Category: ကျန်းမာရေး

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ဒီအချက်တွေ ရှောင်ကြဉ်သင့်တာ

ကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တယ်၊ GYM ဆော့တယ်ဆိုပါစို့။ အဲ့ဒီလို လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ဘယ်လိုအရာမျိုးတွေ လုပ်သင့်တယ်၊ ရှောင်သင့်တယ်ဆိုတာမျိုးကို သိထားမှသာ ကိုယ်လုပ်လိုက်တဲ့ လေ့ကျင့်ခန်းရဲ့ အကျိုးသက်ရောက်မှုကို ခံစားရမှာပါ။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ဘယ်လိုအရာတွေ သတိထားရမယ်ဆိုတာ ပြောပြပေးလိုက်ပါတယ်။ ၁။လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်ပြီးချိန်မှာ တန်းပြီး ရပ်လိုက်တာမျိုးမလုပ်ပါနဲ့။ လေ့ကျင့်ခန်းလုပ်ထားတာကြောင့် မြန်နေတဲ့ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ဟာ ချက်ချင်းကြီး ပြောင်းလဲသွားတာမျိုး မဖြစ်အောင် အနည်းဆုံး အေရိုးဗစ်လေးကပြီး အဆုံးသတ်ပေးတာတို့၊...