြင့္လႊတ္တာခံဖို႔ မရပါဘူး။ အမွန္ကိုျပင္နုိင္ဖို႔လည္း မရပါဘူး။

“ရံႈးနိမ့္ျခင္းဆုိတာ စိတ္နဲ႔ပဲ ဆုိင္ပါတယ္။ အရံႈးျဖစ္ပါတယ္လို႔ လက္မခံသမွ်ေတာ့ ဘယ္သူမွ

မရံႈးပါဘူး”

သင္ခန္းစာ- သင့္စိတ္ထဲကသာ ရံႈးပါတယ္လုိ႔ လက္မခံမခ်င္း တစ္စံုတစ္ေယာက္က သင့္ကုိ

အနုိင္ယူလုိ႔မရပါဘူး။”ကုိယ့္ကုိယ္ကုိ အေမွာင္ထဲမွာ လမ္းေလွ်ာက္ေနတယ္လို႔

သတိမထားမိမခ်င္း သင္ဟာ အလင္းေရာင္ကုိေတြ႔ဖို႔ ၾကိဳးစားမွာမဟုတ္ဘူး”

သင္ခန္းစာ- သင္အမွားေတြလုပ္ေနတာကုိ မွားပါတယ္လုိ႔ မသိမခ်င္းေတာ့ အမွန္ျပင္နုိင္ဖို႔ သင္ၾကိဳး

စားမွာမဟုတ္ပါဘူး။”သာယာတဲ့ဘဝကုိ ရပါေစလို႔ ဆုေတာင္းရမွာ မဟုတ္ဘူး။ အခက္အခဲတုိင္းကုိ

ၾကံ႕ၾကံ႕ခံနုိင္တဲ့ ဘဝကုိရဖို႔ပဲ ဆုေတာင္းရမွာ”

သင္ခန္းစာ- လူအေတာ္မ်ားမ်ားဟာ လြယ္ကူတဲ့ဘဝကုိလုိအပ္ေပမယ့္ လက္ေတြ႔မွာေတာ့

ၾကမ္းတမ္းမႈဆုိတာကုိ အနည္းနဲ႔အမ်ား ၾကံဳရတာပါပဲ။

ဒီေတာ့ သင္ ေမွ်ာ္လင့္သင့္တာ လြယ္ကူတဲ့ဘဝမဟုုတ္ပါဘူး။ ခက္ခဲမႈေတြၾကံဳတဲ့အခါ ရင္ဆုိင္ရမယ့္

ခြန္အားေတြပါ။ 

(Focus Youth E-magazine)
Ref:MG

Credit#

< Unicode Version >

“ကျွန်တော်ဟာ ကန်ချက် ၁၀၀၀ ကို တစ်ကြိမ်စီ လေ့ကျင့်ထားတဲ့သူကို မကြောက်ပါဘူး။ ဒါပေမယ့် ကန်ချက်တစ်မျိုးတည်းကို

အကြိမ်တစ်ထောင်လေ့ကျင့်ထားတဲ့သူကိုတော့ ကြောက်တယ်”

သင်ခန်းစာ- ဟိုနည်းနည်း ဒီနည်းနည်းသိပြီး ဘာမှမထိရောက်တာထက်စာရင် တစ်ခုတည်းကို သေချာနှံ့စပ်စွာ တတ်မြောက်တာကမှ

တကယ်လေးစားဖွယ်ကောင်းတာပါ။

“ပန်းတိုင်ထားတယ်ဆိုတာ ရောက်ကိုရောက်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ပန်းတိုင်ထားတယ်ဆိုတာ တစ်နေရာကိုသွားဖို့ ဦးတည်ထားတဲ့သဘောပဲ”

သင်ခန်းစာ- အောင်မြင်မှုရဲ့ပန်းတိုင်ဆိုတာ ပြီးဆုံးသွားတယ်လို့ မရှိပါဘူး။ တစ်နေရာရောက်ရင် နောက်တစ်နေရာကို ထပ်သွားရဦးမှာပါ။

“သိရုံနဲ့ မလုံလောက်ဘူး။ အသုံးချရမယ်။ လုပ်ချင်စိတ်ရှိရုံနဲ့ မလုံလောက်ဘူး။ လုပ်ကိုလုပ်ရမယ်”

သင်ခန်းစာ- လေ့လာခြင်းရဲ့ ရည်ရွယ်ချက်က သိရုံပဲဆိုရင် မလုံလောက်နိုင်သေးပါဘူး။ သိထားတာကို အသုံးချနိုင်ပါမှ လေ့လာခြင်း အထမြောက်ပါမယ်။

လုပ်ချင်စိတ်၊ ကိုင်ချင်စိတ် ရှိရုံနဲ့လည်း အလုပ်မဖြစ်သေးပါဘူး။ လုပ်ချင်စိတ်ကို အရင်းခံပြီး လုပ်နိုင်ရင်တော့ ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။

“တစ်စုံတစ်ယောက်ကသာ မှားတယ်လို့ ဝန်ခံရဲရင် အဲဒီ့အမှားကလည်း ခွင့်လွှတ်ဖို့ထိုက်ပါတယ်”

သင်ခန်းစာ- အမှားကိုဝန်မခံဘဲနဲ့ ခွင့်လွှတ်တာခံဖို့ မရပါဘူး။ အမှန်ကိုပြင်နိုင်ဖို့လည်း မရပါဘူး။

“ရှုံးနိမ့်ခြင်းဆိုတာ စိတ်နဲ့ပဲ ဆိုင်ပါတယ်။ အရှုံးဖြစ်ပါတယ်လို့ လက်မခံသမျှတော့ ဘယ်သူမှ မရှုံးပါဘူး”

သင်ခန်းစာ- သင့်စိတ်ထဲကသာ ရှုံးပါတယ်လို့ လက်မခံမချင်း တစ်စုံတစ်ယောက်က သင့်ကို အနိုင်ယူလို့မရပါဘူး။

“ကိုယ့်ကိုယ်ကို အမှောင်ထဲမှာ လမ်းလျှောက်နေတယ်လို့ သတိမထားမိမချင်း သင်ဟာ အလင်းရောင်ကိုတွေ့ဖို့ ကြိုးစားမှာမဟုတ်ဘူး”

သင်ခန်းစာ- သင်အမှားတွေလုပ်နေတာကို မှားပါတယ်လို့ မသိမချင်းတော့ အမှန်ပြင်နိုင်ဖို့ သင်ကြိုးစားမှာမဟုတ်ပါဘူး။

“သာယာတဲ့ဘဝကို ရပါစေလို့ ဆုတောင်းရမှာ မဟုတ်ဘူး။ အခက်အခဲတိုင်းကို ကြံ့ကြံ့ခံနိုင်တဲ့ ဘဝကိုရဖို့ပဲ ဆုတောင်းရမှာ”

သင်ခန်းစာ- လူအတော်များများဟာ လွယ်ကူတဲ့ဘဝကိုလိုအပ်ပေမယ့် လက်တွေ့မှာတော့ ကြမ်းတမ်းမှုဆိုတာကို အနည်းနဲ့အများ ကြုံရတာပါပဲ။

ဒီတော့ သင် မျှော်လင့်သင့်တာ လွယ်ကူတဲ့ဘဝမဟုုတ်ပါဘူး။ ခက်ခဲမှုတွေကြံုတဲ့အခါ ရင်ဆိုင်ရမယ့် ခွန်အားတွေပါ။

(Focus Youth E-magazine)

Ref:MG
Credit#

You may also like...