တန္ဖိုးထားမႈ

ငါ တန္ဖိုးထားတဲ့အရာေတြက ငါ့ဘဝကို ပံုေဖၚေပးမယ္။

ငါ ဘာကို တန္ဖိုးထားသလဲဆိုတာကိုမွ မသိရင္ ငါ့ဘဝကို ငါ ဘယ္လိုေနရမယ္ဆိုတာ

ဘယ္လိုလုပ္ၿပီး သိႏိုင္ေတာ့မလဲ။

ကိုယ့္ရဲ႕တန္ဖိုးထားမႈ မေရရာရင္ ကိုယ့္စိတ္မွာ စုစည္းမႈ မရိွဘူး။ ဒီလူဟာ ျပင္ပမွာလည္းပဲ

သူ႔ဘဝဟာ အစိတ္စိတ္အမႊာမႊာ ကြဲေနတယ္၊ အတြင္းမွာလည္းပဲသူ႔စိတ္က အစိတ္စိတ္အမႊာမႊာ

ကဲြေနတယ္၊ အတြင္းမွာလည္းပဲ သူ႔စိတ္က အစိတ္စိတ္ အမႊာမႊာျဖစ္ေနတယ္။ စုစည္းမႈ မရိွဘူး။

ကိုယ္တန္ဖိုးထားတဲ့အရာက ကိုယ့္ဘဝကို စုစည္ေပးတယ္၊ ကိုယ့္အင္အားေတြကို

စုစည္းေပးလိုက္တယ္။ ဥပမာ- ေနေရာင္ျခည္မွာ မွန္ဘီလူးတစ္ခုကို ထားၾကည့္မယ္ဆိုရင္

အဲဒီမွန္ဘီလူးက ေနေရာင္ျခည္ကို စုေပးလုိက္တယ္ေနာ္။ တစ္ေနရာထဲမွာ အလင္းေရာင္ေတြ

လာစုတဲ့အတြက္ေၾကာင့္ သူ႔ရဲ႕အစြမ္းသတၱိဟာ ပိုၿပီးေတာ့ ထက္ျမက္လာတယ္။ အဲသလိုပဲ

တစ္ခုခုကို ကိုယ္က ျပတ္ျပတ္သားသား ရည္မွန္းခ်က္ထားလိုက္ၿပီဆိုရင္ အဲဒီရည္မွန္းခ်က္က

ကိုယ့္ရဲ႕

စိတ္ဓာတ္အင္အားေတြ၊ အသိဥာဏ္အင္အားေတြကို စုေပးလုိက္တာပဲ။ အဲသလိုစုလိုက္မွပဲ သူ႔ရဲ႕အစြမ္းသတၱိက ထက္ျမက္လာတယ္။

တန္ဖိုးထားစရာေတြကို တန္ဖိုးထားႏိုင္တဲ့စြမ္းရည္ ကိုယ့္မွာရိွမွသာ အဲဒီတန္ဖိုးထားစရာဟာ

တကယ္ထိေရာက္တယ္လို႔ ေျပာလို႔ရတယ္။ ကိုယ္က တန္ဖိုးထားတတ္တဲ့သူ ျဖစ္မွ

တန္ဖိုးထားႏိုင္တဲ့စိတ္ထား ရိွမွ ကိုယ္တန္ဖိုးထားတဲ့အရာက ကိုယ့္ကို အားရိွေစမယ္။ ကိုယ္က

တန္ဖိုးထားမွ သူ႔ဆီက energyကို ကိုယ္ ရမယ္။

တန္ဖိုးထားတတ္တဲ့သူအဖို႔ တန္ဖိုးထားစရာေတြဟာ ေနရာတိုင္းမွာ ေတြ႔ႏိုင္ပါတယ္။

ေက်းဇူးသိတတ္တဲ့သူအဖို႔ ေက်းဇူးတင္စရာေတြဟာ ေနရာတိုင္းမွာ ေတြ႔ႏိုင္ပါတယ္။

စိတ္ဝင္စားတတ္တဲ့သူအဖို႔ စိတ္ဝင္စားစရာေတြဟာ ေနရာတိုင္းမွာ ေတြ႔ႏိုင္ပါတယ္။

လူေတြမွာတကယ္လိုအပ္တာက ပစၥည္းဥစၥာ wealth လည္း မဟုတ္ဘူး၊ esteem ဆိုတဲ့

သူမ်ားကိုယ့္ကိုအထင္ႀကီးဖို႔လည္း မဟုတ္ဘူး။ တကယ္လိုအပ္တာက ဂုဏ္လည္း မဟုတ္ဘူး၊

ပစၥည္းလည္း မဟုတ္ဘူး။ တန္ဖိုးထားၿပီးေနသြားရမယ့္ တန္ဖိုးထားစရာ ျဖစ္ေနတယ္။

ဘာအတြက္ အသက္ရွင္ေနတာလဲ၊ေသရမယ္ဆိုရင္ေတာင္မွ ေသရဲပါတယ္လို႔ေျပာ

ရေလာက္ေအာင္ တန္ဖိုးထားတာ ဘာရိွသလဲ၊ ဒီကိစၥအတြက္ဆိုရင္ေတာ့ အသက္ေသရလည္း

ပဲ အေသခံလိုက္မယ္လို႔ ေျပာရေလာက္ေအာင္”ကိုယ္တန္ဖိုးထားတဲ့အရာ ဘာရိွသလဲ” အဲဒါကို

ေမးဖို႔လိုတယ္၊ အဲဒါကို ရေအာင္ရွာဖို႔ လိုတယ္။ အကယ္၍ ေသရမယ္ဆိုရင္ေတာင္မွ

အေသခံရဲေလာက္တဲ့အရာ၊ တန္ဖိုးထားေလာက္တာ ကိုယ့္မွာ ဘာမွမရိွဘူးဆိုရင္ ကိုယ့္မွာ

ဘဝမရိွဘူးလို႔ ေျပာလို႔ရတယ္။

႔ေျပာရေလာက္ေအာင္ တန္ဖိုးထားတာ ဘာရိွသလဲ၊ ဒီကိစၥအတြက္ဆိုရင္ေတာ့

အသက္ေသရလည္းပဲ အေသခံလိုက္မယ္လို႔ ေျပာရေလာက္ေအာင္”ကိုယ္တန္ဖိုးထားတဲ့အရာ

ဘာရိွသလဲ” အဲဒါကို ေမးဖို႔လိုတယ္၊ အဲဒါကို ရေအာင္ရွာဖို႔ လိုတယ္။ အကယ္၍

ေသရမယ္ဆိုရင္ေတာင္မွ အေသခံရဲေလာက္တဲ့အရာ၊ တန္ဖိုးထားေလာက္တာ ကိုယ့္မွာ

ဘာမွမရိွဘူးဆိုရင္ ကိုယ့္မွာ ဘဝမရိွဘူးလို႔ ေျပာလို႔ရတယ္။

တာင္မွ အေသခံရဲေလာက္တဲ့အရာ၊ တန္ဖိုးထားေလာက္တာ ကိုယ့္မွာ ဘာမွမရိွဘူးဆိုရင္

ကိုယ့္မွာ ဘဝမရိွဘူးလို႔ ေျပာလို႔ရတယ္။

ဘယ္ဟာကို တန္ဖိုးထားရမယ္ဆိုတာကို စကားႏိုင္လုၿပီးေတာ့ အႏိုင္ရလိုက္တဲ့ဟာကို

တန္ဖိုးထားလိုက္ရတာမ်ိဳး မဟုတ္ဘူး။ ရင္ထဲကျဖစ္လာတဲ့ သေဘာထားေတြ ေစတနာေတြဟာ

ကိုယ္တန္ဖိုးထားတာရဲ႕၊ value ရဲ႕၊ ပင္ရင္း ျဖစ္ရမယ္၊ အမွားအမွန္ကိုသိတဲ့ ကိုယ့္ကိုယ္ပိုင္အ

