အခ်ိန္ ၁၀ မိနစ္ေလာက္ ေပးႏိုင္မလား

အိႏၵိယ သမၼတေျပာသြားတဲ့ မင္းရဲ႕ႏိုင္ငံအတြက္ အခ်ိန္ ၁၀ မိနစ္ေလာက္ ေပးႏိုင္မလား

တဲ့ ေပးႏိုင္ရင္ ဒီစာေလးကိုဖတ္ၾကည့္ပါ

ျမန္မာႏိုင္ငံက လူေတြအတြက္ လည္း တိုက္ဆိုင္လြန္းလို႕ သူငယ္ခ်င္းတို႔
အခ်ိန္ယူျပီး ဖတ္ေစခ်င္တယ္။ အခ်ိန္နည္းနည္းေပးၿပီး ဖတ္ေပးပါ။

ဒီစာကို ဖတ္ ျပီးသြားရင္ သူငယ္ခ်င္းတို႔ရဲ႕ စိတ္ထဲမွာ ကိုယ့္တိုင္းျပည္အတြက္ ငါတို႔ဟာ

တိုင္းျပည္ရဲ႕ အနာဂတ္ေတြ ဆိုတာ သေဘာေပါက္လာလိမ့္မယ္။ တာ၀န္ သိစိတ္ေတြ

ျဖစ္ေပၚလာလိမ့္မယ္။အိႏၵိယသမၼတေၿပာတဲ့ မိန္႕ခြန္းထဲက လက္ရွိၿမန္မာလူမ်ဳိး အေတာ္မ်ားမ်ားရဲ႕

စိတ္ဓါတ္ကုိ ထင္ဟပ္ေစတဲ့ အေၾကာင္းေလးပါ။ သေဘာတူတယ္ သေဘာက် တယ္

ႏွစ္သက္တယ္ဆုိရင္ က်န္တဲ့လူေတြ သိေအာင္ရွဲေပးေစခ်င္ပါတယ္။ အခုလို ေျပာထားပါတယ္။

” မင္းရဲ႕ႏိုင္ငံအတြက္ အခ်ိန္ ၁၀ မိနစ္ရမလား..?
ရတယ္ဆိုမွ ဒီစာကိုဆက္ဖတ္ပါ…
အခ်ိန္မရွိရင္ေတာ့ မင္းသေဘာပဲ…။

အိႏၵိယသမၼတ:
“တို႕အိႏိၵယအစိုးရက လုပ္ေဆာင္မႈေတြ မထိေရာက္ဘူး မင္းေျပာတယ္။ တို႕ႏိုင္ငံရဲ႕ဥပေဒေတြကလဲ အုိေဟာင္းျပီး ေခတ္မမီေတာ့ဘူး။

မင္းေျပာတယ္…စည္ပင္ကလဲ အမိႈက္ေတြမရွင္းဘူး
မင္းေျပာတယ္….ဖုန္းလိုင္းေတြကလဲ အလုပ္မလုပ္တာခပ္မ်ားမ်ားလို႕
မင္းေျပာတယ္… မီးရထားဆိုတာ ဟာသတစ္ခုပဲ..အဲလိုင္းေတြဆို ကမာၻမွာ
အဆိုးဆံုး…စာပို႕စနစ္မွာလဲ ဘယ္ေတာ့မွ ပုိ႕တဲ႔စာက မေရာက္ဘူး…တို႕တိုင္းျပည္မွာ
အားလံုးက ေခြးစာေကၽြးပစ္ရေတာ့မေလာက္ ပ်က္စီးစုတ္ျပတ္မႈေတြခ်ည္းပဲ လို႔
မင္းေျပာတယ္… မင္းေျပာ… မင္းအဲ႕ဒါေတြခ်ည္းပဲ ပါးစပ္ကေနေျပာျပီး

