လယ္သမားရဲ႕နာရီ

တစ္ခါက လယ္သမားတစ္ေယာက္ဟာ စပါးက်ီထဲမွာ အလုပ္လုပ္ေနရင္း လက္မွာ ပတ္ထားတဲ့ နာရီဟာ ေပ်ာက္သြားခဲ့တယ္..။ ဒီနာရီဟာ သူ႕အတြက္ တန္ဖိုးမျဖတ္ႏိုင္တဲ့ အမွတ္တရမ်ားစြာ ရွိေနတဲ့ နာရီ တစ္လံုးလည္း ျဖစ္တယ္..။

အသစ္ျပန္၀ယ္လို႕ရႏိုင္ေပမယ့္ ဒီနာရီကို သူအရမ္း ႏွေမ်ာတသ ျဖစ္ေနမိတယ္..။
သူဟာ အေတာ္ၾကာေအာင္ နာရီကို ေကာက္ရိုးပံုေတြၾကားထဲမွာ ရွာေဖြခဲ့တယ္..။ ေနာက္ဆံုးေတာ့ သူဟာ လက္ေလွ်ာ့လိုက္ၿပီး အျပင္မွာေဆာ့ကစားေနတဲ့ ကေလးတစ္သိုက္ကို အကူအညီေတာင္းဖုိ႕ ဆံုးျဖတ္ လိုက္တယ္..။ 

ၿပီးေတာ့ နာရီေတြ႕ေအာင္ရွာေပးတဲ့ကေလးကို ဆုခ်မယ္လို႕လည္းမက္လံုးေပးလိုက္တယ္..။
ဒါကိုၾကားၾကားျခင္းပဲ ကေလးေတြဟာ စပါးက်ီထဲကို ေျပး၀င္သြားၾကၿပီး သူ႕ထက္ငါ အလုအယက္ ရွာေဖြ ၾကတယ္..။ ဒါေပမယ့္ ေပ်ာက္ဆံုးေနတဲ့ နာရီကိုေတာ့ ျပန္မေတြ႕ ပါဘူး..။

ဒီလိုနဲ႕ ေနာက္ဆံုး မရွာေတာ့ပဲ လက္ေလွ်ာ့လိုက္ဖို႕ ဆံုးျဖတ္လိုက္တဲ့အခ်ိန္မွာ အျခားကေလးေတြလိုနာရီကို ၀င္မရွာပဲ ထိုင္ေနတဲ့ ကေလး တစ္ေယာက္က သူရွာေပးမယ္ ဆိုၿပီး လယ္သမားၾကီးကို

ေျပာလာပါတယ္…။

လယ္သမားက “ကေလးေတြေတာ့ ရွာျပီးကုန္ၿပီ.. ထပ္ရွာေသးခ်င္ရင္လည္း ရွာေလ..” လို႕ ေျပာလုိက္တယ္..။ ကေလးဟာ စပါးက်ီထဲကို ေအးေအးေဆးေဆး၀င္သြားၿပီး ခဏအၾကာမွာေတာ့ လက္ထဲမွာ နာရီ တစ္လံုး ကိုင္ၿပီး ျပန္ထြက္လာပါတယ္..။

လယ္သမားဟာ အံ့ၾသ ၀မ္းသာမႈေတြနဲ႕အတူ ကေလးကို တစ္ျခားကေလးအမ်ားၾကီး ရွာမေတြ႕တာကို တစ္ေယာက္တည္း ဘယ္လို ရွာလာတာလဲလို႕ ေမးလိုက္တယ္..။

ေကာင္ေလးက “ကၽြန္ေတာ္ ဘာမွ ေထြေထြထူးထူး မလုပ္ပါဘူး..။ အားလံုးတိတ္ဆိတ္ေနတဲ့အခါမွာ..၊ နာရီရဲ႕ တစ္ခ်က္ခ်က္ ျမည္သံကို အာရံုစိုက္ နားေထာင္ရင္း သူ႕ေနရာကို ခန္႕မွန္းရွာလိုက္တာပါ….”