သိဥာဏ္မွာ အေျခခံရမယ္။

ကိုယ္ဘာကို တန္ဖိုးထားရတယ္ဆိုတာကို ကိုယ္တုိင္က ခိုင္ခိုင္မာမာ ခံယူမွသာ၊ ဆံုးျဖတ္မွသာ၊

ေရြးခ်ယ္မွသာ ထိေရာက္မႈရိွမယ္။ ကိုယ့္ရဲ႕အျပဳအမႈဟာ ကိုယ္ ဘယ္လိုအမွန္တရားမ်ိဳးကို

ျမင္ထားသလဲဆိုတာေပၚမွာ အေျခခံမွသာ ကိုယ္သိထားတဲ့ အမွန္တရားေပၚမွာအေျခခံၿပီးေတာ့

အဲဒီအမွန္တရားကို (relate လုပ္ေနတဲ့အေနနဲ႔) က်င့္သံုးေနတဲ့အေနနဲ႔ပဲ ကိုယ့္ဘဝကိုေနသြားမွ

သာ ကိုယ့္ value ဟာ ထိေရာက္မႈ ရိွမယ္။ အဲဒါမွသာ ပီျပင္တဲ့ဘဝ ျဖစ္မယ္၊ ထိေရာက္တဲ့

ဘဝျဖစ္မယ္။

ေရြးခ်ယ္မွသာ ထိေရာက္မႈရိွမယ္။ ကိုယ့္ရဲ႕အျပဳအမႈဟာ ကိုယ္ ဘယ္လိုအမွန္တရားမ်ိဳးကို

ျမင္ထားသလဲဆိုတာေပၚမွာ အေျခခံမွသာ ကိုယ္သိထားတဲ့ အမွန္တရားေပၚမွာအေျခခံၿပီးေတာ့

အဲဒီအမွန္တရားကို (relate လုပ္ေနတဲ့အေနနဲ႔) က်င့္သံုးေနတဲ့အေနနဲ႔ပဲ ကိုယ့္ဘဝကိုေနသြားမွသာ

ကိုယ့္ value ဟာ ထိေရာက္မႈ ရိွမယ္။ အဲဒါမွသာ ပီျပင္တဲ့ဘဝ ျဖစ္မယ္၊ ထိေရာက္တဲ့ ဘဝျဖစ္မယ္။

အမွန္ေတာ့ ကိုယ့္ရဲ႕value ကိုယ့္ရဲ႕ခံယူခ်က္ဟာ ကိုယ့္စိတ္ကို တကယ္အသက္ဝင္ေနေအာင္

လုပ္ေပးႏိုင္ရမယ္။ ရင္ထဲကခံယူခ်က္မပါတဲ့ အျပဳအမႈေတြဟာ (dry empty forms)

ေျခာက္ေသြ႔ၿပီး အႏွစ္သာရမရိွတဲ့ အေပၚယံဟန္အမူအယာေတြ ျဖစ္သြားတယ္။

အေျပာင္းအလဲတစ္ခု ျဖစ္သြားရင္ မေျပာင္းလဲေတာ့တဲ့ အေျခအေနတစ္ခုကို ေရာက္အံုးမွာလား

ဆိုေတာ့.. အေျပာင္းအလဲတစ္ခု ျဖစ္ၿပီးရင္ ေနာက္ထပ္အေျပာင္းအလဲတစ္ခု ျဖစ္အံုးမယ္လို႔ပဲ

မွန္းထားရမယ္။ အေျပာင္းအလဲမျဖစ္ဘဲနဲ႔ တည္ၿငိမ္ေနတဲ့အေျခအေနတစ္ခုကို ေရာက္ရင္ေတာင္

မွ အဲဒါ ခဏပဲ ေနမွာ။ အေျခအေနေတြ ဘယ္ေလာက္ပဲ ေျပာင္းလဲသြားေျပာင္းလဲသြား ကိုယ့္ရဲ႕

တန္ဖိုးထားမႈနဲ႔ ကိုယ့္ရဲ႕ဦးတည္ခ်က္ကို လက္လြတ္အဆံုးရံႈး မခံဘဲနဲ႔၊ ယံုၾကည္ခ်က္

ခိုင္ခိုင္မာမာနဲ႔ ကိုယ့္အလုပ္ကိုကိုယ္ ဆက္လုပ္ရမယ္။ အေရးႀကီးတာက “ငါ ဘယ္လိုလူလဲ၊

ငါ့စရိုက္ဝါသနာဟာ ဘာလဲ၊ ငါ့ပါရမီဓာတ္ခံဟာ ဘာလဲ၊ ငါ ဘာေၾကာင့္လူျဖစ္လာတာလဲ၊ ငါ

ဘာကိုလုပ္ဖို႔ လူျဖစ္လာတာလဲ။” အဲဒါေတြကို ကိုယ့္ဟာကိုယ္ ေသေသခ်ာခ်ာစဥ္းစားၿပီးေတာ့

အေျဖကိုရေအာင္ လုပ္သင့္တယ္။

ျပင္ပအရာဝတၳဳကိုပဲ အဓိကရည္မွန္းတာ မ်ားတယ္။ ေငြလိုခ်င္တယ္။ ပစၥည္းလိုခ်င္တယ္။

ရာထူးလိုခ်င္တယ္။ ေက်ာ္ၾကားမႈ လိုခ်င္တယ္။ လိုခ်င္တာေတြဟာ မ်ားေသာအားျဖင့္ ျပင္ပမွာ

ရိွေနတာေတြ ျဖစ္တယ္။ ငါ ဘယ္လိုလူ ျဖစ္ခ်င္တယ္၊ ဘယ္လို စိတ္ထားမ်ိဳးကိုလိုခ်င္တယ္။ 

ဘယ္လို အသိဥာဏ္မ်ိဳးကိုလိုခ်င္တယ္ဆိုၿပီး ရည္မွန္းခ်က္ထားတဲ့သူက ေတာ္ေတာ္ နဲတယ္။


လူေတြမွာ ေရရွည္ရည္မွန္းခ်က္ မျပတ္သားဘူး။ ဒါကို ငါတကယ္ ရည္မွန္းခ်က္ထားတယ္၊ အၿမဲတမ္း ဒီဟာကိုပဲဦးတည္ၿပီး ေနသြားေတာ့မယ္လို႔ ျပတ္ျပတ္သားသား မဆံုးျဖတ္ႏိုင္ဘူး၊၊ ကိုယ့္ကိုယ္ကိုလည္း မယံုေတာ့ဘူး။ ဘာကိုမွမယံုေတာ့လို႔ ဘာမွမျပတ္သားတဲ့လူဟာ ဘယ္မွာ အားတတ္ႏိုင္ေတာ့မလဲ။ ဒီျပႆနာေတြဟာ လူသားတစ္ေယာက္အတြက္ ေပါ့ေပါ့တန္တန္ျပႆနာေတြ မဟုတ္ဘူး။


