Category: ပုံပြင်

အီစွတ်ပေးသော ဘဝသင်ခန်းစာ

အီစွတ် ပုံပြင်များတွင် အဓိက ဇာတ်ကောင်များမှာ တိရစ္ဆာန်များ ဖြစ်ပါသည်။ ပုံပြင်ဆရာကြီး အီစွတ်သည် ခရစ်မပေါ်မီ အနှစ် ၆၀၀ လောက်က ပေါ်ထွန်းခဲ့သည်။ အီစွတ်သည် “ဖရိဂျီယာ” ဆိုသူ၏ ကျေးကျွန်တစ်ဦး၊ ရုပ်ဆိုးပြီး အရပ်ပုသော်လည်း ဉာဏ်ထက်မြက်သည်။ “ဆေးမယ်မြို့၊ ဂရိတွေးခေါ်ပညာရှင်ကြီး “ကွေဂျင်သပ်”ဆိုသူက အီစွတ်ကို ကျေးကျွန်အဖြစ် ဝယ်လိုက်သည်။ မကြာမီမှာပင် သူဝယ်လိုက်သူ အီစွတ်မှာ ကျေးကျွန်မဟုတ်ဘဲ ဆရာဖြစ်နေမှန်း သိလိုက်ရသည်။ အီစွတ်ပြောသမျှ လေးနက်သော...

လယ်သမားရဲ့နာရီ

တစ်ခါက လယ်သမားတစ်ယောက်ဟာ စပါးကျီထဲမှာ အလုပ်လုပ်နေရင်း လက်မှာ ပတ်ထားတဲ့ နာရီဟာ ပျောက်သွားခဲ့တယ်..။ ဒီနာရီဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရများစွာ ရှိနေတဲ့ နာရီ တစ်လုံးလည်း ဖြစ်တယ်..။ အသစ်ပြန်ဝယ်လို့ရနိုင်ပေမယ့် ဒီနာရီကို သူအရမ်း နှမျောတသ ဖြစ်နေမိတယ်..။သူဟာ အတော်ကြာအောင် နာရီကို ကောက်ရိုးပုံတွေကြားထဲမှာ ရှာဖွေခဲ့တယ်..။ နောက်ဆုံးတော့ သူဟာ လက်လျှော့လိုက်ပြီး အပြင်မှာဆော့ကစားနေတဲ့ ကလေးတစ်သိုက်ကို အကူအညီတောင်းဖို့ ဆုံးဖြတ် လိုက်တယ်..။  ပြီးတော့...

တစ်ခါကယောက္ခမ

တစ်ခါက အမျိုးသမီး တစ်ဦးဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။ ဒီတော့ ယောက္ခမနဲ့ နေ့တိုင်း ပြောဆိုဆက်ဆံရတဲ့အခါ ဘယ်လိုမှ မတည့်ဘူးတဲ့။ စကားများရတာတွေ၊ ရန်ဖြစ်ရတာတွေ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်နေရတာပေါ့ ။ ယဉ်ကျေးမှုအရလည်း ဖြစ်၊ ဘာသာရေးအရ လည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရလည်း ထမင်းခူးပေးရတယ်။ပီးတော့ ပြင်ဆင်ပေးရတယ်ပေါ့။ တစ်နေ့တော့  ဒီဒဏ်တွေကို မခံနိုင်လို့ အမျိုးသမီးက...

ဝံပု​လွေလိုလူစား မဖြစ်​​စေချင်​ပါ

ယုံတမ်းစကားကို ယုံစားမိပါက တခါတုန်းက ဝံပု​လွေတစ်​​ကောင်​ဟာအစာရှာရင်း​ တောစပ်​နားက ရွာ​လေးတစ်​ရွာကို ​ရောက်​လာသတဲ့။ ရွာအဝင်​နားက မုန့်​သည်​မရဲ့အိမ်​​ဘေးနားလည်း​ရောက်​​ရော မုန့်​သည်​မကြီးရဲ့က​လေး​ချော့မြူသံကိုကြားပြီး ဝံပု​လွေဟာရပ်​တန့်​လိုက်​တယ်​။ မု့န့်​သည်​မကြီးဟာ မုန့်​​ရောင်းသွားကာနီးအိမ်​မှာကျန်​ရစ်​ခဲ့​သောက​လေးသည်​​ချော့မြူ၍မရပဲ ငိုမြဲငို​နေ​သော​ကြောင့်​စိတ်​မရှည်​​သော​ကြောင့်​ က​လေးအား​ခြောက်​လှန့်​လိုက်​​လေသည်​။ သား … တိတ်​​တော့​နော်​။ဆက်​ငို​နေရင်​အိမ်​​အောက်​ကို ပစ်​ချပြီးဝံပု​လွေစာ​ကြွေးလိုက်​​တော့မယ်​ဟုဆိုလေ၏။က​လေးသည်​ငိုမြဲငို​လေသည်​။ ဒီစကားကိုကြား​တော့ ဝံပု​လွေဟာအင်း ငါ​တော့ဒီ​တော့ကံထူးတာပဲ..က​လေးအသားစားရ​တော့မယ်​ဟုကြံကာအိမ်​​အောက်​မှ ဘယ်​အချိန်​က​လေးပစ်​ချ​လေမလဲဟု ​မျော်​တလင့်​လင့်​နဲ့ ​စောင့်​စားနေသည်​။ အမှန်​သည်​ကား မုန့်​သည်​မကြီးသည်​ဝံပု​လွေအိမ်​​အောက်​သို့​ရောက်​ရှိ​နေမှန်းမသိ၊က​လေးအငိုတိတ်​​အောင်​ ​ချောက်​လှန့်​ခြင်းသာဖြစ်​သည်​။ အချိန်​သည်​တဖြည်းဖြည်းကုန်​လာ၍​နေဝင်​ချိန်​​တောင်​ ​ရောက်​လာပြီ၊က​လေးကို အခုချိန်​ထိ သူ့ထံသို့ပစ်​မချ​သေး။က​လေးငိုသံလည်း မကြားရ​တော့ဟု​တွေး​နေစဉ်​မုန့်​သည်​မကြီးသည်​ပင်​ မုန့်​​ရောင်းရာကပြန်​​ရောက်​​ချေပြီ။...