မင္းကေရာဘာတစ္ခုလုပ္လဲ…? ေကာင္းျပီ..မင္းစကၤာပူကိုေရာက္တဲ႔အခါ
က်ေတာ့…စင္ကာပူကလမ္းေတြေပၚ မင္းေဆးလိပ္လႊင့္မပစ္ရဲဘူး..စတိုးဆိုင္မွာ မုန္႕မစားရဲဘူး..
ညေန ၅ နာရီနဲ႕ ၆ နာရီၾကား ေအာခတ္လမ္းေပၚကားျဖတ္ေမာင္းဖို႕ ၅ ေဒၚလာ
မင္းေပးတယ္… အဲ႔လိုစင္ကာပူမွာ မင္းတစ္ခုခုမ်ားေျပာလား..ေျပာခဲ႕လား…?

ဒူဘိုင္းမွာ ဥပုသ္လမ်ိဳး လူျမင္ကြင္းမွာ မင္းအစားစားရဲလား…
မကာရ္မွာ ေခါင္းမေဆာင္းပဲ မင္းအျပင္ထြက္ရဲလား.. ၀ါရွင္တန္မွာ တစ္နာရီ ၅၅ မိုင္ထက္ေက်ာ္ျပီး မင္းကားေမာင္းရဲလား… ေမာင္းမိလို႕ ရဲလာဖမ္းရင္
ငါ့ကိုဘာမွတ္ေနလဲ ငါဘာေကာင္လဲ သိလား ငါဘယ္သူ႕သားလဲ သိလားလို႕ ရဲကို
မင္းေျပာရဲလား…. ေအာ္ဇီနဲ႕ နယူးဇီလန္ကမ္းေျခေတြမွာ စားျပီးသား
အုန္းခြံေတြကို ေတြ႕ကရာ မင္းေလွ်ာက္ပစ္ရဲလား….

တိုက်ိဳကလမ္းေတြေပၚမွာမင္းကြမ္းတံေတြး
ေလွ်ာက္ေထြးရဲလား။ဒါေတြက မင္း
ကို ေမးေနတာ။
သူမ်ားတိုင္းျပည္မွာ သူ႕စည္းကမ္းနဲ႕အညီ အတိအက်ေလးစားလိုက္နာႏိုင္ျပီး ကိုယ့္ႏိုင္ငံျပန္ေရာက္မွ စည္းကမ္းကို မေလးစား စည္းကမ္းပ်က္တတ္တဲ႔ ီမင္းကိုပဲ ေမးေနတာ။

အိႏိၵယေျမကို စနင္းျပီဆိုတာနဲ႕စိတ္ထင္သလို ေဆးလိပ္ေတြ စကၠဴစေတြ အမိႈက္ေလွ်ာက္ဖြတတ္တဲ႕
မင္းလိုလူေတြကို ေမးေနတာ။

တျခားတိုင္းတပါးမွာ စည္းကမ္းလိုက္နာ
ေလးစားတတ္ခဲ႔တဲ႔မင္းက ကိုယ့္ေမြး
ရပ္ႏိုင္ငံမွာက်ေတာ့ ဘာလို႔ ပံုစံအတူတူ မလုပ္ႏိုင္ရတာလ?

အင္တာဗ်ဴးတစ္ခုမွာ အျငိမ္းစား ဘံုေဘျမိဳ႕စည္ပင္အေရးပိုင္ၾကီး Mr.Tinaikar ဘာေျပာသြားလဲ သိလား?လူ႔မလိုင္ေတြက သူတို႕ေခြးေတြနဲ႕လမ္းေလွ်ာက္ထြက္ျပီး
လမ္းေတြေပၚမွာေခြးအညစ္အေၾကးေတြထားခဲ႔ၾကတယ္။

ျပီးတာ့ အဲ႔လူေတြကပဲတစ္ခါျပန္ျပီး ညစ္ေပေနတဲ႔ လူသြားလမ္းေတြအတြက္ တာ၀န္ရွိသူ အဖြဲ႔အစည္းေတြညံ႔ဖ်င္းလွခ်ည္ရဲ႕ဆိုျပီး အျပစ္တင္တတ္ၾကတယ္… တာ၀န္ရွိသူေတြကို
သူတို႔က ဘယ္လိုလုပ္ေပးေစခ်င္တာလဲ။