ကိုယ့္အသိဥာဏ္ကမေရရာရင္ ကိုယ့္ဘဝလည္း မေရရာဘူး။
ဒါေၾကာင့္ မေရရာမႈေတြ အင္မတန္မ်ားေနတဲ့ေခတ္မွာ ကိုယ့္မွာ ပိုင္ပုိင္ႏိုင္ႏိုင္ တိတိက်က် ျပတ္ျပတ္သားသား တန္ဖိုးထားႏိုင္တဲ့ value ဆိုတာ ရိွရမယ္။ တန္ဖိုးထားမႈတစ္ခုခု ရိွရမယ္။ ေခတ္ေတြ ဘယ္လိုေျပာင္းသြားေျပာင္းသြား ငါ့ရဲ႕တန္ဖိုးထားမႈကေတာ့ မေျပာင္းေတာ့ဘူး။ ငါ ဒါကို တန္ဖိုးထားတယ္။ ေနာက္ဘဝထိေအာင္ တန္ဖိုးထားမယ္ဆိုတာမ်ိဳး ရိွကိုရိွမွ ျဖစ္မယ္။


တန္ဖိုးထားစရာကို ျပတ္ျပတ္သားသားေရြးခ်ယ္ၿပီးေတာ့စိတ္ပါလက္ပါ က်င့္သံုးလိုက္ျခင္းအားျဖင့္

ပိုၿပီးေတာ့ေက်နပ္စရာေကာင္းတဲ့ ထိေရာက္တဲ့ လူ႔အသိုင္းအဝိုင္းႀကီးတစ္ခုကို တစ္ဦးခ်င္းက

တည္ေဆာက္ႏိုင္လာလိမ့္မယ္။ အဲသလို တည္ေဆာက္လာႏိုင္မွသာ အခုလို အင္မတန္မေအးခ်မ္းတဲ့ ေခတ္ကာလႀကီးကို ေက်ာ္လႊားႏိုင္မယ္။


ကိုယ့္ကိုယ္ကို တကယ္ရိုးရိုးသားသား မွန္မွန္ကန္ကန္ တန္ဖိုးထားႏိုင္တဲ့သူဟာ တျခားတစ္ေယာက္မွာလည္းပဲ အဲသလို စိတ္ေကာင္းေစတနာေကာင္းေလးေတြနဲ႔ျမင့္ျမတ္တဲ့ value ေတြရိွေနတာကုိ ေတြ႕ရရင္ အဲဒါကိုလည္း ေက်ေက်နပ္နပ္ လိႈက္လိႈက္လွဲလွဲ တန္ဖိုးထားႏိုင္မွာပဲ။


အတြင္းမွာ အႏွစ္သာရရိွေနတဲ့သူဟာ တျခားလူနဲ႔ဆက္ဆံတဲ့အခါမွာ အားပါတယ္။ သူ႔မွာ ေျပာစရာရိွတယ္၊ ေဆြးေႏြးစရာရိွတယ္၊ ေပးစရာရိွတယ္၊ ယူစရာလည္း ရိွတယ္။ အဲသလိုလူဟာ ဘဝအဓိပၸါယ္မဲ့တဲ့၊ empty ျဖစ္တဲ့ခံစားမႈ မရိွသလို၊ အထီးက်န္အေဖာ္မဲ့၊ lonely ျဖစ္တဲ့ခံစားမႈလည္း သိပ္မရိွေတာ့ဘူး။ လူေတြကို ေလးစားတယ္၊ တန္ဖိုးထားတယ္၊ လူေတြအတြက္ ေဆာက္ရြက္ခ်င္တယ္၊ သူ႔မွာ ေဆာက္ရြက္ႏိုင္တဲ့ အရည္အခ်င္းလည္း ရိွတယ္။ အဲသလိုလူဟာ empty လည္း မျဖစ္သလို lonely လည္း မျဖစ္ဘူး။ အတြင္းမွာ အႏွစ္သာရ မျပည့္ဝတဲ့သူဟာ စိတ္ပိုင္းအေနနဲ႔ ေပးတာယူတာ အင္မတန္နည္းသြားတဲ့အတြက္ေၾကာင့္သူနဲ႔ တျခားလူေတြနဲ႔ ဆက္ဆံေရးဟာ သိပ္နက္ရိႈင္းမႈမရိွဘူး။ သူ တကယ္သိတာ ဘာမွမရိွလို႔ တစ္ခုခုကို ေနာက္တစ္ေယာက္ကိုေျပာျပစရာ မရိွဘူး။ သူ တကယ္တန္ဖိုးထားတာ၊ သူတကယ္ခံစားရတာလည္း ဘာမွမရိွလို႔ ဘာကိုမွ အေလးအနက္မထားတဲ့သူမွာ အေဖာ္ေကာင္းဆိုတာ မရိွႏိုင္ဘူး။ ဘာမွလည္း ပိုင္ပိုင္ႏိုင္ႏိုင္ မသိဘူး၊ ဘာယံုၾကည္ခ်က္မွလည္း မရိွဘူး၊ ဘာခံယူခ်က္မွလည္း မရိွဘူး၊ ဘာကိုမွလည္း တကယ္ တန္ဖိုးမထားဘူး၊ ဒါေၾကာင့္ စိတ္ထဲမွာ empty ျဖစ္ေနတဲ့လူဟာ သူက ေနာက္တစ္ေယာက္ကို ဘာေပးမွာလဲ။ သူ႔မွာ ေပးစရာ မရိွဘူး။ စိတ္ပိုင္းဆိုင္ရာ ေပးစရာ မရိွဘူး။ အဲဒီလိုလူဟာ ယူလည္း မယူႏိုင္ဘူး။


အရာရာတိုင္းကို တန္ဖိုးထားၿပီးေတာ့ ကိုယ္ေနရတဲ့အခ်ိန္ေလးေတြကို တန္ဖိုးထားၿပီးေတာ့ အခြင့္ထူးႀကီးရသလို ေနသြားမယ္ဆိုရင္ ဒီလူရဲ႕ဘဝဟာ ဘယ္ေလာက္ ေလးနက္မလဲေနာ္။ သာမန္လူေတြမွာေတာ့ အမႈမဲ့အမွတ္မဲ့ ေနသြားၾကတဲ့အတြက္ ကိုယ့္ဘဝမွာ အခြင့္ထူးေတြရေနတာကို မသိၾကဘူး။ ဝမ္းသာရမွန္း မသိၾကဘူး။ ဘာမွမထူးတဲ့အရာေတြလို႔ သေဘာထားၾကတယ္။ ထူးတာက ျပင္ပမွာ မရိွဘူး။ အသိအျမင္ထူးမွ၊ သေဘာထားထူးမွ၊ ျမင္သမွ်ၾကားသမွ် လုပ္သမွ်ေတြဟာ ထူးလာမယ္။


