အေရးႀကီးတာက

မင္းကုိ လူေတြအထင္ေသးတာက အေရးမႀကီးပါဘူး
အေရးႀကီးတာက မင္းကုိယ္မင္းေတာ့
ဘယ္ေတာ့မွ အထင္မေသးမိေအာင္ မတရားတာေ႐ွာင္ပါ။
အျခားသူက အထင္ႀကီးေသးျခင္းထက္
ကုိယ့္လိပ္ျပာသန္႔ဖုိ႔ပဲ လုိတာပါ။

မင္းကုိ လူေတြက အတင္းေျပာေနတာက အေရးမႀကီးပါဘူး
အေရးႀကီးတာက အျခားသူေတြေျပာစရာျဖစ္ေအာင္
မင္းလုပ္ခဲ့တဲ့ အမွားေတြကုိ အခ်ိန္မီျပင္ဆင္ႏုိင္ဖုိ႔လုိပါတယ္။

မင္းဘဝမွာ ေအာင္ျမင္မူွေတြ မရေသးတာက အေရးမႀကီးေသးပါဘူး
အေရးႀကီးတာက ေအာင္ျမင္ႏူိင္တဲ့ အရည္​အခ်င္​းေတြ
မင္းမွာ ႐ွိေနဖုိ႔ အဓိကပါ
ၾကဳိးစားေနတဲ့လူတစ္ေယာက္မွာ ေအာင္ျမင္မူွဆုိတာ
အခ်ိန္ပဲလုိတာပါ။
လူ႔ဘဝဆုိတာက ရပ္တန္႔မေနဘဲ အသိတရားေလးနဲ႔ဆက္ေလ်ွာက္ျခင္းက အိပ္မက္ဆုိတာကုိ
လက္ေတြ႔ျဖစ္လာေအာင္ သက္ေသျပႏူိင္တာမ်ဳိးပါ။

မင္း ဘဝေပးအေျခအေနအရ ဆယ္တန္းမေအာင္ခဲ့တာက
အေရးမႀကီးပါဘူး
အေရးႀကီးတာက ကုိယ္ေလ်ွာက္ေနတဲ့ လမ္းမေပၚမွာ
အဓိကနဲ႔သာမညကုိ ခြဲျခားသိပီး ကုိယ္လုပ္ခဲ့တဲ့လုပ္ရပ္တုိင္းမွာ
ထိပ္ဆုံးေရာက္ေအာင္ တရားမ်ွတစြာ ၾကဳိးစားဖုိ႔ပဲလုိတာပါ။

မင္း တဲစုတ္နဲ႔ ေနေနရတာက အေရးမႀကီးပါဘူး
အေရးႀကီးတာက မင္း အသက္ေတြႀကီးလာသည္အထိ တဲစုတ္ဘဝကမကြၽတ္ဘဲ
သံသရာလည္ေနရင္ေတာ့ မင္းဘဝလူျဖစ္႐ူံးပီ။

မင္း အေျခအေနအရ မိဘေက်းဇူးမဆပ္ႏုူိင္ေသးတာက
အေရးမႀကီးပါဘူး
အေရးႀကီးတာက မင္းေၾကာင့္ မိဘမ်က္ရည္က်ပီး
ဂုဏ္သိကၡာပါ က်ဆင္းသြားရင္ေတာ့ မင္းလြန္သြားပီ။

မင္း ဘဝေပးအေျခအေနအရ ႐ုပ္ဆုိးတာက အေရးမႀကီးပါဘူး
အေရးႀကီးတာက စိတ္ႏွလုံးသား လွပၿပီး အရည္အခ်င္း႐ွိေနရင္
ပြဲလယ္တင့္မွာပါ။

မင္းမွာ ဘဝလက္တြဲေဖာ္ မ႐ွိေသးတာက အေရးမႀကီးပါဘူး
အေရးႀကီးတာက မင္းသာ တန္ဖုိး႐ွိပီး အရည္အခ်င္း႐ွိတဲ့
လူတစ္ေယာက္ျဖစ္ေအာင္ ၾကဳိးစားပါ
မင္းနဲ႔ထုိက္တန္သူ မေပၚေပါက္လာလည္း မင္းတစ္ေယာက္တည္း
ဘဝကုိ အေဖာ္မပါဘဲ ျဖတ္သန္းလာႏူိင္ပါလိမ့္မယ္။