သူတို႕ေခြးေတြေနာက္ကေန တံျမက္စည္းတစ္ေခ်ာင္းကိုင္ျပီး ေခြးစြန္႔ခဲ႔သမွ် အညစ္အပတ္ေတြကိုေကာက္ေကာက္လိုက္ရွင္းေပးေစခ်င္တာလား။

အေမရိကားမွာ ကိုယ့္အိမ္ေမြးတိရစာၦန္ဆီက ထြက္တဲ႕ အညစ္အေၾကးေတြသန္႔စင္ေပးဖို႕ ပိုင္ရွင္ကတာ၀န္ယူရတယ္..ဂ်ပန္မွာလဲဒီလိုပဲဒီ အိႏိၵယကလူေတြ
အဲ႔လိုလုပ္လား..? တို႕လူေတြကက်ေတာ့ မဲေပးပြဲသြား။ မဲေလးေပးျပီး..ျဖစ္သမွ်
အကုန္ကို တာ၀န္လႊဲခ် ေခါင္းခံေပးဖို႕ လူတစ္ေယာက္ေရြးလိုက္သလိုပဲ။
ကိုယ္ကိုယ္တုိင္က ဘာတာ၀န္မွ
မရွိသလိုေနျပီး အရာအားလံုးကို အစိုးရကပဲ ကၾကီးခေခြးကအစ လိုက္ေျဖရွင္းေပးဖို႔
ထိုင္ေမ်ွာ္လင့္ေနၾကတယ္။

ကိုယ္တုိင္ပါ၀င္အားျဖည့္မႈ သုည…. အမိႈ္က္ေလးေတြ
ၾကံဳသလိုေလွ်ာက္ပစ္ရင္း ျမဳိ႕ေတာ္သာယာလွပဖို႕ အာဏာပိုင္ေတြကို
ထိုင္ေစာင့္ေနၾကတယ္။ အဲဒီ႕အစား အျမင္မေတာ္တဲ႕ စကၠဴတစ္စကို
အမိႈက္ပံုးေလးထဲေရာက္ေအာင္ထည့္လိုက္
ဖို႔တာ ့မသိခ်င္ေယာင္ေဆာင္ထားတယ္။

ရထားဘူတာရံုေတြမွာ သန္႕စင္ခန္းေတြ
ထားေပးေစခ်င္ၾကတယ္..ဒါေပမဲ႕ အဲဒီ့သန္႕စင္ခန္းေတြကို
က်က်နန ဘယ္လိုသံုးရမလဲေတာ့ အေလးမထားဘူး။

အိႏိၵယအဲလိုင္းေတြမွာအေကာင္းဆံုး အစားအေသာက္ေတြ ေရအိမ္ေတြ ရွိေစခ်င္ၾကတယ္။
ဒါေပမဲ႔ လစ္ရင္လစ္သလို ရသေလာက္ေလး ပိုယူလာဖို႔ ခိုးလာဖို႔လဲ ၀န္မေလးဘူး။
ကဲ..ဒီေတာ့ ပ်က္စီးပုပ္သိုးေနပါတယ္ဆိုတဲ႕ ဒီစနစ္ၾကီး အဖြဲ႕အစည္းအတြက္
ဘယ္သူ႔မွာ တာ၀န္ရွိတာလဲ။

ဘယ္သူေတြက ေျပာင္းလဲဖို႕လိုေနတာလဲ…အဲဒီစနစ္ၾကီးမွာ ဘယ္သူေတြ ပါ၀င္လႈပ္ရွား
လည္ပတ္ေနတာလဲ။ကိုယ့္အိမ္ကိုယ့္ပတ္ ဝန္းက်င္ ကိုယ့္ျမိဳ႕ ကိုယ့္အဖြဲ႕အစည္း တျခား
အဖြဲ႔အစည္းေတြနဲ႕အစိုးရ အကုန္လံုးပါ၀င္ေနတာမဟုတ္ဘူးလား။