လူတိုင္းလူတိုင္း ေန႔စဥ္ ေရြးခ်ယ္မႈ (Choice)ေတြ လုပ္ေနရပါတယ္။ လမ္းဆံုလမ္းခြမွာ ေရာက္ေနၿပီးေတာ့ဘယ္လမ္းေရြးမလဲဆိုတာ ေန႔စဥ္ ေရြးခ်ယ္ဆံုးျဖတ္ေနရတယ္။ ကိုယ့္လမ္းကိုကိုယ္ ျပတ္ျပတ္သားသား ေရြးခ်ယ္မွသာ စိတ္ဓာတ္အင္အားႀကီးမားတယ္လို႔ ေခၚႏိုင္တယ္။ ကိုယ့္လမ္း ကိုယ္သိၿပီး ကိုယ္တိုင္ေရြးခ်ယ္မွသာလွ်င္ အရည္အေသြးေတြ ႀကီးပြားတိုးတက္လာႏိုင္တယ္။


တစ္ခုခုကို စိတ္ပါလက္ပါ ေရြးခ်ယ္ၾကည့္လိုက္ပါ။ အဲဒီလိုေရြးခ်ယ္လိုက္တဲ့ ဆံုးျဖတ္ခ်က္ေၾကာင့္ကိုပဲ အင္မတန္ႀကီးမားတဲ့အင္အားေတြ ရလာတယ္။ မျပတ္သားမႈေလာက္ အင္အားေလ်ာ့တာ မရိွဘူး။ လုပ္ခ်င္သလို မလုပ္ခ်င္သလို၊ လုပ္ရင္ေကာင္းမလား၊ မလုပ္ရင္ေကာင္းမလား မသိဘူးဆိုၿပီး စိတ္ႏွစ္ခြျဖစ္ေနတာ စိတ္ဓာတ္အင္အားအမ်ားႀကီး ျပဳန္းတီးမႈ ျဖစ္ေစတယ္။ ျပတ္သားတဲ့ဆႏၵ၊ ရည္ရြယ္ခ်က္၊ ဦးတည္ခ်က္ ထားလိုက္ၿပီဆိုတာနဲ႔ပဲ အင္အားေတြ အမ်ားႀကီး ထြက္လာတယ္။


အခုေခတ္လူေတြက ငယ္ငယ္ရြယ္ရြယ္ကတည္းကကိုပဲ ပိုၿပီးေတာ့ အေၾကာင္းအက်ိဳး မွန္မွန္ကန္ကန္တိတိက်က် စဥ္းစားတတ္ေအာင္ ေလ့လာဖို႔ ေလ့က်င့္ဖို႔ အင္မတန္လိုအပ္တယ္။ ဒီေခတ္မွာမွ ကိုယ့္အားကိုယ္ကိုးဆိုတာ ပိုေတာင္ မွန္လာတယ္။ ကိုယ့္အားကိုယ္ကိုးဆိုတာ ကိုယ့္စားဝတ္ေနေရးအတြက္ ကိုယ့္ကိုယ္ကို အားကိုးတာတစ္ခုထဲတင္ မဟုတ္ဘူး၊ အယူအဆအေတြးအေခၚနဲ႔ ပတ္သက္ၿပီးေတာ့လည္း ကိုယ့္အားကိုယ္ကိုးလုပ္ရတဲ့ေခတ္ ျဖစ္ေနတယ္။ ပညာသင္တဲ့အခါမွာလည္းပဲ အလုပ္လုပ္တတ္ရံု၊ ပိုက္ဆံရွာတတ္ရံု တစ္ခုထဲနဲ႔ ဒီေခတ္မွာ မလံုေလာက္ေတာ့ဘူး။ ဘဝနဲ႔ပတ္သက္ၿပီးေတာ့ ဘယ္ဟာကိုတန္ဖိုးထားရမလဲ၊ ဘယ္လိုဆက္ဆံရမလဲ၊ ကိုယ့္မွာ ဘယ္လိုမူမ်ိဳးရိွရမလဲ၊ ဘယ္လို ခံယူခ်က္မ်ိဳးရိွရမလဲ၊ ဘယ္လို values မ်ိဳး ရိွရမလဲဆိုတာကိုပါ စဥ္းစားတတ္တဲ့ပညာမ်ိဳးကိုသင္ဖို႔ အင္မတန္ အေရးႀကီးတဲ့ေခတ္ ျဖစ္ေနတယ္။


လူငယ္ေတြမွာ ေကာင္းတာကိုလုပ္ခ်င္စိတ္ ရိွၾကပါတယ္။ တန္ဖိုးထားရမယ့္ အရာ၊ တန္ဖိုးထားရမယ့္သူ၊ တန္ဖိုးထားရမယ့္အေတြးအေခၚ အယူအဆေတြကို သိခ်င္ၾကတယ္၊ လိုခ်င္ၾကတယ္။ တကယ္ ကိုယ့္စိတ္ႏွလံုးပံုေပးၿပီးေတာ့ျမတ္ႏိုးရမယ့္အရာကို ရွာေနၾကတယ္။
အဲဒါကို ေတြ႔တဲ့သူ၊ ရတဲ့သူဟာ ဦးတည္ခ်က္မွန္ကန္ၿပီးေတာ့ ဘဝကို ေအာင္ေအာင္ျမင္ျမင္ ေနသြားႏိုင္တယ္။ မေတြ႔တဲ့သူ၊ မရတဲ့သူေတြကေတာ့လမ္းေပ်ာက္တဲ့သူ၊ ဘဝကိုစိတ္ပ်က္တဲ့သူ၊ ေလာကႀကီးကိုအထင္မႀကီးတဲ့သူ၊ လူေတြကိုအထင္မႀကီးတဲ့သူ ေနာက္ဆံုး ကိုယ့္ကိုယ္ကိုအထင္မႀကီးတဲ့သူေတြ ျဖစ္ၿပီးေတာ့ မိမိကိုယ္ကိုလည္း ဖ်က္ဆီးတတ္တယ္။ ေလာကႀကီးကိုပါ ဖ်က္ဆီးတတ္တယ္။


