လူတစ္ေယာက္ မျဖစ္မေန ျပဳမူေနထုိင္သင့္သည့္ အခ်က္( ၅) ခ်က္

(၁)အတတ္ပညာတစ္ခုခုကုိ တတ္ကြၽမ္းေအာင္သင္ၾကားပါ

အတတ္ပညာဆုိတာ အတန္းပညာတစ္ခုတည္းမဟုတ္ပါ။အသိပညာ ၊ လူမႈက္ဆံေရးပညာ ၊

အေကာင္းအဆုိးကုိ ေဝဖန္ပုိင္းျခားႏိုင္ေသာ အေတြးအေခၚႏွင့္ အသက္ေမြးဝမ္းေက်ာင္း

ပညာတစ္ခုခုကုိ မျဖစ္မေန သင္ၾကားတတ္ေျမာက္ထားသင့္တယ္။

(၂)အလုပ္တစ္ခုခုမွာ ဝင္ေရာက္လုပ္ကုိင္ပါ

အရြယ္ေရာက္ၿပီးျဖစ္တဲ့ ေယာက်္ားျဖစ္ျဖစ္ မိန္းကေလးျဖစ္ျဖစ္ ခ်မ္းသာသာ ဆင္းရဲရဲ

အလုပ္တစ္ခုေတာ့ လုပ္သင့္ပါတယ္။ အလုပ္႐ွိမွ လူရာဝင္တတ္သလုိ လူေလးစားယုံၾကည္ခံရမွာပါ။

အလုပ္ဟူသမ်ွ ဂုဏ္႐ွိတယ္ဆုိသလုိပဲ အလုပ္လုပ္ေနမွ ဂုဏ္တက္မွာပါ။

အလုပ္တစ္ခုလုပ္ေဆာင္ရာမွာ အက်ဳိးအျမတ္က ပထမ မဟုတ္ဘဲ

အေတြ႔အၾကဳံႏွင့္ ေအာင္ျမင္မူွေတြ ရ႐ွိေအာင္ အရင္ၾကဳိးစားပါ။

ေအာင္ျမင္မႈေတြရလာရင္ အက်ဳိးအျမတ္က ကုိယ့္ေနာက္ လုိက္လာပါလိမ့္မယ္။

(၃)စာဖတ္ပါ

ေအာင္ျမင္ေနသူတုိင္းက စာဖတ္ၾကသလုိ 

ေအာင္ျမင္ဖုိ႔ၾကဳိးစားေနသူတုိင္းအတြက္လည္း

စာေပက အလင္းေရာင္ပါ။ 

စာေပသည္ လူသားတုိင္းအတြက္ အသိဥာဏ္တံခါးေပါက္ျဖစ္သလုိ

အမွားအယြင္းအနည္းဆုံးျဖစ္ေအာင္ ထိန္းေက်ာင္းေပးေသာ သစၥာအ႐ွိဆုံး အေဖာ္မြန္ေကာင္းပါ။

စာေပသည္ အေတြးအေခၚတုိ႔ရဲ႕ မီး႐ႈးတန္ေဆာင္ျဖစ္သလုိ

စိတ္ပ်က္အားငယ္ေနသူေတြအတြက္ 

ေဘးထြက္ဆုိးက်ဳိးအနည္းဆုံး အားေဆးတစ္လက္ပါ။

႐ုိင္းစုိင္းေနသူကုိ ယဥ္ေက်းလာေစသလုိ

လမ္းမွားေနသူေတြကုိ လမ္းမွန္ေရာက္ေအာင္ 

မ႐ုိက္နက္ဘဲ ညင္သာစြာ ဆုံးမေပးတဲ့ဆရာက စာေပပါ။

စာေပသည္ စိတ္ဓာတ္ေကာင္းမ်ားကုိ ေမြးျမဴ ေပးသလုိ

ေကာင္းေနတဲ့စိတ္ဓာတ္ေတြကုိလည္း 

ပုိေကာင္းလာေအာင္ နည္းလမ္းမွန္မွန္ လမ္းျပေပးႏူိင္တယ္။

(၄)မိဘႏွစ္ပါးႏွင့္ ေက်းဇူး႐ွင္မ်ားကုိ သိတတ္ပါ

ကုိယ့္ကုိ လူ႔ေလာကကုိ ေျခခ်ခြင့္ေပးခဲ့တဲ႔ မိဘေက်းဇူးကုိ သိတတ္ျခင္းက ကံဆုိးမႈမ်ားကုိ