ဒါေပမဲ႕ ေသခ်ာပါတယ္..တကယ္တမ္းလက္ေတြ႕က်က် ပါ၀င္ေျပာင္းလဲလုပ္ေဆာင္ရမယ့္
အခ်ိန္က်ေတာ့ အားလံုးက
ကိုယ့္မိသားစုေလးနဲ႔ အတူတူ စိတ္ခ်လံုျခံဳတဲ႔အိမ္ေလးထဲ
အတူတူထိုင္ေနၾကျပီး ျပတင္းေပါက္ကေန ခပ္လွမ္းလွမ္းပဲ ေစာင့္ၾကည့္ေနၾကမွာပါ။

သူတို႕စိတ္ထဲမွာေတာ့ ေမာင္သန္႔ရွင္းၾကီးတစ္ေယာက္ မိုးေပၚကေနက်လာျပီး
အာလံုးကို ေနရာတက် ျပန္ျဖစ္သြားေအာင္ လဲွက်င္းရွင္းလင္း ေျပာင္းလဲေပးသြားလိမ့္မယ္လို႕
ေမ်ွာ္လင့္ရင္လဲ ေမွ်ာ္လင့္ေနၾကမွာေပါ့။

ဒါမွမဟုတ္လဲ တတ္ႏိုင္သူေတြက တျခားတိုင္းတပါးကို ေျပာင္းေရႊ႕သြားရင္လဲ သြားလိမ့္မယ္…. ဘာနဲ႕တူလဲဆိုေတာ့အမဲလိုက္ေခြးၾကီးလက္ကေန ကိုယ္လြတ္ရုန္းေျပးတဲ႕
သူရဲေဘာေလးေတြလိုပဲ။

သူတို႕စိတ္ထဲမွာ ၾကီးက်ယ္ခမ္းနားတယ္လို႔ထင္ရတဲ႕အေမရိကားရဲ႕ ဂုဏ္သေရေတာ္ေအာက္မွာ ေနပူစာလံႈခြင့္ေတာင္းခံၾကျပီး အေမရိကားရဲ႕ လူေနမႈစနစ္ေတြကို တဖြဖြခ်ီးမြမ္းခန္း ဖြင့္ေနၾကလိမ့္မယ္။

အဲ႔လိုေနရင္းနဲ႕မွာ နယူးေယာက္က မလံုျခံဳဘူးလို႕ ခံစားလာရရင္ အဂၤလန္ကိုဆက္ေျပးၾက အဂၤလန္မွာ အလုပ္အကိုင္ရွားပါးလာရင္ ပင္လယ္ေကြ႕ကို ေလယာဥ္နဲ႕ေျပး… ပင္လယ္ေကြ႕မွာ စစ္ျဖစ္လာတဲ႔အခါက်ေတာ့ လူမႈကယ္တင္ေရးအစီအစဥ္နဲ႕ အိႏိၵယကိုျပန္ပို႔ေပးဖို႕ ေတာင္းဆိုၾက။

ကိုယ့္ႏိုင္ငံရဲ႕ စနစ္ ေခတ္ကို အားျပည့္တိုးတက္လာဖို႔ေတာ့ ဘယ္သူမွ အပင္ပန္းခံျပီး မစဥ္းစားခ်င္ၾကဘူး။

အေကာင္းအဆိုးပိုင္းျခားႏိုင္တဲ႕အသိဥာဏ္ကို ေငြေၾကးပကာသနေတြနဲ႕
အေပါင္ခံထားၾကလိုက္သလိုျဖစ္ေနတယ္။
၃၅ ေယာက္ေျမာက္အေမရိကန္သမၼတ
J F Kennedy က
သူ႕ေနာက္လိုက္အေမရိကန္ေတြကို ေတာင္းဆိုခဲ႕တဲ႕ စကားေလးနဲ႕ပဲ
နိဂံုးခ်ဳပ္လိုက္မယ္။

“DO NOT ASK WHAT YOUR COUNTRY DO FOR YOU.. ASK WHAT YOU CAN DO FOR YOUR COUNTRY..”

