“အေမမွာႀကား [ ၅ ] ခြန္းစကား “

အေမမွာႀကား [ ၅ ] ခြန္းစကား

✔ ✔ ✔ ✔ ✔ ✔

[ ၁ ] ကိုယ္ေျပာတဲ့စကားတစ္ခြန္းက အန္ဖက္ျဖစ္မသြားေစနဲ ့။

[ ၂ ] လူေတြႀကားထဲမွာ ေလမလည္မိေစနဲ ့။

[ ၃ ] အထက္လူႀကီးေတြနဲ ့ေတြ ့လို ့ ႀကံဳႀကိဳက္တဲ့အခါ ၊လက္ခလယ္လို မေနပါနဲ ့ ဘဝကိုရိုးေျဖာင့္စြာနဲ ့ျဖတ္သန္းပါ။

[ ၄ ] လမ္း သြားလာတဲ့အခါ ဦးေခါင္းကိုေမာ့ျပီး လွမ္းမေလ်ွာက္ပါနဲ ့ ဦးေခါင္းကိုတည့္တည့္ထားျပီးေတာ့မွ လမ္းေလ်ွာက္ပါ။

[ ၅ ] ေရအဝေသာက္ပါ အဝေသာက္ထားတဲ့ ေသာက္ျပီးသားေရးကို ျပန္အန္မထုတ္မိေစနဲ ့။

✔ ✔ ✔ ✔ ✔ ✔

[ ၁ ] ကိုယ္ေျပာတဲ့စကားတစ္ခြန္းက အန္ဖက္ျဖစ္မသြားေစနဲ ့ အေမ့သား။

အန္ဖက္ဆိုတာမ်ိဳးက သားသိတယ္မလား မင္းအန္ခ်လိုက္တဲ့အန္ဖက္ကို မင္းကိုယ္တိုင္ရြံသလို ျမင္ရသူတိုင္းလည္းရြံတာပဲ

အဲဒီအတိုင္းပဲ မင္းရဲ့အေႀကာင္းကို လူေတြက ဘာေတြေျပာေျပာ ၊ ဘယ္သူက ဘယ္လိုဆိုတာ၊ မင္းကေတာ့ လူေတြရဲ့အေႀကာင္းကို

ေဖာင္ဖြဲ ့ျပီးလိုက္မေျပာမိေစနဲ ့၊ ႀကာလာရင္ မင္းဟာ လူတကာရဲ့ အန္ဖက္ျဖစ္သြားနိုဳင္တာကို အေမ့သားသိထားရမယ္။

◾◾◾◾◾◾◾◾◾◾

[ ၂ ] လူေတြႀကားထဲမွာ ေလမလည္မိေစနဲ ့ အေမ့သား။

ဝမ္းဗိုက္ကေန အထက္ကိုပဲေလလည္လည္ ဝမ္းဗိုက္ကေန ေအာက္ကိုပဲလည္လည္ လူႀကားထဲ မင္းရဲ့အနံ ့ေတြထြက္သြားရင္

မင္းအရွက္ကြဲရလိမ့္မည္။ အဲဒီလိုပဲ ဘယ္လိုအရာ ဘယ္လိုအလုပ္ျဖစ္ျဖစ္ မလုပ္ခင္မွာ အရင္ဆံုးစမ္းစစ္နိဳင္ရမယ္၊ ဒီအလုပ္

ငါလုပ္နိဳင္ရဲ့လား လုပ္လိုက္ရင္ျဖစ္ပါ့မလားေပါ့ လူႀကားထဲမွာ လူတြင္က်ယ္သေဘာမ်ိဳးနဲ ့ မနိဳင္တဲ့ဝန္ကို ထမ္းနိဳင္ပါတယ္

လုပ္နိဳင္ပါတယ္လို ့ ေလလံုးထြားျပီး ကတိေတြေပးျပီး မွ၊ တကယ္မလုပ္နိဳင္ရင္ လူေတြကမင္းကို ေျပာႀကလိမ့္မယ္၊ ဒီေကာင့္ေလသံက

