စိတ္ထဲမွာေတာ့ ၿပံဳးမိခဲ့ပါတယ္

တစ္ခါတေလေတာ့……
သာမွေပါင္းခ်င္တဲ့ လူတခ်ိဳ႕ရဲ႕ အျပဳအမူကို……
ဘာတစ္ခုမွ မတုန္႔ျပန္လိုက္ေပမဲ့……
စိတ္ထဲမွာေတာ့ မွတ္ထားလိုက္ပါတယ္။

အႏိုင္လိုသူကို အရႈံးေပးရင္ ႏွလံုးေအးတယ္ဆိုေပမဲ့……
တစ္ဖက္စြန္းေရာက္လြန္းတဲ့ သူေတြကို……
အရႈံးေပးလိုက္ရတာ……
ကိုယ့္ႏွလံုးသားေတြ နာက်င္ရတဲ့အေၾကာင္း……
ကိုယ္သာ အသိဆံုးပဲ။

ရန္ကိုရန္ျခင္း မတုန္႔ျပန္ခ်င္လို႔သာ……
အရႈံးေပးခဲ့ရေပမဲ့……
ကိုယ္လည္း လူထဲက လူတစ္ေယာက္မို႔……
စိတ္နာမိခဲ့တယ္ဆိုတာ ဝန္ခံရဲပါတယ္။

တရားမွ်တမႈဆိုတာ ေနရာတိုင္း မရွိႏိုင္ဘူးဆိုေပမဲ့……
လူတစ္ဖက္သား ထိခိုက္နစ္နာသြားေစမဲ့……
တခ်ိဳ႕ေသာ အေၾကာင္းအရာေတြမွာ……

အနစ္နာခံသင့္လည္း ခံလိုက္ပါတယ္။

လိုတာထက္ပိုရခ်င္တဲ့ လူတခ်ိဳ႕ေၾကာင့္……
ကိုယ့္ေဒါသကိုလည္ေခ်ာင္းဝတင္ထိန္းလိုက္ရတဲ့အခိုက္အတန္႔
ကိုယ့္ႏွလံုးသားေတြကေတာ့ နာက်င္ေနခဲ့သလို……
စိတ္ထဲမွာလည္း မွတ္သားထားခဲ့တယ္။

သူတို႔ လိုအပ္ရင္ တစ္မ်ိဳး………
မလိုအပ္ရင္ တစ္မ်ိဳး ဆက္ဆံတတ္တဲ့ လူတခ်ိဳ႕ေၾကာင့္လည္း
စိတ္အေႏွာက္အယွက္ေတြ ျဖစ္ခဲ့ရသလို……
ကင္းေအာင္ေနတတ္ရမယ္ဆိုတဲ့ အသိတရားေတြကိုရရွိခဲ့တယ္

သာမွေပါင္းခ်င္တဲ့ လူေတြနဲ႔လည္း ဆက္ဆံခဲ့ဘူးတယ္။

အႏိုင္ရမွ ေက်နပ္တဲ့သူေတြကိုလည္း ႀကံဳခဲ့ဘူးတယ္။

လိုက္ေလ်ာႏိုင္မွ ခင္ခ်င္တဲ့လူေတြကိုလည္း……
ဆက္ဆံခဲ့ဘူးၿပီ။

ပတ္သက္ဆက္ဆံမိတာ ကိုယ့္အျပစ္ ကိုယ့္အမွားလို႔……
ေနာင္တေတြ အႀကိမ္ႀကိမ္လည္း ပိုင္ဆိုင္ခဲ့ဘူးပါၿပီ။

ဒါေပမဲ့…
ကိုယ့္ဖက္က ဘာတစ္ခုမွ မတုန္႔ျပန္ခဲ့ပါဘူး။

သူက ငါမွ မဟုတ္တာဆိုတဲ့စိတ္နဲ႔ ေျဖသိမ့္ခဲ့ပါတယ္။

အႏိုင္လိုသူေတြကိုလည္း အရႈံးေပးလိုက္ပါတယ္။
သာမွ ေပါင္းခ်င္တဲ့သူေတြကိုလည္း အၿပံဳးမပ်က္……
ဆက္ဆံေပးခဲ့ပါတယ္။

လိုက္ေလ်ာႏိုင္မွ ကပ္တဲ့ အေပါင္းအသင္းေတြကိုလည္း……
လိုက္ေလ်ာညီေထြေအာင္ ဆက္ဆံေပးခဲ့ပါတယ္။

ကိုယ့္ဖက္က ေခါင္းငံု႔ခံခဲ့သမွ် အ,လို႔ မဟုတ္ဘူး။

သူတို႔သင္ေပးတဲ့ ပညာေတြထဲကေန…
သူတို႔လိုလူမ်ိဳးထဲ ငါ မပါေစရဘူး။
သူတို႔လိုစိတ္မ်ိဳး ငါမေမြးသင့္ဘူး ဆိုတဲ့……
ကိုယ္ခ်င္းစာစိတ္နဲ႔ စာနာစိတ္ေတြကို ……
ေမြးဖြားတတ္လာခဲ့လို႔ပဲ ျဖစ္ပါတယ္။