“တိုင္းျပည္က သင့္ကို ဘာေပးႏိုင္လဲလို႕ ေမးမယ့္အစား.. တိုင္းျပည္အတြက္ သင္ဘာေပးႏုိင္မလဲ ဆိုတာပဲ ေမးပါ” ….တဲ႕……။ ” #

ျပန္လည္မွ်ေဝပါသည္။

Credit#

< Unicode Version >

အိန္ဒိယ သမ္မတပြောသွားတဲ့ “မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀ မိနစ်လောက် ပေးနိုင်မလား´´တဲ့
ပေးနိုင်ရင် ဒီစာလေးကိုဖတ်ကြည့်ပါ

မြန်မာနိုင်ငံက လူတွေအတွက် လည်း
တိုက်ဆိုင်လွန်းလို့ သူငယ်ချင်းတို့
အချိန်ယူပြီး ဖတ်စေချင်တယ်။ အချိန်
နည်းနည်းပေးပြီး ဖတ်ပေးပါ။

ဒီစာကို ဖတ် ပြီးသွားရင် သူငယ်ချင်းတို့ရဲ့ စိတ်ထဲမှာ ကိုယ့်တိုင်းပြည်အတွက် ငါတို့ဟာ တိုင်းပြည်ရဲ့ အနာဂတ်တွေ ဆိုတာ သဘောပေါက်လာလိမ့်မယ်။ တာဝန် သိစိတ်တွေ ဖြစ်ပေါ်လာလိမ့်မယ်။
အိန္ဒိယသမ္မတပြောတဲ့ မိန့်ခွန်းထဲက လက်ရှိမြန်မာလူမျိုး အတော်များများရဲ့ စိတ်ဓါတ်ကို ထင်ဟပ်စေတဲ့ အကြောင်းလေးပါ။ သဘောတူတယ် သဘောကျ တယ် နှစ်သက်တယ်ဆိုရင် ကျန်တဲ့လူတွေ သိအောင်ရှဲပေးစေချင်ပါတယ်။ အခုလို ပြောထားပါတယ်။

” မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀ မိနစ်ရမလား..?
ရတယ်ဆိုမှ ဒီစာကိုဆက်ဖတ်ပါ…
အချိန်မရှိရင်တော့ မင်းသဘောပဲ…။

အိန္ဒိယသမ္မတ:
“တို့အိန္ဒိယအစိုးရက လုပ်ဆောင်မှုတွေ မထိရောက်ဘူး မင်းပြောတယ်။ တို့နိုင်ငံရဲ့ဥပဒေတွေကလဲ အိုဟောင်းပြီး ခေတ်မမီတော့ဘူး။

မင်းပြောတယ်…စည်ပင်ကလဲ အမှိုက်တွေမရှင်းဘူး
မင်းပြောတယ်….ဖုန်းလိုင်းတွေကလဲ အလုပ်မလုပ်တာခပ်များများလို့
မင်းပြောတယ်… မီးရထားဆိုတာ ဟာသတစ်ခုပဲ..အဲလိုင်းတွေဆို ကမ္ဘာမှာ
အဆိုးဆုံး…စာပို့စနစ်မှာလဲ ဘယ်တော့မှ ပို့တဲ့စာက မရောက်ဘူး…တို့တိုင်းပြည်မှာ
အားလုံးက ခွေးစာကျွေးပစ်ရတော့မလောက် ပျက်စီးစုတ်ပြတ်မှုတွေချည်းပဲ လို့
မင်းပြောတယ်… မင်းပြော… မင်းအဲ့ဒါတွေချည်းပဲ ပါးစပ်ကနေပြောပြီး

