သတိရလိုက္ပါ

လူေတာ္ေတာ္မ်ား ယံုၾကည္ခ်က္လြန္ကဲလုိ႔ ရွံဳးနိမ့္ေနၾကတာပါ။ ထူးဆန္းသြားပါသလား? 

ဟုတ္ပါတယ္ လြဲမွားစြာ ယံုၾကည္ၿခင္း “False Belief ” လုိ႔ေခၚပါတယ္။ 

Coca Cola ဆိုတဲ႔ နာမည္ကို မၾကားဖူးတဲ႔လူ ေတာ္ေတာ္နည္းပါလိမ့္မယ္။ေနာက္ၿပီးေတာ့ ဒီအခ်ိဳရည္ကို စထုတ္တဲ႔လူကို လူခ်မ္းသာစီးပြားေရးလုပ္ငန္းရွင္တစ္ဦးလို႔ သိထားၾကပါလိမ့္မယ္။ 

တကယ္စခဲ႔တဲ႔လူက ေဆး၀ါးပညာရွင္တစ္ဦးၿဖစ္ၿပီး ဓာတ္ခြဲခန္းထဲမွာ မေတာ္တဆေဖာ္စပ္မိတဲ႔ အခ်ိဳရည္တစ္မ်ိဳးၿဖစ္ပါတယ္။ အိမ္နီးခ်င္းေတြကို တစ္ခြက္ကို ၅ဆင့္နဲ႔ စေရာင္းခဲ႔ပါတယ္။ အမွန္ပါပဲ.. စေရာင္းတဲဲ႔ ပထမဆံုးနွစ္မွာ ၂၅ဘူးသာေရာင္းရၿပီး ၀င္ေငြ ၅၀ေဒၚလာနဲ႔ ေၾကာ္ၿငာခ ၇၅ ေဒၚလာကုန္ခဲ႔ပါတယ္။ သေဘာကေတာ့ ခြက္ခြက္လန္ေအာင္ရွံဳးခဲ႔တာပဲ ၿဖစ္ပါတယ္။

ႏွစ္အနည္းငယ္ၾကာေတာ့ အဲဒီအခ်ိဳရည္ကို လူခ်မ္းသာ တစ္ေယာက္က ေဒၚလာ ၂၃၀၀ နဲ႔ၿပန္၀ယ္ခဲဲ႔ရာကေန ကြ်န္္ေတာ္တို႔အားလံုးသိထားတဲဲ႔ Coca Cola ဆိုၿပီးၿဖစ္လာပါေတာ့တယ္။ 
ဒီကေန ဘာသင္ခန္းစာမ်ားရွိမလဲဲ? 

✔ ပထမတစ္ခုက ေသးေသးေလးကစတင္ရလုိ႔ ေသးေသးေလးပဲၿဖစ္မယ္မထင္ပါနဲဲ႔။ လူေတြထင္ေနၾကတာက ၾကီးမားတဲ႔ေအာင္ၿမင္မွဳေတြရဖို႔ ခပ္ၾကီးၾကီးအရာေတြကေနစရမယ္လို႔ ယံုၾကည္ေနၾကတာပါပဲ။ ဒါဟာအေပၚမွာ ေၿပာခဲ႔တဲ႔ False Believe ရဲ႔ အေကာင္းဆံုးသာဓကပါပဲ။

✔ ဒုတိယတစ္ခုကို မေၿပာခင္ ေမးစရာရွိတာက ပထမဆံုးႏွစ္မွာ ၂၅ဘူးပဲေရာင္းရတဲ႔ အခ်ိဳရည္ကို သင္ဆိုရင္ ဆက္ေရာင္းမွာလား? သင္ခန္းစာကေတာ့ လူေတြထင္ၾကတာက ရလဒ္ေကာင္းေတြၿမင္မွ ေရွ႔ဆက္ဖို႔ ခြန္အားရွိမယ္ေပါ့။ တကယ္က ေရွ႔ဆက္သြားမွ ရလဒ္ေကာင္းေတြ ၿဖစ္လာမွာပါ။

✔ ေနာက္ဆံုးသင္ခန္းစာကေတာ့ Coca Cola လုိအရည္အေသြးၿမင့္ပစၥည္းကို ၂၅ဘူးပဲေရာင္းရလုိ႔ လက္ေလွ်ာ့မယ္ဆုိရင္ ဘာဆက္ၿဖစ္သြားမလဲ? ဘာမွဆက္မၿဖစ္ပါဘူး။ တခါတေလ သင့္အၾကံဥာဏ္၊ လုပ္ရပ္ေတြ မွန္ကန္ေကာင္းမြန္ေနေပမဲဲ႔ လူေတြဆီက ခ်က္ခ်င္ၾကီး ေထာက္ခံအားေပးမွဳရမယ္လုိ႔ မေမွ်ာ္လင့္ပါန႔ဲ။ တခ်ိဳ႔အရာေတြက အခ်ိန္နဲ႔ နည္းလမ္းလုိပါတယ္။ 

မိတ္ေဆြတို႔ေကာ ဘာသင္ခန္းစာေတြ±ကြန္းမန္႔မွာ ထပ္ထည့္ခ်င္ေသးလဲ?