ေျပေပ်ာက္ေစၿပီး ကုိယ့္ကံၾကမၼာေသတၱာႀကီးကုိ ဖြင့္ေပးႏိုင္တဲ့ (Master key) က မိဘႏွစ္ပါးပါ။ 

မိဘေက်းဇူးသိတက္ျပီး ေက်းဇူးဆပ္ေနတဲ့ သားသမီးတုိင္း

ဘယ္ေတာ့မွ မဆင္းရဲတတ္သလုိ ဒုကၡေရာက္ေနခဲ့ရင္ေတာင္

ကယ္ဆယ္မည့္သူ အလုိလုိေရာက္လာတတ္တယ္။

မိဘမ်က္ရည္မက်ေအာင္ ထားတဲ့သားသမီး ပူေလာင္မႈေတြက ႐ုန္းထြက္ႏိုင္သလုိ ကုိယ္

မိဘအလွည့္ေရာက္လာရင္လည္း သားသမီးေကာင္းေတြ ပုိင္ဆုိင္ရမွာ ေသခ်ာသေလာက္ပါပဲ။ 

လူရယ္လုိ႔ျဖစ္လာရင္ တစ္လုတ္စားဖူး သူေက်းဇူးဆုိသလုိ ကုိယ့္အေပၚ ေက်းဇူး႐ွိသူမ်ား

႐ွိေနပါလိမ့္မယ္။ေက်းဇူး႐ွင္မ်ားကုိ ေက်းဇူးမဆပ္ႏိုင္ေသးရင္ေတာင္မွ ေက်းဇူးမကန္းျခင္းက

လူပီသသူေတြရဲ႕ လုပ္ရပ္ပါ။

ေက်းဇူး႐ွင္မ်ားအေပၚ ေက်းဇူးသိတတ္ျခင္းက ကုိယ့္အေပၚ ေက်းဇူးကန္းမည့္သူမ်ား မ႐ွိေအာင္

ကာကြယ္ေပးတတ္သလုိကုိယ္ထားခဲ့တဲ့ ေစတနာေတြ အလကားမျဖစ္ေအာင္

တူေသာအက်ဳိးေပးတတ္တာကလည္း နိယာမပါ။

(၅)ဘုရား တရားကုိ အျမဲ ဦးထိပ္ပန္ဆင္ပါ

လူ႔ဘဝဆုိတာ ကြၽန္ေတာ္တုိ႔လူသားေတြအားလုံး ​ေခတၱခဏ နားခုိတဲ့ ဘုံတစ္ခုပါ။

သံသရာစက္ဝန္းထဲမွာ က်င္လည္ေနသမ်ွကာလပတ္လုံးကြၽန္ေတာ္တုိ႔ကုိ လမ္းျပေပးမယ့္

စစ္မွန္ေသာ ၊ အတုမ႐ွိေသာ ဆရာတစ္ဆူေတာ့ လုိအပ္ပါတယ္။

အဲ့ဒီဆရာက ကြၽန္ေတာ္တုိ႔ ကုိးကြယ္ယုံၾကည္ေသာ အတုမ႐ွိပုဂၢဳိလ္ “ဘုရား” ပါ။

ဘုရား႐ွင္ကုိယ္တုိင္ ေဟာၾကားခဲ့တဲ့ တရားေတာ္မ်ားကုိဆည္​းပူး​ေလ့လာ က်င့္သုံးလုိက္နာရင္း