လူတစ္ေယာက္မွာရိွတဲ့ ေကာင္းတဲ့အရည္အခ်င္းတစ္ခုကို တကယ္ လိႈက္လိႈက္လွဲလွဲ တန္ဖိုးထားပါ၊ ျမတ္ႏိုးပါ၊ အသိအမွတ္ျပဳပါ။ ဒီလို တျခားတစ္ေယာက္မွာရိွတဲ့ ေကာင္းကြက္ေလးေတြကို တကယ္ လိႈက္လိႈက္လွဲလွဲ တန္ဖိုးထားမယ္၊ ျမတ္ႏိုးမယ္၊ အသိအမွတ္ျပဳမယ္ဆိုရင္ အဲဒီ အရည္အခ်င္းမ်ိဳးကိုယ့္မွာလည္း ျဖစ္လာမယ္။ ႀကီးပြားေရး ေအာင္ျမင္ေရးမွာ ဒီအခ်က္ဟာ သိပ္အေရးႀကီးတယ္။ တျခားလူတစ္ေယာက္ရဲ႕ ေကာင္းကြက္တစ္ခုကို အသိအမွတ္ မျပဳႏိုင္ဘူး။ တန္ဖိုးမထားႏိုင္ဘူးဆိုရင္ အဲဒီအရည္အခ်င္းမ်ိဳး ကိုယ့္မွာျဖစ္ခြင့္ကို ပိတ္ပင္လိုက္သလို ျဖစ္သြားတယ္။ စိတ္ရဲ႕သဘာဝဟာ ထူးဆန္းတယ္။


ပိုၿပီးနက္နဲသိမ္ေမြ႔တာ ပိုၿပီးေလးနက္တာကိုသိခ်င္ရင္ အဲဒီလိုသိႏိုင္မည့္ စိတ္မ်ိဳးကို ျပဳစုပ်ိဳးေထာင္ယူရတယ္။ ဒါဟာ လူတစ္ေယာက္အေနနဲ႔ လူ႔ဘဝမွာလုပ္ရမည့္ အဆင့္အျမင့္ဆံုးအလုပ္ ျဖစ္ပါတယ္။


What you see depends on who you are.
ကိုယ္ဘာကို သိျမင္ခံစားရတယ္ဆိုတာ ကိုယ္ဘယ္လိုလူလဲဆိုတာေပၚမွာ မူတည္တယ္။


တကယ္ေတာ့ ကိုယ္က ေလွ်ာက္လဲခ်က္ေပးရမယ့္သူဟာ မွန္ထဲမွာ ျမင္ရတဲ့သူပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ့္ကို ျပင္းျပင္းထန္ထန္အျပစ္ေပးႏိုင္တာ ကိုယ့္စိတ္ပဲ။ ေနာက္ဆံုးအခ်ိန္မွာ ကိုယ့္စိတ္ကကိုယ့္ကို စီရင္ခ်က္ခ်လိုက္တာပဲ။⛳️ ⛳️ ⛳️

💧“ ေတြးမိတိုင္း ေပ်ာ္တယ္ ” 💧စာအုပ္မွ ကူးယူေဖာ္ျပပါသည္၊၊

Credit#

< Unicode Version >

တန်ဖိုးထားမှု့

ငါ တန်ဖိုးထားတဲ့အရာတွေက ငါ့ဘဝကို ပုံဖေါ်ပေးမယ်။

ငါ ဘာကို တန်ဖိုးထားသလဲဆိုတာကိုမှ မသိရင် ငါ့ဘဝကို ငါ ဘယ်လိုနေရမယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်တော့မလဲ။

ကိုယ့်ရဲ့တန်ဖိုးထားမှု မရေရာရင် ကိုယ့်စိတ်မှာ စုစည်းမှု မရှိဘူး။ ဒီလူဟာ ပြင်ပမှာလည်းပဲ သူ့ဘဝဟာ အစိတ်စိတ်အမွှာမွှာ ကွဲနေတယ်၊ အတွင်းမှာလည်းပဲသူ့စိတ်က အစိတ်စိတ်အမွှာမွှာ ကွဲနေတယ်၊ အတွင်းမှာလည်းပဲ သူ့စိတ်က အစိတ်စိတ် အမွှာမွှာဖြစ်နေတယ်။ စုစည်းမှု မရှိဘူး။ ကိုယ်တန်ဖိုးထားတဲ့အရာက ကိုယ့်ဘဝကို စုစည်ပေးတယ်၊ ကိုယ့်အင်အားတွေကို စုစည်းပေးလိုက်တယ်။ ဥပမာ- နေရောင်ခြည်မှာ မှန်ဘီလူးတစ်ခုကို ထားကြည့်မယ်ဆိုရင် အဲဒီမှန်ဘီလူးက နေရောင်ခြည်ကို စုပေးလိုက်တယ်နော်။ တစ်နေရာထဲမှာ အလင်းရောင်တွေ လာစုတဲ့အတွက်ကြောင့် သူ့ရဲ့အစွမ်းသတ္တိဟာ ပိုပြီးတော့ ထက်မြက်လာတယ်။ အဲသလိုပဲ တစ်ခုခုကို ကိုယ်က ပြတ်ပြတ်သားသား ရည်မှန်းချက်ထားလိုက်ပြီဆိုရင် အဲဒီရည်မှန်းချက်က ကိုယ့်ရဲ့ စိတ်ဓာတ်အင်အားတွေ၊ အသိဉာဏ်အင်အားတွေကို စုပေးလိုက်တာပဲ။ အဲသလိုစုလိုက်မှပဲ သူ့ရဲ့အစွမ်းသတ္တိက ထက်မြက်လာတယ်။

တန်ဖိုးထားစရာတွေကို တန်ဖိုးထားနိုင်တဲ့စွမ်းရည် ကိုယ့်မှာရှိမှသာ အဲဒီတန်ဖိုးထားစရာဟာ တကယ်ထိရောက်တယ်လို့ ပြောလို့ရတယ်။ ကိုယ်က တန်ဖိုးထားတတ်တဲ့သူ ဖြစ်မှ တန်ဖိုးထားနိုင်တဲ့စိတ်ထား ရှိမှ ကိုယ်တန်ဖိုးထားတဲ့အရာက ကိုယ့်ကို အားရှိစေမယ်။ ကိုယ်က တန်ဖိုးထားမှ သူ့ဆီက energyကို ကိုယ် ရမယ်။

တန်ဖိုးထားတတ်တဲ့သူအဖို့ တန်ဖိုးထားစရာတွေဟာ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ ကျေးဇူးသိတတ်တဲ့သူအဖို့ ကျေးဇူးတင်စရာတွေဟာ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ စိတ်ဝင်စားတတ်တဲ့သူအဖို့ စိတ်ဝင်စားစရာတွေဟာ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။

လူတွေမှာတကယ်လိုအပ်တာက ပစ္စည်းဥစ္စာ wealth လည်း မဟုတ်ဘူး၊ esteem ဆိုတဲ့ သူများကိုယ့်ကိုအထင်ကြီးဖို့လည်း မဟုတ်ဘူး။ တကယ်လိုအပ်တာက ဂုဏ်လည်း မဟုတ်ဘူး၊ ပစ္စည်းလည်း မဟုတ်ဘူး။ တန်ဖိုးထားပြီးနေသွားရမယ့် တန်ဖိုးထားစရာ ဖြစ်နေတယ်။