က်ယ္လိုက္တာကြာလို ့အေျပာခံရရင္ အေမ့သားခံနိဳင္ပါ့မလား ဒါ့ေႀကာင့္ …… ေလလည္ခ်င္ေပမယ့္ ဝန္ကိုမနိဳင္ရင္လည္း

ေအာင့္အီးခံနိဳင္ရမယ္ အေမ့သား။

◾◾◾◾◾◾◾◾◾◾

[ ၃ ] အထက္လူႀကီးေတြနဲ ့ေတြ ့လို ့ ႀကံဳႀကိဳက္တဲ့အခါ ၊လက္ခလယ္လို မေနပါနဲ ့ ဘဝကိုရိုးေျဖာင့္စြာနဲ ့ျဖတ္သန္းပါ အေမ့သား။

လက္ငါးေခ်ာင္းထဲက လက္ခလယ္ကို ေသခ်ာျပန္ႀကည့္လိုက္ပါ အျငိမ္ေနသလားလို ့ေပါ့ လက္သန္းႀကြယ္ကိုေျပးတြယ္ကပ္တာကို

လည္း ေတြ ့ျမင္ရမွာျဖစ္သလို။ လက္ညိဳးကိုလည္း ေျပးတြယ္ကပ္တာကိုလည္းေတြ ့ရမွာေပါ့၊ အဲဒီလိုပဲ မင္းဟာႀကားထဲကေနျပီး

မင္းဘဝကိုမင္းအဆင္ေျပေစဖို ့အတြက္ ဟိုအဖြဲ ့အထံကစကား ဒီဖြဲ ့ကိုပို ့ ဒီအဖြဲ ့အထံကစကား ဟိုအဖြဲ ့ပို ့ ဒီလူနဲ ့ေတြ ့ေတာ့

သူ ့အေႀကာင္းေျပာ သူနဲ ့ေတြ ့ေတာ့ ဟိုလူ ့အေႀကာင္းေျပာျပီးမွ ဝမ္းစာရွာျပီး ဘဝအတြက္မရုန္းကန္ပါနဲ ့ လက္သန္းႀကြယ္ နဲ ့

လက္ညိဳးမရွိေတာ့ရင္ အဲဒီလက္ခလယ္ဟာ အသံုးမဝင္ေတာ့တဲ့ အပိုတစ္ေခ်ာင္းျဖစ္သြားသလို၊ အဲဒီလူေတြ အဲဒီအဖြဲ ့စည္းေတြ

မရွိေတာ့တဲ့တေန ့ မင္းဟာလည္း ဘယ္ေနရာမွအသံုးမဝင္နိဳင္ေတာ့တဲ့ လူပိုတစ္ေယာက္ျဖစ္သြားေစနိဳင္လို ့ပါပဲ ဒါ့ေႀကာင့္

ယားရင္ေတာ့ ကုတ္ေကာင္းတဲ့ အရသာေတြ ့ေပမယ့္၊ ဖားရင္ေတာ့ မင္းဘဝ တေန ့ျပားသြားေစတတ္တယ္ဆိုတာ သတိသာထား အေမ့သား

◾◾◾◾◾◾◾◾◾◾

[ ၄ ] လမ္း သြားလာတဲ့အခါ ဦးေခါင္းကိုေမာ့ျပီး လွမ္းမေလ်ွာက္ပါနဲ ့ ဦးေခါင္းကိုတည့္တည့္ထားျပီးေတာ့မွ လမ္းေလ်ွာက္ပါ အေမ့သား။

ဦးေခါင္းကိုေမာ့ျပီး လမ္းေလ်ွာက္ေတာ့ ပညာရယ္ အာဏာရယ္ ပိုက္ဆံရယ္ပဲ မင္းျမင္ရလိမ့္မယ္။ ဒါေပမယ့္ဦးေခါင္းကို