ဘာလုပ္မွာလဲ……
ရက္ေပါင္း( ၃၆ဝဝဝ ) ပွ်မ္းမွ် ပိုင္ဆိုင္ထားသူ……
လူအခ်င္းခ်င္း သာမွ ေပါင္းမယ္။
ေသမွ ခင္မယ္ လုပ္ေနလို႔ ဘာေတြ အက်ိဳးထူးလာမွာလဲ။

အျပန္အလွန္ ေလးစားမႈ နားလည္မႈ……
စာနာမႈေတြရယ္သာ……
ႏွစ္ဦးႏွစ္ဖက္ မ်ွတတဲ့ဆက္ဆံေရးမို႔……
ေအးခ်မ္းေပ်ာ္ရႊင္တဲ့ ဆက္ဆံေရးေတြ ပိုင္ဆိုင္ရမွာေလ။

ကိုယ့္အေပၚ တဖက္သတ္ အႏိုင္ယူသြားသူ အားလံုးကို……
မတုန္႔ျပန္ခဲ့ေပမဲ့ စိတ္ထဲမွာ မွတ္ထားလိုက္တယ္။

သာမွေပါင္းခ်င္တဲ့သူေတြကို အၿပံဳးမပ်က္ ဆက္ဆံေနေပမဲ့…
အသိသတိေလးေတာ့ အၿမဲထားလိုက္တယ္။

လိုအပ္မွ လာေပါင္းတဲ့သူေတြကို မမုန္းတီးေပမဲ့……
ေပါင္းအပ္တဲ့လူေတြ မဟုတ္ဘူးလို႔……
ဦးေဏွာက္ထဲ ထည့္ထားခဲ့ပါတယ္။

တစ္ခုေလးေပါ့……
ကိုယ့္ဖက္က အေကာင္းဆံုး ဆက္ဆံေပးခဲ့ပါရဲ႕နဲ႔……
အလိမ္အညာေတြနဲ ့လာဆက္ဆံတဲ့အခါ…
လွည့္စားမႈေတြနဲ ့ႀကံဳရတဲ့အခါ…
ဘာတစ္ခုမွေတာ့ မတုန္႔ျပန္လိုက္ပါဘူး။

ဒါေပမဲ့………
သူတို႔လုပ္ရပ္ေတြ လူမသိဘူးထင္တဲ့ အျပဳအမူေတြေၾကာင့္…
စိတ္ထဲမွာေတာ့ ၿပံဳးလိုက္မိပါတယ္။

Thi Ha

Credit#

< Unicode Version >

တစ်ခါတလေတော့……
သာမှပေါင်းချင်တဲ့ လူတချို့ရဲ့ အပြုအမူကို……
ဘာတစ်ခုမှ မတုန့်ပြန်လိုက်ပေမဲ့……
စိတ်ထဲမှာတော့ မှတ်ထားလိုက်ပါတယ်။

အနိုင်လိုသူကို အရှုံးပေးရင် နှလုံးအေးတယ်ဆိုပေမဲ့……
တစ်ဖက်စွန်းရောက်လွန်းတဲ့ သူတွေကို……
အရှုံးပေးလိုက်ရတာ……
ကိုယ့်နှလုံးသားတွေ နာကျင်ရတဲ့အကြောင်း……
ကိုယ်သာ အသိဆုံးပဲ။

ရန်ကိုရန်ခြင်း မတုန့်ပြန်ချင်လို့သာ……
အရှုံးပေးခဲ့ရပေမဲ့……
ကိုယ်လည်း လူထဲက လူတစ်ယောက်မို့……
စိတ်နာမိခဲ့တယ်ဆိုတာ ဝန်ခံရဲပါတယ်။

တရားမျှတမှုဆိုတာ နေရာတိုင်း မရှိနိုင်ဘူးဆိုပေမဲ့
လူတစ်ဖက်သား ထိခိုက်နစ်နာသွားစေမဲ့……
တချို့သော အကြောင်းအရာတွေမှာ……
အနစ်နာခံသင့်လည်း ခံလိုက်ပါတယ်။

လိုတာထက်ပိုရချင်တဲ့ လူတချို့ကြောင့်……
ကိုယ့်ဒေါသကိုလည်ချောင်းဝတင်ထိန်းလိုက်ရတဲ့အခိုက်အတန့်
ကိုယ့်နှလုံးသားတွေကတော့ နာကျင်နေခဲ့သလို……
စိတ်ထဲမှာလည်း မှတ်သားထားခဲ့တယ်။