ဘာအတွက် အသက်ရှင်နေတာလဲ၊သေရမယ်ဆိုရင်တောင်မှ သေရဲပါတယ်လို့ပြောရလောက်အောင် တန်ဖိုးထားတာ ဘာရှိသလဲ၊ ဒီကိစ္စအတွက်ဆိုရင်တော့ အသက်သေရလည်းပဲ အသေခံလိုက်မယ်လို့ ပြောရလောက်အောင်”ကိုယ်တန်ဖိုးထားတဲ့အရာ ဘာရှိသလဲ” အဲဒါကို မေးဖို့လိုတယ်၊ အဲဒါကို ရအောင်ရှာဖို့ လိုတယ်။ အကယ်၍ သေရမယ်ဆိုရင်တောင်မှ အသေခံရဲလောက်တဲ့အရာ၊ တန်ဖိုးထားလောက်တာ ကိုယ့်မှာ ဘာမှမရှိဘူးဆိုရင် ကိုယ့်မှာ ဘဝမရှိဘူးလို့ ပြောလို့ရတယ်။

ဘယ်ဟာကို တန်ဖိုးထားရမယ်ဆိုတာကို စကားနိုင်လုပြီးတော့ အနိုင်ရလိုက်တဲ့ဟာကို တန်ဖိုးထားလိုက်ရတာမျိုး မဟုတ်ဘူး။ ရင်ထဲကဖြစ်လာတဲ့ သဘောထားတွေ စေတနာတွေဟာ ကိုယ်တန်ဖိုးထားတာရဲ့၊ value ရဲ့၊ ပင်ရင်း ဖြစ်ရမယ်၊ အမှားအမှန်ကိုသိတဲ့ ကိုယ့်ကိုယ်ပိုင်အသိဉာဏ်မှာ အခြေခံရမယ်။

ကိုယ်ဘာကို တန်ဖိုးထားရတယ်ဆိုတာကို ကိုယ်တိုင်က ခိုင်ခိုင်မာမာ ခံယူမှသာ၊ ဆုံးဖြတ်မှသာ၊ ရွေးချယ်မှသာ ထိရောက်မှုရှိမယ်။ ကိုယ့်ရဲ့အပြုအမှုဟာ ကိုယ် ဘယ်လိုအမှန်တရားမျိုးကို မြင်ထားသလဲဆိုတာပေါ်မှာ အခြေခံမှသာ ကိုယ်သိထားတဲ့ အမှန်တရားပေါ်မှာအခြေခံပြီးတော့ အဲဒီအမှန်တရားကို (relate လုပ်နေတဲ့အနေနဲ့) ကျင့်သုံးနေတဲ့အနေနဲ့ပဲ ကိုယ့်ဘဝကိုနေသွားမှသာ ကိုယ့် value ဟာ ထိရောက်မှု ရှိမယ်။ အဲဒါမှသာ ပီပြင်တဲ့ဘဝ ဖြစ်မယ်၊ ထိရောက်တဲ့ ဘဝဖြစ်မယ်။

အမှန်တော့ ကိုယ့်ရဲ့value ကိုယ့်ရဲ့ခံယူချက်ဟာ ကိုယ့်စိတ်ကို တကယ်အသက်ဝင်နေအောင် လုပ်ပေးနိုင်ရမယ်။ ရင်ထဲကခံယူချက်မပါတဲ့ အပြုအမှုတွေဟာ (dry empty forms) ခြောက်သွေ့ပြီး အနှစ်သာရမရှိတဲ့ အပေါ်ယံဟန်အမူအယာတွေ ဖြစ်သွားတယ်။

အပြောင်းအလဲတစ်ခု ဖြစ်သွားရင် မပြောင်းလဲတော့တဲ့ အခြေအနေတစ်ခုကို ရောက်အုံးမှာလားဆိုတော့.. အပြောင်းအလဲတစ်ခု ဖြစ်ပြီးရင် နောက်ထပ်အပြောင်းအလဲတစ်ခု ဖြစ်အုံးမယ်လို့ပဲ မှန်းထားရမယ်။ အပြောင်းအလဲမဖြစ်ဘဲနဲ့ တည်ငြိမ်နေတဲ့အခြေအနေတစ်ခုကို ရောက်ရင်တောင်မှ အဲဒါ ခဏပဲ နေမှာ။ အခြေအနေတွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပြောင်းလဲသွား ကိုယ့်ရဲ့တန်ဖိုးထားမှုနဲ့ ကိုယ့်ရဲ့ဦးတည်ချက်ကို လက်လွတ်အဆုံးရှုံး မခံဘဲနဲ့၊ ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ကိုယ့်အလုပ်ကိုကိုယ် ဆက်လုပ်ရမယ်။ အရေးကြီးတာက “ငါ ဘယ်လိုလူလဲ၊ ငါ့စရိုက်ဝါသနာဟာ ဘာလဲ၊ ငါ့ပါရမီဓာတ်ခံဟာ ဘာလဲ၊ ငါ ဘာကြောင့်လူဖြစ်လာတာလဲ၊ ငါ ဘာကိုလုပ်ဖို့ လူဖြစ်လာတာလဲ။” အဲဒါတွေကို ကိုယ့်ဟာကိုယ် သေသေချာချာစဉ်းစားပြီးတော့ အဖြေကိုရအောင် လုပ်သင့်တယ်။

ပြင်ပအရာဝတ္ထုကိုပဲ အဓိကရည်မှန်းတာ များတယ်။ ငွေလိုချင်တယ်။ ပစ္စည်းလိုချင်တယ်။ ရာထူးလိုချင်တယ်။ ကျော်ကြားမှု လိုချင်တယ်။ လိုချင်တာတွေဟာ များသောအားဖြင့် ပြင်ပမှာရှိနေတာတွေ ဖြစ်တယ်။ ငါ ဘယ်လိုလူ ဖြစ်ချင်တယ်၊ ဘယ်လို စိတ်ထားမျိုးကိုလိုချင်တယ်။ ဘယ်လို အသိဉာဏ်မျိုးကိုလိုချင်တယ်ဆိုပြီး ရည်မှန်းချက်ထားတဲ့သူက တော်တော် နဲတယ်။

💐
လူတွေမှာ ရေရှည်ရည်မှန်းချက် မပြတ်သားဘူး။ ဒါကို ငါတကယ် ရည်မှန်းချက်ထားတယ်၊ အမြဲတမ်း ဒီဟာကိုပဲဦးတည်ပြီး နေသွားတော့မယ်လို့ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ဘူး၊၊ ကိုယ့်ကိုယ်ကိုလည်း မယုံတော့ဘူး။ ဘာကိုမှမယုံတော့လို့ ဘာမှမပြတ်သားတဲ့လူဟာ ဘယ်မှာ အားတတ်နိုင်တော့မလဲ။ ဒီပြဿနာတွေဟာ လူသားတစ်ယောက်အတွက် ပေါ့ပေါ့တန်တန်ပြဿနာတွေ မဟုတ်ဘူး။