မင်းကရောဘာတစ်ခုလုပ်လဲ…? ကောင်းပြီ..မင်းစင်္ကာပူကိုရောက်တဲ့အခါ
ကျတော့…စင်ကာပူကလမ်းတွေပေါ် မင်းဆေးလိပ်လွှင့်မပစ်ရဲဘူး..စတိုးဆိုင်မှာ မုန့်မစားရဲဘူး..
ညနေ ၅ နာရီနဲ့ ၆ နာရီကြား အောခတ်လမ်းပေါ်ကားဖြတ်မောင်းဖို့ ၅ ဒေါ်လာ
မင်းပေးတယ်… အဲ့လိုစင်ကာပူမှာ မင်းတစ်ခုခုများပြောလား..ပြောခဲ့လား…?

ဒူဘိုင်းမှာ ဥပုသ်လမျိုး လူမြင်ကွင်းမှာ မင်းအစားစားရဲလား…
မကာရ်မှာ ခေါင်းမဆောင်းပဲ မင်းအပြင်ထွက်ရဲလား.. ၀ါရှင်တန်မှာ တစ်နာရီ ၅၅ မိုင်ထက်ကျော်ပြီး မင်းကားမောင်းရဲလား… မောင်းမိလို့ ရဲလာဖမ်းရင်
ငါ့ကိုဘာမှတ်နေလဲ ငါဘာကောင်လဲ သိလား ငါဘယ်သူ့သားလဲ သိလားလို့ ရဲကို
မင်းပြောရဲလား…. အော်ဇီနဲ့ နယူးဇီလန်ကမ်းခြေတွေမှာ စားပြီးသား
အုန်းခွံတွေကို တွေ့ကရာ မင်းလျှောက်ပစ်ရဲလား….

တိုကျိုကလမ်းတွေပေါ်မှာမင်းကွမ်းတံတွေး
လျှောက်ထွေးရဲလား။ဒါတွေက မင်း
ကို မေးနေတာ။
သူများတိုင်းပြည်မှာ သူ့စည်းကမ်းနဲ့အညီ အတိအကျလေးစားလိုက်နာနိုင်ပြီး ကိုယ့်နိုင်ငံပြန်ရောက်မှ စည်းကမ်းကို မလေးစား စည်းကမ်းပျက်တတ်တဲ့ ီမင်းကိုပဲ မေးနေတာ။

အိန္ဒိယမြေကို စနင်းပြီဆိုတာနဲ့စိတ်ထင်သလို ဆေးလိပ်တွေ စက္ကူစတွေ အမှိုက်လျှောက်ဖွတတ်တဲ့
မင်းလိုလူတွေကို မေးနေတာ။

တခြားတိုင်းတပါးမှာ စည်းကမ်းလိုက်နာ
လေးစားတတ်ခဲ့တဲ့မင်းက ကိုယ့်မွေး
ရပ်နိုင်ငံမှာကျတော့ ဘာလို့ ပုံစံအတူတူ မလုပ်နိုင်ရတာလ?

အင်တာဗျူးတစ်ခုမှာ အငြိမ်းစား ဘုံဘေမြို့စည်ပင်အရေးပိုင်ကြီး Mr.Tinaikar ဘာပြောသွားလဲ သိလား?လူ့မလိုင်တွေက သူတို့ခွေးတွေနဲ့လမ်းလျှောက်ထွက်ပြီး
လမ်းတွေပေါ်မှာခွေးအညစ်အကြေးတွေထားခဲ့ကြတယ်။

ပြီးတာ့ အဲ့လူတွေကပဲတစ်ခါပြန်ပြီး ညစ်ပေနေတဲ့ လူသွားလမ်းတွေအတွက် တာဝန်ရှိသူ အဖွဲ့အစည်းတွေညံ့ဖျင်းလှချည်ရဲ့ဆိုပြီး အပြစ်တင်တတ်ကြတယ်… တာဝန်ရှိသူတွေကို
သူတို့က ဘယ်လိုလုပ်ပေးစေချင်တာလဲ။

