ဆြဲေဆာင္မႈရွိိေစမည္႔ အခ်က္မ်ား

ဆြဲေဆာင္မႈရွိတယ္ဆုိတာ ရုပ္ရည္သြင္ျပင္လွပတာမ်ိဳးကုိ တုိက္ရုိက္ဆုိလုိတာ မဟုတ္ပါဘူး။ သင့္ရဲ႕ စိတ္ေနစိတ္ထား၊ ကိုယ္ေနဟန္ထား

အေတြးအေခၚနဲ႔ အျပဳအမူေတြေပၚမူတည္ျပီး ဆြဲေဆာင္မႈရွိတယ္၊ မရွိဘူးဆုိတာ ျဖစ္လာတာပါ။ တစ္ခ်ိဳ႕သူေတြဟာ ရုပ္ရည္အားျဖင့္

မလွေပမယ့္ ၾကည့္လိုက္ရင္ အရွိန္အဝါရွိျပီး smart က်ကာ ဆြဲေဆာင္မႈရွိတဲ့သူတစ္ေယာက္ရဲ႕သြင္ျပင္ အျပည့္အဝရွိပါတယ္။

သင့္အေနနဲ႔လည္း သင္ကုိယ္တုိင္ သတိမထားမိဘဲ သင့္ကုိ စြဲေဆာင္မႈေလ်ာ့က်ေစတဲ့ အေၾကာင္းတရားေတြကေတာ့..

၁။ သင္ဟာ သင့္ကုိသင္ပဲ ဂရုစုိက္တယ္။

သင္ ဂရုမစုိက္မိတဲ့ အခ်က္တစ္ခုကေတာ့ သင္ဟာ သင့္ကုိယ္သင္ပဲ ဂရုစုိက္ေလ့ရွိတာပါပဲ။ သင္နဲ႔ ပါတ္သက္တဲ့

အလုပ္အကုိင္၊ မိသားစု၊ သြင္ျပင္ေတြအပါအဝင္ သင္နဲ႔ သက္ဆုိင္တဲ့အရာေတြကုိပဲ စိတ္ဝင္စားတတ္ျခင္းဟာ သင့္ကုိ

ဆြဲေဆာင္မႈရွိတဲ့သူတစ္ေယာက္ အျဖစ္ကေန ေသြဖယ္သြားေစပါတယ္။

၂။ သင္ဟာ ရူပါအလွတရားကုိပဲ ဂရုစုိက္တယ္။ အတြင္းစိတ္ကုိေတာ့ လ်စ္လ်ဴရႈမိတတ္တယ္။

အမ်ားစုေသာသူေတြဟာ ကုိယ့္အျပင္ပမ္း အလွတရားေတြအတြက္သာ အားထုတ္တတ္ပါတယ္။ မိတ္ကပ္ေတြ၊ ဖက္ရွင္ေတြ၊

အဆင္တန္ဆာေပါင္းမ်ားစြာနဲ႔ သင့္ကုိယ္သင္ ျခယ္သတန္ဆာဆင္တတ္ေပမယ့္ သင့္စိတ္ျဖဴစင္ေနေအာင္ စိတ္ရဲ႕အလွတရားေတြအတြကေတာ့

သင္ သိပ္အားထုတ္ေလ့မရွိပါဘူး။

၃။ ျပိဳင္ဆုိင္မႈေတြ အေၾကာင္းပဲ ေတြးေနတယ္။

အလုပ္အတြက္၊ မိသားစုအတြက္ ေငြေရးေၾကးေရးေတြအတြက္၊ ေအာင္ျမင္မႈေတြအတြက္ စတဲ့ အရာေပါင္းမ်ားစြာ ပါဝင္ေနတဲ့

ျပိဳင္ပြဲေတြ ဆက္တုိက္ သင္ယွဥ္ျပိဳင္ေနရပါတယ္။ ဒီ့အတြက္ သင္ဟာ သင့္လူေနမႈဘဝရဲ႕ အဓိကလုိအပ္တဲ့