လူ႔ဘဝမွာ
တစ္ခ်ဳိ့ေသာလူေတြက အေရးမႀကီးတာကုိ အေရးႀကီးေနၾကပီး
တကယ္လုပ္ေဆာင္သင့္တဲ့ အေရးႀကီးတဲ့ကိစၥေတြကုိေတာ့
ျပင္ဆင္ၾကဳိးစားဖုိ႔ ေမ့ေလ်ာ့ေနတတ္ၾကတယ္
ေအာင္ျမင္ေနသူႏွင့္ မေအာင္ျမင္ေသးသူေတြၾကားက ကြာျခားခ်က္ပါ။

တစ္ခ်ဳိ့ကိစၥေတြမွာ ကုိယ္ျပဳျပင္ေျပာင္းလဲလုိ႔ မရေတာ့တဲ့
အတိတ္အမွားေတြ႐ွိေနတတ္ပီး အတိတ္အမွားေတြကုိဆုပ္ကုိင္ကာ
အမွားေတြၾကားမွာ မနစ္ျမဳပ္ဖုိ႔ အေရးႀကီးတာပါ
လက္႐ွိေရာက္ေနတဲ့ေနရာက ဘဝကုိ ဘယ္လုိအေကာင္းဆုံး
ျဖတ္သန္းေက်ာ္ျဖတ္ရမလဲဆုိတာက လူေတာ္တစ္ေယာက္ရဲ႕
အရည္​အခ်င္​းပါ။

တစ္ခ်ဳိ့ေသာအရာေတြက ကုိယ္အတင္းၾကဳိးစားေနစရာမလုိဘဲ
ကုိယ့္ဘက္က အေကာင္းဆုံး ျပင္ဆင္ထားျခင္းျဖင့္ပင္
ကုိယ့္လက္ထဲ ေရာက္လာတာမ်ဳိးပါ
အရာအားလံုးမွာ ကုိယ္အေကာင္းဆုံး ၾကဳိးစားေနထုိင္ျပင္ဆင္ထားဖုိ႔က အေရးအႀကီးဆုံးပါ မိတ္​​ေဆြ။

ဗဟုသုတစာ​ေပမ်ားဖတ္​ရန္​ ( See First ) လုပ္​ထားပါ
StavenHoward
Crd. Original Writer

< Unicode Version >

အရေးကြီးတာက
••••••••••••
မင်းကို လူတွေအထင်သေးတာက အရေးမကြီးပါဘူး
အရေးကြီးတာက မင်းကိုယ်မင်းတော့
ဘယ်တော့မှ အထင်မသေးမိအောင် မတရားတာရှောင်ပါ။
အခြားသူက အထင်ကြီးသေးခြင်းထက်
ကိုယ့်လိပ်ပြာသန့်ဖို့ပဲ လိုတာပါ။

မင်းကို လူတွေက အတင်းပြောနေတာက အရေးမကြီးပါဘူး
အရေးကြီးတာက အခြားသူတွေပြောစရာဖြစ်အောင်
မင်းလုပ်ခဲ့တဲ့ အမှားတွေကို အချိန်မီပြင်ဆင်နိုင်ဖို့လိုပါတယ်။

မင်းဘဝမှာ အောင်မြင်မူှတွေ မရသေးတာက အရေးမကြီးသေးပါဘူး
အရေးကြီးတာက အောင်မြင်နိူင်တဲ့ အရည်​အချင်​းတွေ
မင်းမှာ ရှိနေဖို့ အဓိကပါ
ကြိုးစားနေတဲ့လူတစ်ယောက်မှာ အောင်မြင်မူှဆိုတာ
အချိန်ပဲလိုတာပါ။
လူ့ဘဝဆိုတာက ရပ်တန့်မနေဘဲ အသိတရားလေးနဲ့ဆက်လျှောက်ခြင်းက အိပ်မက်ဆိုတာကို
လက်တွေ့ဖြစ်လာအောင် သက်သေပြနိူင်တာမျိုးပါ။