တည့္တည့္ထားျပီး လမ္းေလ်ွာက္တဲ့သူကေတာ့ သူ ့မ်က္စိထဲမွာ ပညာေတြ အာဏာေတြ ပိုက္ဆံေတြကိုသူမျမင္ဘူး လူေတြထဲက

လူပဲျမင္လိမ့္မယ္။ အဲဒီလိုပဲ လူတစ္ေယာက္ဟာေပါ့ ပညာတတ္တတ္ မတတ္တတ္ အာဏာရွိရိွ မရွိရွိ၊ ပိုက္ဆံရွိရွိ မရွိရွိ၊ ကိုယ့္ေရွ ့မွာ

အတိဒုကၡျဖစ္ေနတာကို ။ေတြ ့ရင္ ျမင္ရင္၊ ႀကံဳရင္၊ ေျပးေပြ ့ထူေပးနိဳင္ရမယ္ လမ္းလွမ္းေပးနိဳင္ရမယ္ ၊ ေဖးမေပးနိဳင္ရမယ္၊

တိရစၧာန္ျဖစ္တဲ့ က်ီးကန္းေတြေတာင္မွ သူတို ့အသိုက္ဦးထိရင္ ဝိုင္အံုတတ္ေသးတာ အေမတို ့ကလူေတြပါ ငါ့သား လူသားျခင္း

စာနာတတ္ရမယ္ သနားငဲ့ညွာရမယ္ လူကို လူလို ့ျမင္နိဳင္စြမ္းအားရိွရမယ္ ဒါ့ေႀကာင့္ လမ္းေလ်ွာက္တဲ့အခါ ဘယ္ေတာ့မွ

ဦးေခါင္းေမာ့ျပီး မေလ်ွာက္လွမ္းမိဖို ့ပဲ အေမသား။

◾◾◾◾◾◾◾◾◾◾

[ ၅ ] ေရအဝေသာက္ပါ အဝေသာက္ထားတဲ့ ေသာက္ျပီးသားေရးကို ျပန္အန္မထုတ္မိေစနဲ ့ အေမ့သား။

လူေတြဟာ ေရကိုမျဖစ္မေနေသာက္သံုးႀကသလို သူငယ္ခ်င္းဆိုတာလည္း လူျဖစ္လာရင္ မျဖစ္မေနဘဝအတြက္ အရမ္းလိုအပ္တယ္

ကိုယ့္မွာ စားစရာဘာတစ္ခုမ်ွမရွိရင္ေတာင္ ေရဆိုတာကေတာ့ အနည္းဆံုးမင္းအတြက္ ဆာလာင္မႈေတြေျပေဖ်ာက္ေပးနိဳင္သလို

မင္းတကယ္ဒုကၡေရာက္တဲ့အခ်ိန္ခါမွာလည္း အဲဒီသူငယ္ခ်င္းေတြကပဲ မင္းရဲ့အခက္ခဲေတြကို ကူညီေျဖရွင္းေပးနိဳင္လို ့ပဲ။

စကားခ်ပ္ = [ ဒီစာမူကို ေရးသားအခ်ိန္၌ စာေရးသူကိုကူညီအားေပး ေဖးမေပးခဲ့ဖူးႀကပါေသာ သူငယ္ခ်င္းမ်ားကို

အရမ္းသတိရပါေႀကာင္း ]

ေအး …… အဲဒီလိုပဲ ေသာက္ျပီးေသာေရကို တစ္စက္ေလးမ်ွျပန္မေထြးသင့္သလို သူငယ္ခ်င္းေတြေႀကာင့္ မင္းဟာတေန ့

သူတို ့ထက္ေအာင္ျမင္လာခဲ့လ်ွင္ သူတို ့ကို မေမ့သင့္ဘူးဆိုတာပါပဲ၊ မင္းေအာင္ျမင္ေနရင္ လက္တြဲျပန္ေခၚေပးနိဳင္ရမယ္။