သင္ခန္းစာ
စိတ္ကို တည္ျငိမ္ေအာင္ ထားၿပီး အလုပ္တစ္ခုကို အာရံုစိုက္ ေတြးေတာ လုပ္ေဆာင္တာဟာ စိတ္ေစာလ်င္စြာ အေလာတၾကီး လုပ္ေဆာင္တာထက္ ပိုမို အက်ိဳးတယ္ဆိုတာပါပဲ။ 

Credit – Original Writer

< Unicode Version >

လယ်သမားရဲ့နာရီ

တစ်ခါက လယ်သမားတစ်ယောက်ဟာ စပါးကျီထဲမှာ အလုပ်လုပ်နေရင်း လက်မှာ ပတ်ထားတဲ့ နာရီဟာ ပျောက်သွားခဲ့တယ်..။ ဒီနာရီဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရများစွာ ရှိနေတဲ့ နာရီ တစ်လုံးလည်း ဖြစ်တယ်..။

အသစ်ပြန်ဝယ်လို့ရနိုင်ပေမယ့် ဒီနာရီကို သူအရမ်း နှမျောတသ ဖြစ်နေမိတယ်..။
သူဟာ အတော်ကြာအောင် နာရီကို ကောက်ရိုးပုံတွေကြားထဲမှာ ရှာဖွေခဲ့တယ်..။ နောက်ဆုံးတော့ သူဟာ လက်လျှော့လိုက်ပြီး အပြင်မှာဆော့ကစားနေတဲ့ ကလေးတစ်သိုက်ကို အကူအညီတောင်းဖို့ ဆုံးဖြတ် လိုက်တယ်..။

ပြီးတော့ နာရီတွေ့အောင်ရှာပေးတဲ့ကလေးကို ဆုချမယ်လို့လည်းမက်လုံးပေးလိုက်တယ်..။
ဒါကိုကြားကြားခြင်းပဲ ကလေးတွေဟာ စပါးကျီထဲကို ပြေးဝင်သွားကြပြီး သူ့ထက်ငါ အလုအယက် ရှာဖွေ ကြတယ်..။ ဒါပေမယ့် ပျောက်ဆုံးနေတဲ့ နာရီကိုတော့ ပြန်မတွေ့ ပါဘူး..။

ဒီလိုနဲ့ နောက်ဆုံး မရှာတော့ပဲ လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အခြားကလေးတွေလိုနာရီကို ၀င်မရှာပဲ ထိုင်နေတဲ့ ကလေး တစ်ယောက်က သူရှာပေးမယ် ဆိုပြီး လယ်သမားကြီးကို ပြောလာပါတယ်…။

လယ်သမားက “ကလေးတွေတော့ ရှာပြီးကုန်ပြီ.. ထပ်ရှာသေးချင်ရင်လည်း ရှာလေ..” လို့ ပြောလိုက်တယ်..။ ကလေးဟာ စပါးကျီထဲကို အေးအေးဆေးဆေးဝင်သွားပြီး ခဏအကြာမှာတော့ လက်ထဲမှာ နာရီ တစ်လုံး ကိုင်ပြီး ပြန်ထွက်လာပါတယ်..။

လယ်သမားဟာ အံ့သြ ၀မ်းသာမှုတွေနဲ့အတူ ကလေးကို တစ်ခြားကလေးအများကြီး ရှာမတွေ့တာကို တစ်ယောက်တည်း ဘယ်လို ရှာလာတာလဲလို့ မေးလိုက်တယ်..။

ကောင်လေးက “ကျွန်တော် ဘာမှ ထွေထွေထူးထူး မလုပ်ပါဘူး..။ အားလုံးတိတ်ဆိတ်နေတဲ့အခါမှာ..၊ နာရီရဲ့ တစ်ချက်ချက် မြည်သံကို အာရုံစိုက် နားထောင်ရင်း သူ့နေရာကို ခန့်မှန်းရှာလိုက်တာပါ….”

သင်ခန်းစာ
စိတ်ကို တည်ငြိမ်အောင် ထားပြီး အလုပ်တစ်ခုကို အာရုံစိုက် တွေးတော လုပ်ဆောင်တာဟာ စိတ်စောလျင်စွာ အလောတကြီး လုပ်ဆောင်တာထက် ပိုမို အကျိုးတယ်ဆိုတာပါပဲ။

Credit – Original Writer

You may also like...