သူတို့ခွေးတွေနောက်ကနေ တံမြက်စည်းတစ်ချောင်းကိုင်ပြီး ခွေးစွန့်ခဲ့သမျှ အညစ်အပတ်တွေကိုကောက်ကောက်လိုက်ရှင်းပေးစေချင်တာလား။

အမေရိကားမှာ ကိုယ့်အိမ်မွေးတိရစ္ဆာန်ဆီက ထွက်တဲ့ အညစ်အကြေးတွေသန့်စင်ပေးဖို့ ပိုင်ရှင်ကတာဝန်ယူရတယ်..ဂျပန်မှာလဲဒီလိုပဲဒီ အိန္ဒိယကလူတွေ
အဲ့လိုလုပ်လား..? တို့လူတွေကကျတော့ မဲပေးပွဲသွား။ မဲလေးပေးပြီး..ဖြစ်သမျှ
အကုန်ကို တာဝန်လွှဲချ ခေါင်းခံပေးဖို့ လူတစ်ယောက်ရွေးလိုက်သလိုပဲ။
ကိုယ်ကိုယ်တိုင်က ဘာတာဝန်မှ
မရှိသလိုနေပြီး အရာအားလုံးကို အစိုးရကပဲ ကကြီးခခွေးကအစ လိုက်ဖြေရှင်းပေးဖို့
ထိုင်မျှော်လင့်နေကြတယ်။

ကိုယ်တိုင်ပါ၀င်အားဖြည့်မှု သုည…. အမှို်က်လေးတွေ
ကြုံသလိုလျှောက်ပစ်ရင်း မြို့တော်သာယာလှပဖို့ အာဏာပိုင်တွေကို
ထိုင်စောင့်နေကြတယ်။ အဲဒီ့အစား အမြင်မတော်တဲ့ စက္ကူတစ်စကို
အမှိုက်ပုံးလေးထဲရောက်အောင်ထည့်လိုက်
ဖို့တာ ့မသိချင်ယောင်ဆောင်ထားတယ်။

ရထားဘူတာရုံတွေမှာ သန့်စင်ခန်းတွေ
ထားပေးစေချင်ကြတယ်..ဒါပေမဲ့ အဲဒီ့သန့်စင်ခန်းတွေကို
ကျကျနန ဘယ်လိုသုံးရမလဲတော့ အလေးမထားဘူး။

အိန္ဒိယအဲလိုင်းတွေမှာအကောင်းဆုံး အစားအသောက်တွေ ရေအိမ်တွေ ရှိစေချင်ကြတယ်။
ဒါပေမဲ့ လစ်ရင်လစ်သလို ရသလောက်လေး ပိုယူလာဖို့ ခိုးလာဖို့လဲ ၀န်မလေးဘူး။
ကဲ..ဒီတော့ ပျက်စီးပုပ်သိုးနေပါတယ်ဆိုတဲ့ ဒီစနစ်ကြီး အဖွဲ့အစည်းအတွက်
ဘယ်သူ့မှာ တာဝန်ရှိတာလဲ။

ဘယ်သူတွေက ပြောင်းလဲဖို့လိုနေတာလဲ…အဲဒီစနစ်ကြီးမှာ ဘယ်သူတွေ ပါ၀င်လှုပ်ရှား
လည်ပတ်နေတာလဲ။ကိုယ့်အိမ်ကိုယ့်ပတ် ဝန်းကျင် ကိုယ့်မြို့ ကိုယ့်အဖွဲ့အစည်း တခြား
အဖွဲ့အစည်းတွေနဲ့အစိုးရ အကုန်လုံးပါ၀င်နေတာမဟုတ်ဘူးလား။