အရိပ္ကိုလည္း မ်ွခိုေပးနိဳင္ရမယ္ အစားကိုလည္း မ်ွေဝေကြ်းနိဳင္ရမယ္ အဲဒါဆိုရင္ သားဟာ သူငယ္ခ်င္းေတြထက္

သူငယ္ခ်င္းေကာင္းပဲဆိုတာ ဘဝမွာ အျမဲမေသြမွတ္သားထား အေမ့သား။

◾◾◾◾◾◾◾◾◾◾

Credit#

< Uniocode Version >

အမေမှာကြား [ ၅ ] ခွန်းစကား

✔ ✔ ✔ ✔ ✔ ✔

[ ၁ ] ကိုယ်ပြောတဲ့စကားတစ်ခွန်းက အန်ဖက်ဖြစ်မသွားစေနဲ ့။

[ ၂ ] လူတွေကြားထဲမှာ လေမလည်မိစေနဲ ့။

[ ၃ ] အထက်လူကြီးတွေနဲ ့တွေ ့လို ့ ကြုံကြိုက်တဲ့အခါ ၊လက်ခလယ်လို မနေပါနဲ ့ ဘဝကိုရိုးဖြောင့်စွာနဲ ့ဖြတ်သန်းပါ။

[ ၄ ] လမ်း သွားလာတဲ့အခါ ဦးခေါင်းကိုမော့ပြီး လှမ်းမလျှောက်ပါနဲ ့ ဦးခေါင်းကိုတည့်တည့်ထားပြီးတော့မှ လမ်းလျှောက်ပါ။

[ ၅ ] ရေအဝသောက်ပါ အဝသောက်ထားတဲ့ သောက်ပြီးသားရေးကို ပြန်အန်မထုတ်မိစေနဲ ့။

[ ၁ ] ကိုယ်ပြောတဲ့စကားတစ်ခွန်းက အန်ဖက်ဖြစ်မသွားစေနဲ ့ အမေ့သား။

အန်ဖက်ဆိုတာမျိုးက သားသိတယ်မလား မင်းအန်ချလိုက်တဲ့အန်ဖက်ကို မင်းကိုယ်တိုင်ရွံသလို မြင်ရသူတိုင်းလည်းရွံတာပဲ

အဲဒီအတိုင်းပဲ မင်းရဲ့အကြောင်းကို လူတွေက ဘာတွေပြောပြော ၊ ဘယ်သူက ဘယ်လိုဆိုတာ၊ မင်းကတော့ လူတွေရဲ့အကြောင်းကို

ဖောင်ဖွဲ ့ပြီးလိုက်မပြောမိစေနဲ ့၊ ကြာလာရင် မင်းဟာ လူတကာရဲ့ အန်ဖက်ဖြစ်သွားနိုုင်တာကို အမေ့သားသိထားရမယ်။

◾◾◾◾◾◾◾◾◾◾

[ ၂ ] လူတွေကြားထဲမှာ လေမလည်မိစေနဲ ့ အမေ့သား။

ဝမ်းဗိုက်ကနေ အထက်ကိုပဲလေလည်လည် ဝမ်းဗိုက်ကနေ အောက်ကိုပဲလည်လည် လူကြားထဲ မင်းရဲ့အနံ ့တွေထွက်သွားရင်

မင်းအရှက်ကွဲရလိမ့်မည်။ အဲဒီလိုပဲ ဘယ်လိုအရာ ဘယ်လိုအလုပ်ဖြစ်ဖြစ် မလုပ်ခင်မှာ အရင်ဆုံးစမ်းစစ်နိုင်ရမယ်၊ ဒီအလုပ်

ငါလုပ်နိုင်ရဲ့လား လုပ်လိုက်ရင်ဖြစ်ပါ့မလားပေါ့ လူကြားထဲမှာ လူတွင်ကျယ်သဘောမျိုးနဲ ့ မနိုင်တဲ့ဝန်ကို ထမ်းနိုင်ပါတယ်