လူျဖစ္ရတာတန္ေအာင္

ၾကဳိးစားရမွာက ကြၽန္ေတာ္တုိ႔ကုိယ္တုိင္ပါ။

အယူဝါဒ ဘယ္လုိကြဲကြဲ ေမတၱာတရားကုိ အေျခခံၿပီး ေဟာၾကားထားတဲ့ အမွန္တရားမ်ားကုိ

က်င့္သုံးလုိက္နာေဆာက္တည္ရင္း

ေနာက္ဘဝမ်ား႐ွိခဲ့ေသာ္ ယခုအေျခအေနထက္ မ်ားစြာျမင့္မားေသာ ဘဝတစ္ခုမွာ

႐ွင္သန္ရပ္တည္ႏိုင္ေအာင္ ျပင္ဆင္ထားရမွာက

ကြၽန္ေတာ္တုိ႔ တာဝန္ပါ။

တိရစၧာန္​မွာလည္း တိရစၧာန္​တာဝန္႐ွိသလုိ လူမွာလည္း လူ႔တာဝန္ဝတၱရားဆုိတာ ႐ွိေနပါတယ္။

အိပ္စားကာမ လုပ္႐ုံနဲ႔ လူပီသဖုိ႔ မျဖစ္ႏူိင္ေသးသလုိ လူ႔ေလာကအတြက္ လူသားေကာင္းက်ဳိး

အတြက္ ၊ကုိယ့္အတြက္ ၊ သံသရာအတြက္ အေကာင္းဆုံးျပင္ဆင္ေနထုိင္ၿပီး

ထမ္းေဆာင္ပါမွ လူျဖစ္ရတာ တန္လာပါလိမ့္မယ္။

Thi Ha🇲🇲

Credit#

< Unicode Version >

လူတစ်ယောက် မဖြစ်မနေ ပြုမူနေထိုင်သင့်သည့် အချက်( ၅) ချက်

(၁)အတတ်ပညာတစ်ခုခုကို တတ်ကျွမ်းအောင်သင်ကြားပါ

အတတ်ပညာဆိုတာ အတန်းပညာတစ်ခုတည်းမဟုတ်ပါ။အသိပညာ ၊ လူမှုက်ဆံရေးပညာ ၊အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်သော
အတွေးအခေါ်နှင့် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုကို မဖြစ်မနေ သင်ကြားတတ်မြောက်ထားသင့်တယ်။

(၂)အလုပ်တစ်ခုခုမှာ ဝင်ရောက်လုပ်ကိုင်ပါ

အရွယ်ရောက်ပြီးဖြစ်တဲ့ ယောကျ်ားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ချမ်းသာသာ ဆင်းရဲရဲ အလုပ်တစ်ခုတော့ လုပ်သင့်ပါတယ်။ အလုပ်ရှိမှ လူရာဝင်တတ်သလို
လူလေးစားယုံကြည်ခံရမှာပါ။ အလုပ်ဟူသမျှ ဂုဏ်ရှိတယ်ဆိုသလိုပဲ အလုပ်လုပ်နေမှ ဂုဏ်တက်မှာပါ။

အလုပ်တစ်ခုလုပ်ဆောင်ရာမှာ အကျိုးအမြတ်က ပထမ မဟုတ်ဘဲ
အတွေ့အကြုံနှင့် အောင်မြင်မူှတွေ ရရှိအောင် အရင်ကြိုးစားပါ။
အောင်မြင်မှုတွေရလာရင် အကျိုးအမြတ်က ကိုယ့်နောက် လိုက်လာပါလိမ့်မယ်။

(၃)စာဖတ်ပါ

အောင်မြင်နေသူတိုင်းက စာဖတ်ကြသလို
အောင်မြင်ဖို့ကြိုးစားနေသူတိုင်းအတွက်လည်း
စာပေက အလင်းရောင်ပါ။

စာပေသည် လူသားတိုင်းအတွက် အသိဉာဏ်တံခါးပေါက်ဖြစ်သလို
အမှားအယွင်းအနည်းဆုံးဖြစ်အောင် ထိန်းကျောင်းပေးသော သစ္စာအရှိဆုံး အဖော်မွန်ကောင်းပါ။

စာပေသည် အတွေးအခေါ်တို့ရဲ့ မီးရှုးတန်ဆောင်ဖြစ်သလို
စိတ်ပျက်အားငယ်နေသူတွေအတွက်
ဘေးထွက်ဆိုးကျိုးအနည်းဆုံး အားဆေးတစ်လက်ပါ။

ရိုင်းစိုင်းနေသူကို ယဉ်ကျေးလာစေသလို
လမ်းမှားနေသူတွေကို လမ်းမှန်ရောက်အောင်
မရိုက်နက်ဘဲ ညင်သာစွာ ဆုံးမပေးတဲ့ဆရာက စာပေပါ။

စာပေသည် စိတ်ဓာတ်ကောင်းများကို မွေးမြူ ပေးသလို
ကောင်းနေတဲ့စိတ်ဓာတ်တွေကိုလည်း
ပိုကောင်းလာအောင် နည်းလမ်းမှန်မှန် လမ်းပြပေးနိူင်တယ်။

(၄)မိဘနှစ်ပါးနှင့် ကျေးဇူးရှင်များကို သိတတ်ပါ

ကိုယ့်ကို လူ့လောကကို ခြေချခွင့်ပေးခဲ့တဲ့ မိဘကျေးဇူးကို သိတတ်ခြင်းက ကံဆိုးမှုများကို ပြေပျောက်စေပြီး ကိုယ့်ကံကြမ္မာသေတ္တာကြီးကို
ဖွင့်ပေးနိုင်တဲ့ (Master key) က မိဘနှစ်ပါးပါ။