ဒါပေမဲ့ သေချာပါတယ်..တကယ်တမ်းလက်တွေ့ကျကျ ပါ၀င်ပြောင်းလဲလုပ်ဆောင်ရမယ့်
အချိန်ကျတော့ အားလုံးက
ကိုယ့်မိသားစုလေးနဲ့ အတူတူ စိတ်ချလုံခြံုတဲ့အိမ်လေးထဲ
အတူတူထိုင်နေကြပြီး ပြတင်းပေါက်ကနေ ခပ်လှမ်းလှမ်းပဲ စောင့်ကြည့်နေကြမှာပါ။

သူတို့စိတ်ထဲမှာတော့ မောင်သန့်ရှင်းကြီးတစ်ယောက် မိုးပေါ်ကနေကျလာပြီး
အာလုံးကို နေရာတကျ ပြန်ဖြစ်သွားအောင် လှဲကျင်းရှင်းလင်း ပြောင်းလဲပေးသွားလိမ့်မယ်လို့
မျှော်လင့်ရင်လဲ မျှော်လင့်နေကြမှာပေါ့။

ဒါမှမဟုတ်လဲ တတ်နိုင်သူတွေက တခြားတိုင်းတပါးကို ပြောင်းရွှေ့သွားရင်လဲ သွားလိမ့်မယ်…. ဘာနဲ့တူလဲဆိုတော့အမဲလိုက်ခွေးကြီးလက်ကနေ ကိုယ်လွတ်ရုန်းပြေးတဲ့
သူရဲဘောလေးတွေလိုပဲ။

သူတို့စိတ်ထဲမှာ ကြီးကျယ်ခမ်းနားတယ်လို့ထင်ရတဲ့အမေရိကားရဲ့ ဂုဏ်သရေတော်အောက်မှာ နေပူစာလှုံခွင့်တောင်းခံကြပြီး အမေရိကားရဲ့ လူနေမှုစနစ်တွေကို တဖွဖွချီးမွမ်းခန်း ဖွင့်နေကြလိမ့်မယ်။

အဲ့လိုနေရင်းနဲ့မှာ နယူးယောက်က မလုံခြံုဘူးလို့ ခံစားလာရရင် အင်္ဂလန်ကိုဆက်ပြေးကြ အင်္ဂလန်မှာ အလုပ်အကိုင်ရှားပါးလာရင် ပင်လယ်ကွေ့ကို လေယာဉ်နဲ့ပြေး… ပင်လယ်ကွေ့မှာ စစ်ဖြစ်လာတဲ့အခါကျတော့ လူမှုကယ်တင်ရေးအစီအစဉ်နဲ့ အိန္ဒိယကိုပြန်ပို့ပေးဖို့ တောင်းဆိုကြ။

ကိုယ့်နိုင်ငံရဲ့ စနစ် ခေတ်ကို အားပြည့်တိုးတက်လာဖို့တော့ ဘယ်သူမှ အပင်ပန်းခံပြီး မစဉ်းစားချင်ကြဘူး။

အကောင်းအဆိုးပိုင်းခြားနိုင်တဲ့အသိဉာဏ်ကို ငွေကြေးပကာသနတွေနဲ့
အပေါင်ခံထားကြလိုက်သလိုဖြစ်နေတယ်။
၃၅ ယောက်မြောက်အမေရိကန်သမ္မတ
J F Kennedy က
သူ့နောက်လိုက်အမေရိကန်တွေကို တောင်းဆိုခဲ့တဲ့ စကားလေးနဲ့ပဲ
နိဂုံးချုပ်လိုက်မယ်။

“DO NOT ASK WHAT YOUR COUNTRY DO FOR YOU.. ASK WHAT YOU CAN DO FOR YOUR COUNTRY..”

“တိုင်းပြည်က သင့်ကို ဘာပေးနိုင်လဲလို့ မေးမယ့်အစား.. တိုင်းပြည်အတွက် သင်ဘာပေးနိုင်မလဲ ဆိုတာပဲ မေးပါ” ….တဲ့……။ ” #

ပြန်လည်မျှဝေပါသည်။

Credit#

You may also like...