လုပ်နိုင်ပါတယ်လို ့ လေလုံးထွားပြီး ကတိတွေပေးပြီး မှ၊ တကယ်မလုပ်နိုင်ရင် လူတွေကမင်းကို ပြောကြလိမ့်မယ်၊ ဒီကောင့်လေသံက

ကျယ်လိုက်တာကွာလို ့အပြောခံရရင် အမေ့သားခံနိုင်ပါ့မလား ဒါ့ကြောင့် …… လေလည်ချင်ပေမယ့် ဝန်ကိုမနိုင်ရင်လည်း

အောင့်အီးခံနိုင်ရမယ် အမေ့သား။

◾◾◾◾◾◾◾◾◾◾

[ ၃ ] အထက်လူကြီးတွေနဲ ့တွေ ့လို ့ ကြံုကြိုက်တဲ့အခါ ၊လက်ခလယ်လို မနေပါနဲ ့ ဘဝကိုရိုးဖြောင့်စွာနဲ ့ဖြတ်သန်းပါ အမေ့သား။

လက်ငါးချောင်းထဲက လက်ခလယ်ကို သေချာပြန်ကြည့်လိုက်ပါ အငြိမ်နေသလားလို ့ပေါ့ လက်သန်းကြွယ်ကိုပြေးတွယ်ကပ်တာကို

လည်း တွေ ့မြင်ရမှာဖြစ်သလို။ လက်ညိုးကိုလည်း ပြေးတွယ်ကပ်တာကိုလည်းတွေ ့ရမှာပေါ့၊ အဲဒီလိုပဲ မင်းဟာကြားထဲကနေပြီး

မင်းဘဝကိုမင်းအဆင်ပြေစေဖို ့အတွက် ဟိုအဖွဲ ့အထံကစကား ဒီဖွဲ ့ကိုပို ့ ဒီအဖွဲ ့အထံကစကား ဟိုအဖွဲ ့ပို ့ ဒီလူနဲ ့တွေ ့တော့

သူ ့အကြောင်းပြော သူနဲ ့တွေ ့တော့ ဟိုလူ ့အကြောင်းပြောပြီးမှ ဝမ်းစာရှာပြီး ဘဝအတွက်မရုန်းကန်ပါနဲ ့ လက်သန်းကြွယ် နဲ ့

လက်ညိုးမရှိတော့ရင် အဲဒီလက်ခလယ်ဟာ အသုံးမဝင်တော့တဲ့ အပိုတစ်ချောင်းဖြစ်သွားသလို၊ အဲဒီလူတွေ အဲဒီအဖွဲ ့စည်းတွေ

မရှိတော့တဲ့တနေ ့ မင်းဟာလည်း ဘယ်နေရာမှအသုံးမဝင်နိုင်တော့တဲ့ လူပိုတစ်ယောက်ဖြစ်သွားစေနိုင်လို ့ပါပဲ ဒါ့ကြောင့်

ယားရင်တော့ ကုတ်ကောင်းတဲ့ အရသာတွေ ့ပေမယ့်၊ ဖားရင်တော့ မင်းဘဝ တနေ ့ပြားသွားစေတတ်တယ်ဆိုတာ သတိသာထား အမေ့သား

◾◾◾◾◾◾◾◾◾◾

[ ၄ ] လမ်း သွားလာတဲ့အခါ ဦးခေါင်းကိုမော့ပြီး လှမ်းမလျှောက်ပါနဲ ့ ဦးခေါင်းကိုတည့်တည့်ထားပြီးတော့မှ လမ်းလျှောက်ပါ အမေ့သား။

ဦးခေါင်းကိုမော့ပြီး လမ်းလျှောက်တော့ ပညာရယ် အာဏာရယ် ပိုက်ဆံရယ်ပဲ မင်းမြင်ရလိမ့်မယ်။ ဒါပေမယ့်ဦးခေါင်းကို

တည့်တည့်ထားပြီး လမ်းလျှောက်တဲ့သူကတော့ သူ ့မျက်စိထဲမှာ ပညာတွေ အာဏာတွေ ပိုက်ဆံတွေကိုသူမမြင်ဘူး လူတွေထဲက