ကိုယ့်အသိဉာဏ်ကမရေရာရင် ကိုယ့်ဘဝလည်း မရေရာဘူး။
ဒါကြောင့် မရေရာမှုတွေ အင်မတန်များနေတဲ့ခေတ်မှာ ကိုယ့်မှာ ပိုင်ပိုင်နိုင်နိုင် တိတိကျကျ ပြတ်ပြတ်သားသား တန်ဖိုးထားနိုင်တဲ့ value ဆိုတာ ရှိရမယ်။ တန်ဖိုးထားမှုတစ်ခုခု ရှိရမယ်။ ခေတ်တွေ ဘယ်လိုပြောင်းသွားပြောင်းသွား ငါ့ရဲ့တန်ဖိုးထားမှုကတော့ မပြောင်းတော့ဘူး။ ငါ ဒါကို တန်ဖိုးထားတယ်။ နောက်ဘဝထိအောင် တန်ဖိုးထားမယ်ဆိုတာမျိုး ရှိကိုရှိမှ ဖြစ်မယ်။


တန်ဖိုးထားစရာကို ပြတ်ပြတ်သားသားရွေးချယ်ပြီးတော့စိတ်ပါလက်ပါ ကျင့်သုံးလိုက်ခြင်းအားဖြင့် ပိုပြီးတော့ကျေနပ်စရာကောင်းတဲ့ ထိရောက်တဲ့ လူ့အသိုင်းအဝိုင်းကြီးတစ်ခုကို တစ်ဦးချင်းက တည်ဆောက်နိုင်လာလိမ့်မယ်။ အဲသလို တည်ဆောက်လာနိုင်မှသာ အခုလို အင်မတန်မအေးချမ်းတဲ့ ခေတ်ကာလကြီးကို ကျော်လွှားနိုင်မယ်။


ကိုယ့်ကိုယ်ကို တကယ်ရိုးရိုးသားသား မှန်မှန်ကန်ကန် တန်ဖိုးထားနိုင်တဲ့သူဟာ တခြားတစ်ယောက်မှာလည်းပဲ အဲသလို စိတ်ကောင်းစေတနာကောင်းလေးတွေနဲ့မြင့်မြတ်တဲ့ value တွေရှိနေတာကို တွေ့ရရင် အဲဒါကိုလည်း ကျေကျေနပ်နပ် လှိုက်လှိုက်လှဲလှဲ တန်ဖိုးထားနိုင်မှာပဲ။


အတွင်းမှာ အနှစ်သာရရှိနေတဲ့သူဟာ တခြားလူနဲ့ဆက်ဆံတဲ့အခါမှာ အားပါတယ်။ သူ့မှာ ပြောစရာရှိတယ်၊ ဆွေးနွေးစရာရှိတယ်၊ ပေးစရာရှိတယ်၊ ယူစရာလည်း ရှိတယ်။ အဲသလိုလူဟာ ဘဝအဓိပ္ပါယ်မဲ့တဲ့၊ empty ဖြစ်တဲ့ခံစားမှု မရှိသလို၊ အထီးကျန်အဖော်မဲ့၊ lonely ဖြစ်တဲ့ခံစားမှုလည်း သိပ်မရှိတော့ဘူး။ လူတွေကို လေးစားတယ်၊ တန်ဖိုးထားတယ်၊ လူတွေအတွက် ဆောက်ရွက်ချင်တယ်၊ သူ့မှာ ဆောက်ရွက်နိုင်တဲ့ အရည်အချင်းလည်း ရှိတယ်။ အဲသလိုလူဟာ empty လည်း မဖြစ်သလို lonely လည်း မဖြစ်ဘူး။ အတွင်းမှာ အနှစ်သာရ မပြည့်ဝတဲ့သူဟာ စိတ်ပိုင်းအနေနဲ့ ပေးတာယူတာ အင်မတန်နည်းသွားတဲ့အတွက်ကြောင့်သူနဲ့ တခြားလူတွေနဲ့ ဆက်ဆံရေးဟာ သိပ်နက်ရှိုင်းမှုမရှိဘူး။ သူ တကယ်သိတာ ဘာမှမရှိလို့ တစ်ခုခုကို နောက်တစ်ယောက်ကိုပြောပြစရာ မရှိဘူး။ သူ တကယ်တန်ဖိုးထားတာ၊ သူတကယ်ခံစားရတာလည်း ဘာမှမရှိလို့ ဘာကိုမှ အလေးအနက်မထားတဲ့သူမှာ အဖော်ကောင်းဆိုတာ မရှိနိုင်ဘူး။ ဘာမှလည်း ပိုင်ပိုင်နိုင်နိုင် မသိဘူး၊ ဘာယုံကြည်ချက်မှလည်း မရှိဘူး၊ ဘာခံယူချက်မှလည်း မရှိဘူး၊ ဘာကိုမှလည်း တကယ် တန်ဖိုးမထားဘူး၊ ဒါကြောင့် စိတ်ထဲမှာ empty ဖြစ်နေတဲ့လူဟာ သူက နောက်တစ်ယောက်ကို ဘာပေးမှာလဲ။ သူ့မှာ ပေးစရာ မရှိဘူး။ စိတ်ပိုင်းဆိုင်ရာ ပေးစရာ မရှိဘူး။ အဲဒီလိုလူဟာ ယူလည်း မယူနိုင်ဘူး။


အရာရာတိုင်းကို တန်ဖိုးထားပြီးတော့ ကိုယ်နေရတဲ့အချိန်လေးတွေကို တန်ဖိုးထားပြီးတော့ အခွင့်ထူးကြီးရသလို နေသွားမယ်ဆိုရင် ဒီလူရဲ့ဘဝဟာ ဘယ်လောက် လေးနက်မလဲနော်။ သာမန်လူတွေမှာတော့ အမှုမဲ့အမှတ်မဲ့ နေသွားကြတဲ့အတွက် ကိုယ့်ဘဝမှာ အခွင့်ထူးတွေရနေတာကို မသိကြဘူး။ ဝမ်းသာရမှန်း မသိကြဘူး။ ဘာမှမထူးတဲ့အရာတွေလို့ သဘောထားကြတယ်။ ထူးတာက ပြင်ပမှာ မရှိဘူး။ အသိအမြင်ထူးမှ၊ သဘောထားထူးမှ၊ မြင်သမျှကြားသမျှ လုပ်သမျှတွေဟာ ထူးလာမယ်။


လူတိုင်းလူတိုင်း နေ့စဉ် ရွေးချယ်မှု (Choice)တွေ လုပ်နေရပါတယ်။ လမ်းဆုံလမ်းခွမှာ ရောက်နေပြီးတော့ဘယ်လမ်းရွေးမလဲဆိုတာ နေ့စဉ် ရွေးချယ်ဆုံးဖြတ်နေရတယ်။ ကိုယ့်လမ်းကိုကိုယ် ပြတ်ပြတ်သားသား ရွေးချယ်မှသာ စိတ်ဓာတ်အင်အားကြီးမားတယ်လို့ ခေါ်နိုင်တယ်။ ကိုယ့်လမ်း ကိုယ်သိပြီး ကိုယ်တိုင်ရွေးချယ်မှသာလျှင် အရည်အသွေးတွေ ကြီးပွားတိုးတက်လာနိုင်တယ်။