ေလးစားစြာျဖင့္
ေျပခို

Credit#

< Unicode Version>

လူတော်တော်များ ယုံကြည်ချက်လွန်ကဲလို့ ရှုံးနိမ့်နေကြတာပါ။ ထူးဆန်းသွားပါသလား?

ဟုတ်ပါတယ် လွဲမှားစွာ ယုံကြည်ခြင်း “False Belief ” လို့ခေါ်ပါတယ်။

Coca Cola ဆိုတဲ့ နာမည်ကို မကြားဖူးတဲ့လူ တော်တော်နည်းပါလိမ့်မယ်။နောက်ပြီးတော့ ဒီအချိုရည်ကို စထုတ်တဲ့လူကို လူချမ်းသာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးလို့ သိထားကြပါလိမ့်မယ်။

တကယ်စခဲ့တဲ့လူက ဆေးဝါးပညာရှင်တစ်ဦးဖြစ်ပြီး ဓာတ်ခွဲခန်းထဲမှာ မတော်တဆဖော်စပ်မိတဲ့ အချိုရည်တစ်မျိုးဖြစ်ပါတယ်။ အိမ်နီးချင်းတွေကို တစ်ခွက်ကို ၅ဆင့်နဲ့ စရောင်းခဲ့ပါတယ်။ အမှန်ပါပဲ.. စရောင်းတဲဲ့ ပထမဆုံးနှစ်မှာ ၂၅ဘူးသာရောင်းရပြီး ၀င်ငွေ ၅၀ဒေါ်လာနဲ့ ကြော်ငြာခ ရ၅ ဒေါ်လာကုန်ခဲ့ပါတယ်။ သဘောကတော့ ခွက်ခွက်လန်အောင်ရှံုးခဲ့တာပဲ ဖြစ်ပါတယ်။

နှစ်အနည်းငယ်ကြာတော့ အဲဒီအချိုရည်ကို လူချမ်းသာ တစ်ယောက်က ဒေါ်လာ ၂၃၀၀ နဲ့ပြန်ဝယ်ခဲဲ့ရာကနေ ကျွန််တော်တို့အားလုံးသိထားတဲဲ့ Coca Cola ဆိုပြီးဖြစ်လာပါတော့တယ်။
ဒီကနေ ဘာသင်ခန်းစာများရှိမလဲဲ?

✔ ပထမတစ်ခုက သေးသေးလေးကစတင်ရလို့ သေးသေးလေးပဲဖြစ်မယ်မထင်ပါနဲဲ့။ လူတွေထင်နေကြတာက ကြီးမားတဲ့အောင်မြင်မှုတွေရဖို့ ခပ်ကြီးကြီးအရာတွေကနေစရမယ်လို့ ယုံကြည်နေကြတာပါပဲ။ ဒါဟာအပေါ်မှာ ပြောခဲ့တဲ့ False Believe ရဲ့ အကောင်းဆုံးသာဓကပါပဲ။

✔ ဒုတိယတစ်ခုကို မပြောခင် မေးစရာရှိတာက ပထမဆုံးနှစ်မှာ ၂၅ဘူးပဲရောင်းရတဲ့ အချိုရည်ကို သင်ဆိုရင် ဆက်ရောင်းမှာလား? သင်ခန်းစာကတော့ လူတွေထင်ကြတာက ရလဒ်ကောင်းတွေမြင်မှ ရှေ့ဆက်ဖို့ ခွန်အားရှိမယ်ပေါ့။ တကယ်က ရှေ့ဆက်သွားမှ ရလဒ်ကောင်းတွေ ဖြစ်လာမှာပါ။

✔ နောက်ဆုံးသင်ခန်းစာကတော့ Coca Cola လိုအရည်အသွေးမြင့်ပစ္စည်းကို ၂၅ဘူးပဲရောင်းရလို့ လက်လျှော့မယ်ဆိုရင် ဘာဆက်ဖြစ်သွားမလဲ? ဘာမှဆက်မဖြစ်ပါဘူး။ တခါတလေ သင့်အကြံဉာဏ်၊ လုပ်ရပ်တွေ မှန်ကန်ကောင်းမွန်နေပေမဲဲ့ လူတွေဆီက ချက်ချင်ကြီး ထောက်ခံအားပေးမှုရမယ်လို့ မမျှော်လင့်ပါနဲ့။ တချို့အရာတွေက အချိန်နဲ့ နည်းလမ်းလိုပါတယ်။

မိတ်ဆွေတို့ကော ဘာသင်ခန်းစာတွေ±ကွန်းမန့်မှာ ထပ်ထည့်ချင်သေးလဲ?

လေးစားစွာဖြင့်
ပြေခို
Credit#

You may also like...