အရာေပါင္းမ်ားစြာကုိ လ်စ္လ်ဴရႈမိလ်က္သား ျဖစ္သြားပါတယ္။

၄။ မိတ္ေဆြေတြကုိ ရန္သူအျဖစ္ ျမင္တတ္တယ္။

အျမဲတေစ ရန္လိုေနတဲ့သူ၊ သံသယစိတ္မ်ားတတ္သူေတြကေတာ့ ေသခ်ာပါတယ္။ သူ႔ ပတ္ဝန္းက်င္ကသူေတြအတြက္ေတာ့ သူဟာ

စြဲေဆာင္မႈရွီတဲ့ သူတစ္ေယာက္ မျဖစ္နုိင္ပါဘူး။ ဆြဲေဆာင္မႈရွိတဲ့သူေတြကေတာ့ ရန္သူေတြကုိေတာင္ မိတ္ေဆြအျဖစ္ ယူဆဆက္ဆံတတ္ပါတယ္။

၅။ သင္ဟာ ဆရာၾကီးပဲ။

သင္ဟာ ကိစၥေတာ္ေတာ္မ်ားမ်ားကုိ တတ္သိနားလည္တဲ့သူ၊ လူေတာ္ေတာ္မ်ားမ်ားကုိ ဦးေဆာင္ေပးနုိင္တဲ့သူတစ္ေယာက္ ျဖစ္ေကာင္း ျဖစ္နုိင္ပါလိမ့္မယ္။

ဒါေပမယ့္ သင္ဟာ အျမဲတေစ လူတြင္က်ယ္ၾကီးလုပ္ေနမယ္ဆုိရင္ေတာ့ သင္ဟာ ဘဝင္ခုိက္သူတစ္ေယာက္ရဲ႕ အျပဳအမူမ်ိဳး ျဖစ္လာေစနုိင္ျပီး

စြဲေဆာင္မႈ ကင္းမဲ့ေစမွာပါ။ လူေတြလုိအပ္ေနခ်ိန္မွာ ကုိယ့္ရဲ႕ဦးေဆာင္မႈကုိ အထင္ၾကီးေလးစားဖြယ္ ျဖစ္နုိင္ေပမယ့္ အျမဲတေစဆုိရင္ေတာ့

သင့္အျပဳအမူအတြက္ သင့္ကုိယ္သင္ သတိထားသင့္ပါတယ္။

၆။ မရုိးသားဘူး။

မရုိးသားမႈဟာ သင့္ကုိ အက်ည္းတန္ေစပါတယ္။ သင္ဟာ လူတစ္ေယာက္ကုိ ျပံဳးမျပခ်င္ဘဲ ဟန္ေဆာင္ျပံဳးရတဲ့အခါ သင့္အမူအယာဟာ

သိသာပါတယ္။ ဒါ့ေၾကာင့္ လူေတြနဲ႔ ဆက္ဆံတဲ့အခါ ရုိးသားပါ။ ပင္ကုိယ္စိတ္ရင္းကိုပါ အေကာင္းဆံုးေနပါ။ ရုိးသားမႈေၾကာင့္

သင့္ အမူအယာနဲ႔သြင္ျပင္ဟာ စြဲေဆာင္မႈရွိေစပါတယ္။

၇။ သင္ဟာ ရုိင္းေနမယ္ဆုိရင္

သင္ဟာ ပင္ကုိယ္အားျဖင့္ေသာ္လည္းေကာင္း၊ စိတ္အခန္႔မသင့္လို႔ေသာ္ လည္းေကာင္း ရုိးျပမိမယ္ဆုိရင္ သင့္ပတ္ဝန္းက်င္မွာ

သင့္အျပဳအမူဟာ အမဲစက္ျဖစ္သြားတတ္ပါတယ္။ ဒါ့ေၾကာင့္ စြဲေဆာင္မႈျပည့္ဝေနတဲ့သူတစ္ေယာက္ ျဖစ္ဖုိ႔ သင့္အေနနဲ႔ ရုိင္းျပတဲ့ အမူအယာေတြကုိ

ေရွာင္ရွားဖုိ႔ လုိပါတယ္။

၈။ မေကာင္းျမင္စိတ္။

ေသခ်ာပါတယ္။ တစ္စံုတစ္ရာကုိ စၾကည့္ကတည္းက Negative Side ဘက္က စၾကည့္မယ္ဆုိရင္ သင့္အေရာင္အဝါေတြဟာ