မိဘကျေးဇူးသိတက်ပြီး ကျေးဇူးဆပ်နေတဲ့ သားသမီးတိုင်း
ဘယ်တော့မှ မဆင်းရဲတတ်သလို ဒုက္ခရောက်နေခဲ့ရင်တောင်
ကယ်ဆယ်မည့်သူ အလိုလိုရောက်လာတတ်တယ်။

မိဘမျက်ရည်မကျအောင် ထားတဲ့သားသမီး ပူလောင်မှုတွေက ရုန်းထွက်နိုင်သလို ကိုယ် မိဘအလှည့်ရောက်လာရင်လည်း
သားသမီးကောင်းတွေ ပိုင်ဆိုင်ရမှာ သေချာသလောက်ပါပဲ။

လူရယ်လို့ဖြစ်လာရင် တစ်လုတ်စားဖူး သူကျေးဇူးဆိုသလို ကိုယ့်အပေါ် ကျေးဇူးရှိသူများ ရှိနေပါလိမ့်မယ်။ကျေးဇူးရှင်များကို
ကျေးဇူးမဆပ်နိုင်သေးရင်တောင်မှ ကျေးဇူးမကန်းခြင်းက လူပီသသူတွေရဲ့ လုပ်ရပ်ပါ။

ကျေးဇူးရှင်များအပေါ် ကျေးဇူးသိတတ်ခြင်းက ကိုယ့်အပေါ် ကျေးဇူးကန်းမည့်သူများ မရှိအောင် ကာကွယ်ပေးတတ်သလိုကိုယ်ထားခဲ့တဲ့
စေတနာတွေ အလကားမဖြစ်အောင် တူသောအကျိုးပေးတတ်တာကလည်း နိယာမပါ။

(၅)ဘုရား တရားကို အမြဲ ဦးထိပ်ပန်ဆင်ပါ

လူ့ဘဝဆိုတာ ကျွန်တော်တို့လူသားတွေအားလုံး ​ခေတ္တခဏ နားခိုတဲ့ ဘုံတစ်ခုပါ။ သံသရာစက်ဝန်းထဲမှာ ကျင်လည်နေသမျှကာလပတ်လုံးကျွန်တော်တို့ကို

လမ်းပြပေးမယ့် စစ်မှန်သော ၊ အတုမရှိသော ဆရာတစ်ဆူတော့ လိုအပ်ပါတယ်။

အဲ့ဒီဆရာက ကျွန်တော်တို့ ကိုးကွယ်ယုံကြည်သော အတုမရှိပုဂ္ဂိုလ် “ဘုရား” ပါ။ ဘုရားရှင်ကိုယ်တိုင် ဟောကြားခဲ့တဲ့
တရားတော်များကိုဆည်​းပူး​လေ့လာ
ကျင့်သုံးလိုက်နာရင်း လူဖြစ်ရတာတန်အောင်
ကြိုးစားရမှာက ကျွန်တော်တို့ကိုယ်တိုင်ပါ။

အယူဝါဒ ဘယ်လိုကွဲကွဲ မေတ္တာတရားကို အခြေခံပြီး ဟောကြားထားတဲ့ အမှန်တရားများကို ကျင့်သုံးလိုက်နာဆောက်တည်ရင်း
နောက်ဘဝများရှိခဲ့သော် ယခုအခြေအနေထက် များစွာမြင့်မားသော ဘဝတစ်ခုမှာ ရှင်သန်ရပ်တည်နိုင်အောင် ပြင်ဆင်ထားရမှာက
ကျွန်တော်တို့ တာဝန်ပါ။

တိရစ္ဆာန်​မှာလည်း တိရစ္ဆာန်​တာဝန်ရှိသလို လူမှာလည်း လူ့တာဝန်ဝတ္တရားဆိုတာ ရှိနေပါတယ်။ အိပ်စားကာမ လုပ်ရုံနဲ့ လူပီသဖို့ မဖြစ်နိူင်သေးသလို လူ့လောကအတွက် လူသားကောင်းကျိုးအတွက် ၊
ကိုယ့်အတွက် ၊ သံသရာအတွက် အကောင်းဆုံးပြင်ဆင်နေထိုင်ပြီး
ထမ်းဆောင်ပါမှ လူဖြစ်ရတာ တန်လာပါလိမ့်မယ်။

Thi Ha🇲🇲

Credit#

You may also like...