“ဆရာကြီးဦးအောင်သင်း၏ ဒဿနများ”

” တာဝန်နှစ်ခု ”

မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ် မင်းတို့ရဲ့ဘဝကို မင်းတို့မိဘတွေထက် ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်

မင်းတို့ရဲ့သားသမီးတွေကို မင်းတို့ဘဝတွေထက်ပိုပြီး ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ

“အချိန်ဆိုတာ ဘဝ”

မင်းအသက် ၃၀ ငါ့အသက် ၈၆ ဒါအချိန်ပဲ အချိန်ကဘဝပဲ အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး မင်းဘဝကိုတန်ဖိုးထားရင်

မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်

” နှလုံးသားလှဖို့လိုတယ် ”

ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ် ငါအချစ်ဆုံးပဲ သူတို့ကနှလုံးသားရှိလို့ ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး

သူတို့ကနှလုံးသားမရှိလို့

” အားခဲထားနိုင်ရမယ် ”

စိတ်ပျက်လက်ပျက်ဆိုတာမျိုးမဖြစ်စေနဲ့ စိတ်ပျက်ချင်ပျက် လက်တော့မပျက်နဲ့ ဆိုလိုတာက လေ့ကျင့်ကြိုးပမ်းမှုကိုမလျော့လိုက်နဲ့

” အကျင့် ”

လူတွေက မကောင်းတာလုပ်ဖြစ်ရင် မကောင်းအကျင့်ပါသွားမှာကျသိကြတယ် ငါပြောမယ် မကောင်းတာအကျင့်လုပ်ရင်

မကောင်းကျင့်ပါသွားမှာပဲ အဲ့ဒီလိုပဲ ကောင်းတာကိုလည်း အကျင့်လုပ်ရင် ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ

” ရခဲမှရတနာ”

အောက်တန်းကျဖို့ဆိုတာ ကြိုးစားနေဖို့မလိုဘူး တစ်နေ့ ငါအောက်တန်းကျရမယ်လို့ အဓိဋ္ဌာန်ပြုနေဖို့မလိုဘူး အောက်တန်းကျတာ

ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အထက်တန်းစားစိတ်ဓာတ်ဖြစ်ဖို့ကျ ခဲယဉ်းသွားပြီ

” သတိမမူရင် ဂူမမြင်ဘူး ”

လူတွေက သူများထီပေါက်ရင်သာ ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ သူများကားတိုက်ရင် ငါလည်း ကားတိုက်ခံရနိုင်

တယ်လို့ မတွေးကြဘူး သူများအောင်မြင်ရင်သာ ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ သူများကျရှုံးရင် ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး သတိထား အစစအရာရာ သတိဆိုတာ ပိုတယ်မရှိဘူး

” အခိုက်အတန့် ”

လူတွေက ချမ်းသာခြင်းသာ သင်္ခါရလို့ထင်တယ် တစ်ကယ်တော့ ဆင်းရဲခြင်းလည်း သင်္ခါရပဲ မင်းကြိုးစားနေသမျှကာလပတ်လုံး

အဆင်မပြေခြင်းက သင်္ခါရ မင်း မကြိုးစားပဲ ရေသာခို အချောင်နေနေသရွေ့ မင်းအတွက်ဆင်းရဲခြင်းက ထာဝရပဲ

” တောင်းမှာအကွပ် ”

အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန် ဝတ္တရားရှိသောသူတွေကိုက ပစ်ပယ်လိုက်ပြီဆိုရင်တော့ အဲ့ဒီကောင်ဘဝ

သေပြီလို့မှတ်လိုက်တော့.

“စာနာမှု”

“ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း ကြည့်ပေးနိုင်တာကလည်း ယဉ်ကျေးမှုပဲ”

“ရိုးသားပါ ”

ကိုယ်မရသင့်တာကို မယူချင်ပါနဲ့.. ကိုယ်မရသင့်တာကို ယူလိုက်မိရင် ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်

” လူမိုက်နှင့် လူလိမ္မာ ”

လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ် လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်

ပို၍ မိုက်မဲသောသူတို့ကား ကိုယ်တိုင် မှားပါလျက် နှင့်ပင် သင်ခန်းစာ မယူတတ်ကြကုန်တဲ့

“ရင်ဆိုင်ပါယှဉ်ပြိုင်ပါ ”

တညည်းညည်း တညူညူနဲ့ “ငါတော့ ကံဆိုးတာပဲလို့ အောက်မေ့နေရင် အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ အောက်မေ့ပေတော့..

လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင် တစ်သက်လုံးပြေးပေတော့.. အောင်မြင်မှု ဘယ်တော့မှ မရဘူး.. ထွက်ပြေးတဲ့ကောင်

ဘယ်တော့မှနိုင်ရိုးမရှိဘူး.. ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ

.. ………………………&…………..:………

ဆက်လက်တင်ပြပါမည်

ဆရာကြီးအားလေးစားလျက်

. Credit To : KoHlaMoeKhing

You may also like...