အစတည္းက ေမွးမိွန္ေနပါလိမ့္မယ္။ အရာတုိင္းအေပၚ အေကာင္းျမင္ေနစရာ မလုိဘူးဆုိရင္ေတာင္ အျပဳသေဘာေဆာင္တဲ့

အေတြးအျမင္မ်ိဳးေတာ့ သင္ေမြးျမဴသင့္ပါတယ္။

ေရႊညာေမာင္

(Focus Youth E-magazine)

Credit#

< Unicode Version >

ဆွဲဆောင်မှုရှိတယ်ဆိုတာ ရုပ်ရည်သွင်ပြင်လှပတာမျိုးကို တိုက်ရိုက်ဆိုလိုတာ မဟုတ်ပါဘူး။ သင့်ရဲ့ စိတ်နေစိတ်ထား၊ ကိုယ်နေဟန်ထား

အတွေးအခေါ်နဲ့ အပြုအမူတွေပေါ်မူတည်ပြီး ဆွဲဆောင်မှုရှိတယ်၊ မရှိဘူးဆိုတာ ဖြစ်လာတာပါ။ တစ်ချို့သူတွေဟာ ရုပ်ရည်အားဖြင့်

မလှပေမယ့် ကြည့်လိုက်ရင် အရှိန်အဝါရှိပြီး smart ကျကာ ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ရဲ့သွင်ပြင် အပြည့်အဝရှိပါတယ်။

သင့်အနေနဲ့လည်း သင်ကိုယ်တိုင် သတိမထားမိဘဲ သင့်ကို စွဲဆောင်မှုလျော့ကျစေတဲ့ အကြောင်းတရားတွေကတော့..

၁။ သင်ဟာ သင့်ကိုသင်ပဲ ဂရုစိုက်တယ်။

သင် ဂရုမစိုက်မိတဲ့ အချက်တစ်ခုကတော့ သင်ဟာ သင့်ကိုယ်သင်ပဲ ဂရုစိုက်လေ့ရှိတာပါပဲ။ သင်နဲ့ ပါတ်သက်တဲ့

အလုပ်အကိုင်၊ မိသားစု၊ သွင်ပြင်တွေအပါအဝင် သင်နဲ့ သက်ဆိုင်တဲ့အရာတွေကိုပဲ စိတ်ဝင်စားတတ်ခြင်းဟာ သင့်ကို

ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက် အဖြစ်ကနေ သွေဖယ်သွားစေပါတယ်။

၂။ သင်ဟာ ရူပါအလှတရားကိုပဲ ဂရုစိုက်တယ်။ အတွင်းစိတ်ကိုတော့ လျစ်လျူရှုမိတတ်တယ်။

အများစုသောသူတွေဟာ ကိုယ့်အပြင်ပမ်း အလှတရားတွေအတွက်သာ အားထုတ်တတ်ပါတယ်။ မိတ်ကပ်တွေ၊ ဖက်ရှင်တွေ၊

အဆင်တန်ဆာပေါင်းများစွာနဲ့ သင့်ကိုယ်သင် ခြယ်သတန်ဆာဆင်တတ်ပေမယ့် သင့်စိတ်ဖြူစင်နေအောင် စိတ်ရဲ့အလှတရားတွေအတွကတော့

သင် သိပ်အားထုတ်လေ့မရှိပါဘူး။

၃။ ပြိုင်ဆိုင်မှုတွေ အကြောင်းပဲ တွေးနေတယ်။

အလုပ်အတွက်၊ မိသားစုအတွက် ငွေရေးကြေးရေးတွေအတွက်၊ အောင်မြင်မှုတွေအတွက် စတဲ့ အရာပေါင်းများစွာ ပါဝင်နေတဲ့

ပြိုင်ပွဲတွေ ဆက်တိုက် သင်ယှဉ်ပြိုင်နေရပါတယ်။ ဒီ့အတွက် သင်ဟာ သင့်လူနေမှုဘဝရဲ့ အဓိကလိုအပ်တဲ့