လူပဲမြင်လိမ့်မယ်။ အဲဒီလိုပဲ လူတစ်ယောက်ဟာပေါ့ ပညာတတ်တတ် မတတ်တတ် အာဏာရှိရှိ မရှိရှိ၊ ပိုက်ဆံရှိရှိ မရှိရှိ၊ ကိုယ့်ရှေ ့မှာ

အတိဒုက္ခဖြစ်နေတာကို ။တွေ ့ရင် မြင်ရင်၊ ကြံုရင်၊ ပြေးပွေ ့ထူပေးနိုင်ရမယ် လမ်းလှမ်းပေးနိုင်ရမယ် ၊ ဖေးမပေးနိုင်ရမယ်၊

တိရစ္ဆာန်ဖြစ်တဲ့ ကျီးကန်းတွေတောင်မှ သူတို ့အသိုက်ဦးထိရင် ဝိုင်အုံတတ်သေးတာ အမေတို ့ကလူတွေပါ ငါ့သား လူသားခြင်း

စာနာတတ်ရမယ် သနားငဲ့ညှာရမယ် လူကို လူလို ့မြင်နိုင်စွမ်းအားရှိရမယ် ဒါ့ကြောင့် လမ်းလျှောက်တဲ့အခါ ဘယ်တော့မှ

ဦးခေါင်းမော့ပြီး မလျှောက်လှမ်းမိဖို ့ပဲ အမေသား။

◾◾◾◾◾◾◾◾◾◾

[ ၅ ] ရေအဝသောက်ပါ အဝသောက်ထားတဲ့ သောက်ပြီးသားရေးကို ပြန်အန်မထုတ်မိစေနဲ ့ အမေ့သား။

လူတွေဟာ ရေကိုမဖြစ်မနေသောက်သုံးကြသလို သူငယ်ချင်းဆိုတာလည်း လူဖြစ်လာရင် မဖြစ်မနေဘဝအတွက် အရမ်းလိုအပ်တယ်

ကိုယ့်မှာ စားစရာဘာတစ်ခုမျှမရှိရင်တောင် ရေဆိုတာကတော့ အနည်းဆုံးမင်းအတွက် ဆာလာင်မှုတွေပြေဖျောက်ပေးနိုင်သလို

မင်းတကယ်ဒုက္ခရောက်တဲ့အချိန်ခါမှာလည်း အဲဒီသူငယ်ချင်းတွေကပဲ မင်းရဲ့အခက်ခဲတွေကို ကူညီဖြေရှင်းပေးနိုင်လို ့ပဲ။

စကားချပ် = [ ဒီစာမူကို ရေးသားအချိန်၌ စာရေးသူကိုကူညီအားပေး ဖေးမပေးခဲ့ဖူးကြပါသော သူငယ်ချင်းများကို

အရမ်းသတိရပါကြောင်း ]

အေး …… အဲဒီလိုပဲ သောက်ပြီးသောရေကို တစ်စက်လေးမျှပြန်မထွေးသင့်သလို သူငယ်ချင်းတွေကြောင့် မင်းဟာတနေ ့

သူတို ့ထက်အောင်မြင်လာခဲ့လျှင် သူတို ့ကို မမေ့သင့်ဘူးဆိုတာပါပဲ၊ မင်းအောင်မြင်နေရင် လက်တွဲပြန်ခေါ်ပေးနိုင်ရမယ်။

အရိပ်ကိုလည်း မျှခိုပေးနိုင်ရမယ် အစားကိုလည်း မျှဝေကျွေးနိုင်ရမယ် အဲဒါဆိုရင် သားဟာ သူငယ်ချင်းတွေထက်

သူငယ်ချင်းကောင်းပဲဆိုတာ ဘဝမှာ အမြဲမသွေမှတ်သားထား အမေ့သား။

◾◾◾◾◾◾◾◾◾◾

Credit#

You may also like...