သူတို့ လိုအပ်ရင် တစ်မျိုး………
မလိုအပ်ရင် တစ်မျိုး ဆက်ဆံတတ်တဲ့ လူတချို့ကြောင့်လည်း
စိတ်အနှောက်အယှက်တွေ ဖြစ်ခဲ့ရသလို……
ကင်းအောင်နေတတ်ရမယ်ဆိုတဲ့ အသိတရားတွေကိုရရှိခဲ့တယ်

သာမှပေါင်းချင်တဲ့ လူတွေနဲ့လည်း ဆက်ဆံခဲ့ဘူးတယ်။

အနိုင်ရမှ ကျေနပ်တဲ့သူတွေကိုလည်း ကြုံခဲ့ဘူးတယ်။

လိုက်လျောနိုင်မှ ခင်ချင်တဲ့လူတွေကိုလည်း……
ဆက်ဆံခဲ့ဘူးပြီ။

ပတ်သက်ဆက်ဆံမိတာ ကိုယ့်အပြစ် ကိုယ့်အမှားလို့……
နောင်တတွေ အကြိမ်ကြိမ်လည်း ပိုင်ဆိုင်ခဲ့ဘူးပါပြီ။

ဒါပေမဲ့…
ကိုယ့်ဖက်က ဘာတစ်ခုမှ မတုန့်ပြန်ခဲ့ပါဘူး။

သူက ငါမှ မဟုတ်တာဆိုတဲ့စိတ်နဲ့ ဖြေသိမ့်ခဲ့ပါတယ်။

အနိုင်လိုသူတွေကိုလည်း အရှုံးပေးလိုက်ပါတယ်။
သာမှ ပေါင်းချင်တဲ့သူတွေကိုလည်း အပြံုးမပျက်……
ဆက်ဆံပေးခဲ့ပါတယ်။

လိုက်လျောနိုင်မှ ကပ်တဲ့ အပေါင်းအသင်းတွေကိုလည်း……
လိုက်လျောညီထွေအောင် ဆက်ဆံပေးခဲ့ပါတယ်။

ကိုယ့်ဖက်က ခေါင်းငုံ့ခံခဲ့သမျှ အ,လို့ မဟုတ်ဘူး။

သူတို့သင်ပေးတဲ့ ပညာတွေထဲကနေ…
သူတို့လိုလူမျိုးထဲ ငါ မပါစေရဘူး။
သူတို့လိုစိတ်မျိုး ငါမမွေးသင့်ဘူး ဆိုတဲ့……
ကိုယ်ချင်းစာစိတ်နဲ့ စာနာစိတ်တွေကို ……
မွေးဖွားတတ်လာခဲ့လို့ပဲ ဖြစ်ပါတယ်။

ဘာလုပ်မှာလဲ……
ရက်ပေါင်း( ၃၆ဝဝဝ ) ပျှမ်းမျှ ပိုင်ဆိုင်ထားသူ……
လူအချင်းချင်း သာမှ ပေါင်းမယ်။
သေမှ ခင်မယ် လုပ်နေလို့ ဘာတွေ အကျိုးထူးလာမှာလဲ။

အပြန်အလှန် လေးစားမှု နားလည်မှု……
စာနာမှုတွေရယ်သာ……
နှစ်ဦးနှစ်ဖက် မျှတတဲ့ဆက်ဆံရေးမို့……
အေးချမ်းပျော်ရွှင်တဲ့ ဆက်ဆံရေးတွေ ပိုင်ဆိုင်ရမှာလေ။

ကိုယ့်အပေါ် တဖက်သတ် အနိုင်ယူသွားသူ အားလုံးကို……
မတုန့်ပြန်ခဲ့ပေမဲ့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။

သာမှပေါင်းချင်တဲ့သူတွေကို အပြံုးမပျက် ဆက်ဆံနေပေမဲ့…
အသိသတိလေးတော့ အမြဲထားလိုက်တယ်။

လိုအပ်မှ လာပေါင်းတဲ့သူတွေကို မမုန်းတီးပေမဲ့……
ပေါင်းအပ်တဲ့လူတွေ မဟုတ်ဘူးလို့……
ဦးဏှောက်ထဲ ထည့်ထားခဲ့ပါတယ်။

တစ်ခုလေးပေါ့……
ကိုယ့်ဖက်က အကောင်းဆုံး ဆက်ဆံပေးခဲ့ပါရဲ့နဲ့……
အလိမ်အညာတွေနဲ ့လာဆက်ဆံတဲ့အခါ…
လှည့်စားမှုတွေနဲ ့ကြံုရတဲ့အခါ…
ဘာတစ်ခုမှတော့ မတုန့်ပြန်လိုက်ပါဘူး။

ဒါပေမဲ့………
သူတို့လုပ်ရပ်တွေ လူမသိဘူးထင်တဲ့ အပြုအမူတွေကြောင့်…
စိတ်ထဲမှာတော့ ပြံုးလိုက်မိပါတယ်။

Thi Ha
Credit#

You may also like...