မင်း ဘဝပေးအခြေအနေအရ ဆယ်တန်းမအောင်ခဲ့တာက
အရေးမကြီးပါဘူး
အရေးကြီးတာက ကိုယ်လျှောက်နေတဲ့ လမ်းမပေါ်မှာ
အဓိကနဲ့သာမညကို ခွဲခြားသိပီး ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တိုင်းမှာ
ထိပ်ဆုံးရောက်အောင် တရားမျှတစွာ ကြိုးစားဖို့ပဲလိုတာပါ။

မင်း တဲစုတ်နဲ့ နေနေရတာက အရေးမကြီးပါဘူး
အရေးကြီးတာက မင်း အသက်တွေကြီးလာသည်အထိ တဲစုတ်ဘဝကမကျွတ်ဘဲ
သံသရာလည်နေရင်တော့ မင်းဘဝလူဖြစ်ရူံးပီ။

မင်း အခြေအနေအရ မိဘကျေးဇူးမဆပ်နုူိင်သေးတာက
အရေးမကြီးပါဘူး
အရေးကြီးတာက မင်းကြောင့် မိဘမျက်ရည်ကျပီး
ဂုဏ်သိက္ခာပါ ကျဆင်းသွားရင်တော့ မင်းလွန်သွားပီ။

မင်း ဘဝပေးအခြေအနေအရ ရုပ်ဆိုးတာက အရေးမကြီးပါဘူး
အရေးကြီးတာက စိတ်နှလုံးသား လှပပြီး အရည်အချင်းရှိနေရင်
ပွဲလယ်တင့်မှာပါ။

မင်းမှာ ဘဝလက်တွဲဖော် မရှိသေးတာက အရေးမကြီးပါဘူး
အရေးကြီးတာက မင်းသာ တန်ဖိုးရှိပီး အရည်အချင်းရှိတဲ့
လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ
မင်းနဲ့ထိုက်တန်သူ မပေါ်ပေါက်လာလည်း မင်းတစ်ယောက်တည်း
ဘဝကို အဖော်မပါဘဲ ဖြတ်သန်းလာနိူင်ပါလိမ့်မယ်။

လူ့ဘဝမှာ
တစ်ချို့သောလူတွေက အရေးမကြီးတာကို အရေးကြီးနေကြပီး
တကယ်လုပ်ဆောင်သင့်တဲ့ အရေးကြီးတဲ့ကိစ္စတွေကိုတော့
ပြင်ဆင်ကြိုးစားဖို့ မေ့လျော့နေတတ်ကြတယ်
အောင်မြင်နေသူနှင့် မအောင်မြင်သေးသူတွေကြားက ကွာခြားချက်ပါ။

တစ်ချို့ကိစ္စတွေမှာ ကိုယ်ပြုပြင်ပြောင်းလဲလို့ မရတော့တဲ့
အတိတ်အမှားတွေရှိနေတတ်ပီး အတိတ်အမှားတွေကိုဆုပ်ကိုင်ကာ
အမှားတွေကြားမှာ မနစ်မြုပ်ဖို့ အရေးကြီးတာပါ
လက်ရှိရောက်နေတဲ့နေရာက ဘဝကို ဘယ်လိုအကောင်းဆုံး
ဖြတ်သန်းကျော်ဖြတ်ရမလဲဆိုတာက လူတော်တစ်ယောက်ရဲ့
အရည်​အချင်​းပါ။

တစ်ချို့သောအရာတွေက ကိုယ်အတင်းကြိုးစားနေစရာမလိုဘဲ
ကိုယ့်ဘက်က အကောင်းဆုံး ပြင်ဆင်ထားခြင်းဖြင့်ပင်
ကိုယ့်လက်ထဲ ရောက်လာတာမျိုးပါ
အရာအားလုံးမှာ ကိုယ်အကောင်းဆုံး ကြိုးစားနေထိုင်ပြင်ဆင်ထားဖို့က အရေးအကြီးဆုံးပါ မိတ်​​ဆွေ။

ဗဟုသုတစာ​ပေများဖတ်​ရန်​ ( See First ) လုပ်​ထားပါ
StavenHoward
Crd. Original Writer

You may also like...