တစ်ခုခုကို စိတ်ပါလက်ပါ ရွေးချယ်ကြည့်လိုက်ပါ။ အဲဒီလိုရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့်ကိုပဲ အင်မတန်ကြီးမားတဲ့အင်အားတွေ ရလာတယ်။ မပြတ်သားမှုလောက် အင်အားလျော့တာ မရှိဘူး။ လုပ်ချင်သလို မလုပ်ချင်သလို၊ လုပ်ရင်ကောင်းမလား၊ မလုပ်ရင်ကောင်းမလား မသိဘူးဆိုပြီး စိတ်နှစ်ခွဖြစ်နေတာ စိတ်ဓာတ်အင်အားအများကြီး ပြုန်းတီးမှု ဖြစ်စေတယ်။ ပြတ်သားတဲ့ဆန္ဒ၊ ရည်ရွယ်ချက်၊ ဦးတည်ချက် ထားလိုက်ပြီဆိုတာနဲ့ပဲ အင်အားတွေ အများကြီး ထွက်လာတယ်။


အခုခေတ်လူတွေက ငယ်ငယ်ရွယ်ရွယ်ကတည်းကကိုပဲ ပိုပြီးတော့ အကြောင်းအကျိုး မှန်မှန်ကန်ကန်တိတိကျကျ စဉ်းစားတတ်အောင် လေ့လာဖို့ လေ့ကျင့်ဖို့ အင်မတန်လိုအပ်တယ်။ ဒီခေတ်မှာမှ ကိုယ့်အားကိုယ်ကိုးဆိုတာ ပိုတောင် မှန်လာတယ်။ ကိုယ့်အားကိုယ်ကိုးဆိုတာ ကိုယ့်စားဝတ်နေရေးအတွက် ကိုယ့်ကိုယ်ကို အားကိုးတာတစ်ခုထဲတင် မဟုတ်ဘူး၊ အယူအဆအတွေးအခေါ်နဲ့ ပတ်သက်ပြီးတော့လည်း ကိုယ့်အားကိုယ်ကိုးလုပ်ရတဲ့ခေတ် ဖြစ်နေတယ်။ ပညာသင်တဲ့အခါမှာလည်းပဲ အလုပ်လုပ်တတ်ရုံ၊ ပိုက်ဆံရှာတတ်ရုံ တစ်ခုထဲနဲ့ ဒီခေတ်မှာ မလုံလောက်တော့ဘူး။ ဘဝနဲ့ပတ်သက်ပြီးတော့ ဘယ်ဟာကိုတန်ဖိုးထားရမလဲ၊ ဘယ်လိုဆက်ဆံရမလဲ၊ ကိုယ့်မှာ ဘယ်လိုမူမျိုးရှိရမလဲ၊ ဘယ်လို ခံယူချက်မျိုးရှိရမလဲ၊ ဘယ်လို values မျိုး ရှိရမလဲဆိုတာကိုပါ စဉ်းစားတတ်တဲ့ပညာမျိုးကိုသင်ဖို့ အင်မတန် အရေးကြီးတဲ့ခေတ် ဖြစ်နေတယ်။


လူငယ်တွေမှာ ကောင်းတာကိုလုပ်ချင်စိတ် ရှိကြပါတယ်။ တန်ဖိုးထားရမယ့် အရာ၊ တန်ဖိုးထားရမယ့်သူ၊ တန်ဖိုးထားရမယ့်အတွေးအခေါ် အယူအဆတွေကို သိချင်ကြတယ်၊ လိုချင်ကြတယ်။ တကယ် ကိုယ့်စိတ်နှလုံးပုံပေးပြီးတော့မြတ်နိုးရမယ့်အရာကို ရှာနေကြတယ်။
အဲဒါကို တွေ့တဲ့သူ၊ ရတဲ့သူဟာ ဦးတည်ချက်မှန်ကန်ပြီးတော့ ဘဝကို အောင်အောင်မြင်မြင် နေသွားနိုင်တယ်။ မတွေ့တဲ့သူ၊ မရတဲ့သူတွေကတော့လမ်းပျောက်တဲ့သူ၊ ဘဝကိုစိတ်ပျက်တဲ့သူ၊ လောကကြီးကိုအထင်မကြီးတဲ့သူ၊ လူတွေကိုအထင်မကြီးတဲ့သူ နောက်ဆုံး ကိုယ့်ကိုယ်ကိုအထင်မကြီးတဲ့သူတွေ ဖြစ်ပြီးတော့ မိမိကိုယ်ကိုလည်း ဖျက်ဆီးတတ်တယ်။ လောကကြီးကိုပါ ဖျက်ဆီးတတ်တယ်။


လူတစ်ယောက်မှာရှိတဲ့ ကောင်းတဲ့အရည်အချင်းတစ်ခုကို တကယ် လှိုက်လှိုက်လှဲလှဲ တန်ဖိုးထားပါ၊ မြတ်နိုးပါ၊ အသိအမှတ်ပြုပါ။ ဒီလို တခြားတစ်ယောက်မှာရှိတဲ့ ကောင်းကွက်လေးတွေကို တကယ် လှိုက်လှိုက်လှဲလှဲ တန်ဖိုးထားမယ်၊ မြတ်နိုးမယ်၊ အသိအမှတ်ပြုမယ်ဆိုရင် အဲဒီ အရည်အချင်းမျိုးကိုယ့်မှာလည်း ဖြစ်လာမယ်။ ကြီးပွားရေး အောင်မြင်ရေးမှာ ဒီအချက်ဟာ သိပ်အရေးကြီးတယ်။ တခြားလူတစ်ယောက်ရဲ့ ကောင်းကွက်တစ်ခုကို အသိအမှတ် မပြုနိုင်ဘူး။ တန်ဖိုးမထားနိုင်ဘူးဆိုရင် အဲဒီအရည်အချင်းမျိုး ကိုယ့်မှာဖြစ်ခွင့်ကို ပိတ်ပင်လိုက်သလို ဖြစ်သွားတယ်။ စိတ်ရဲ့သဘာဝဟာ ထူးဆန်းတယ်။


ပိုပြီးနက်နဲသိမ်မွေ့တာ ပိုပြီးလေးနက်တာကိုသိချင်ရင် အဲဒီလိုသိနိုင်မည့် စိတ်မျိုးကို ပြုစုပျိုးထောင်ယူရတယ်။ ဒါဟာ လူတစ်ယောက်အနေနဲ့ လူ့ဘဝမှာလုပ်ရမည့် အဆင့်အမြင့်ဆုံးအလုပ် ဖြစ်ပါတယ်။


What you see depends on who you are.
ကိုယ်ဘာကို သိမြင်ခံစားရတယ်ဆိုတာ ကိုယ်ဘယ်လိုလူလဲဆိုတာပေါ်မှာ မူတည်တယ်။


တကယ်တော့ ကိုယ်က လျှောက်လဲချက်ပေးရမယ့်သူဟာ မှန်ထဲမှာ မြင်ရတဲ့သူပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကို ပြင်းပြင်းထန်ထန်အပြစ်ပေးနိုင်တာ ကိုယ့်စိတ်ပဲ။ နောက်ဆုံးအချိန်မှာ ကိုယ့်စိတ်ကကိုယ့်ကို စီရင်ချက်ချလိုက်တာပဲ။

💧“ တွေးမိတိုင်း ပျော်တယ် ” 💧စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

Credit#

You may also like...