အရာပေါင်းများစွာကို လျစ်လျူရှုမိလျက်သား ဖြစ်သွားပါတယ်။

၄။ မိတ်ဆွေတွေကို ရန်သူအဖြစ် မြင်တတ်တယ်။

အမြဲတစေ ရန်လိုနေတဲ့သူ၊ သံသယစိတ်များတတ်သူတွေကတော့ သေချာပါတယ်။ သူ့ ပတ်ဝန်းကျင်ကသူတွေအတွက်တော့ သူဟာ

စွဲဆောင်မှုရှီတဲ့ သူတစ်ယောက် မဖြစ်နိုင်ပါဘူး။ ဆွဲဆောင်မှုရှိတဲ့သူတွေကတော့ ရန်သူတွေကိုတောင် မိတ်ဆွေအဖြစ် ယူဆဆက်ဆံတတ်ပါတယ်။

၅။ သင်ဟာ ဆရာကြီးပဲ။

သင်ဟာ ကိစ္စတော်တော်များများကို တတ်သိနားလည်တဲ့သူ၊ လူတော်တော်များများကို ဦးဆောင်ပေးနိုင်တဲ့သူတစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။

ဒါပေမယ့် သင်ဟာ အမြဲတစေ လူတွင်ကျယ်ကြီးလုပ်နေမယ်ဆိုရင်တော့ သင်ဟာ ဘဝင်ခိုက်သူတစ်ယောက်ရဲ့ အပြုအမူမျိုး ဖြစ်လာစေနိုင်ပြီး

စွဲဆောင်မှု ကင်းမဲ့စေမှာပါ။ လူတွေလိုအပ်နေချိန်မှာ ကိုယ့်ရဲ့ဦးဆောင်မှုကို အထင်ကြီးလေးစားဖွယ် ဖြစ်နိုင်ပေမယ့် အမြဲတစေဆိုရင်တော့

သင့်အပြုအမူအတွက် သင့်ကိုယ်သင် သတိထားသင့်ပါတယ်။

၆။ မရိုးသားဘူး။

မရိုးသားမှုဟာ သင့်ကို အကျည်းတန်စေပါတယ်။ သင်ဟာ လူတစ်ယောက်ကို ပြုံးမပြချင်ဘဲ ဟန်ဆောင်ပြံုးရတဲ့အခါ သင့်အမူအယာဟာ

သိသာပါတယ်။ ဒါ့ကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါ ရိုးသားပါ။ ပင်ကိုယ်စိတ်ရင်းကိုပါ အကောင်းဆုံးနေပါ။ ရိုးသားမှုကြောင့်

သင့် အမူအယာနဲ့သွင်ပြင်ဟာ စွဲဆောင်မှုရှိစေပါတယ်။

၇။ သင်ဟာ ရိုင်းနေမယ်ဆိုရင်

သင်ဟာ ပင်ကိုယ်အားဖြင့်သော်လည်းကောင်း၊ စိတ်အခန့်မသင့်လို့သော် လည်းကောင်း ရိုးပြမိမယ်ဆိုရင် သင့်ပတ်ဝန်းကျင်မှာ

သင့်အပြုအမူဟာ အမဲစက်ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် စွဲဆောင်မှုပြည့်ဝနေတဲ့သူတစ်ယောက် ဖြစ်ဖို့ သင့်အနေနဲ့ ရိုင်းပြတဲ့ အမူအယာတွေကို

ရှောင်ရှားဖို့ လိုပါတယ်။

၈။ မကောင်းမြင်စိတ်။

သေချာပါတယ်။ တစ်စုံတစ်ရာကို စကြည့်ကတည်းက Negative Side ဘက်က စကြည့်မယ်ဆိုရင် သင့်အရောင်အဝါတွေဟာ

အစတည်းက မှေးမှိန်နေပါလိမ့်မယ်။ အရာတိုင်းအပေါ် အကောင်းမြင်နေစရာ မလိုဘူးဆိုရင်တောင် အပြုသဘောဆောင်တဲ့

အတွေးအမြင်မျိုးတော့ သင်မွေးမြူသင့်ပါတယ်။

ရွှေညာမောင်

(Focus Youth E-magazine)

You may also like...