တန်ဖိုးချင်းတော့ မတူနိုင်

တစ်ခါတုန်းက သစ်ပင်တွေဟာ စကားပြောတတ်တယ်ဆိုပဲ။ စကားပြောတတ်တဲ့ သစ်ပင်တွေကို ပန်းပုဆရာတစ်ယောက်က ပန်းပုထုဖို့ ယူလာခဲ့တယ်။ ခုတ်ထားတဲ့ သစ်သား တုံးတွေကို ပန်းပုထုတော့ သစ်သားတုံးတစ်တုံးက အထုခံရ၊ အခုတ်ခံရ၊ အထွင်းခံရ၊ အရိုက်ခံရ၊ အနှက်ခံရတော့ “နာတယ်” ဆိုပြီး အော်တယ်။ ဒါကြောင့် ပန်းပုဆရာဟာ အဲ့သစ်သားတုံးကို အသေးစိတ် မွန်းမံမနေတော့ဘဲ တုံးမောင်းအဖြစ်၏နဲ့ပဲ ထားခဲ့လိုက်တော့တယ်။ နောက်သစ်သားတုံးတစ်တုံးကျတော့ ဘယ်လောက် နာပေမယ့် သူ မအော်ဘဲ ကြိတ်မှိတ်သည်းခံပြီးတော့...

ဘ၀မှာအရေးကြီးဆုံးအရာများ

တစ်နေ့တော့ ဆရာတစ်ယောက်ဟာ ရေကရားတစ်ခုကိုစာသင်ခန်းထဲယူလာပြီး သူ့တပည့်တွေကိုပြလိုက်ပါတယ်။ပြီးတော့ ကျောက်ခဲတွေကိုယူပြီး ရေကရားထဲထည့်လိုက်ပါတယ်။ရေကရားလည်း တစ်ဝက်နီးပါးလောက်ပြည့်သွားပါတယ်။.ထို့နောက် ကျောက်စရစ်ခဲသေးသေးလေးတွေကိုဘူးနဲ့ထည့်ယူလာပြီးေ ရကရားထဲကိုလောင်းချပြလိုက်ပါတယ်။ရေကရားလည်း ပြည့်လုနီးပါးဖြစ်သွားပါတယ်။.နောက်ဆုံးတစ်ကြိမ်မှာတော့ သဲတွေယူလာပြီးထပ်မံလောင်းထည့်လိုက်ရာသဲတွေဟာ ကျောက်ခဲတွေကြားထဲစိမ့်ဝင်ပြီးရေကရားလည်း ပြည့်သွားပါတော့တယ်။.ဆရာက ကျောင်းသားများအား ပြည့်နေသော ရေကရားအားပြလိုက်ပြီး” တပည့်တို့ ပထမဆုံးထည့်လိုက်တဲ့ကျောက်ခဲတွေကိုဘ၀မှာအရေးကြီးဆုံးအရာတွေလို့သဘောထားလိုက်ဥပမာ – မိသားစု၊ လက်တွဲဖော်၊ ကျန်းမာရေး အစရှိတာတွေပေါ့။ဒုတိယထည့်လိုက်တဲ့ ကျောက်စရစ်ခဲသေးသေးတွေကိုတော့ဒုတိယအရေးကြီးဆုံးအရာတွေလို့သတ်မှတ်လိုက်။ဥပမာ – အလုပ်၊ အိမ်၊ ကား စတာတွေပေါ့။.ပြီးတော့ဆရာက ဆက်ပြောပါတယ်။” နောက်ဆုံးထည့်လိုက်တဲ့ သဲတွေကတော့ ဘ၀မှာအရေးမပါတဲအရာတွေ၊မလုပ်လည်းဖြစ်တဲ့အရာတွေ၊မရှိလည်းဖြစ်တဲ့အရာတွေပေါ့။ရေကရားထဲကို သဲတွေကိုအရင်ရေကရားထဲလောင်းထည့်လိုက်မယ်ဆိုရင်ကျောက်ခဲတို့၊...

စေတနာပါမှ ဒါနဖြစ်တယ်

တစ်ခါတုန်းက ဗာရာဏသီပြည်မှာ အင်မတန် ချမ်းသာကြွယ်ဝတဲ့ သူဋ္ဌေးနှစ်ဦးရှိခဲ့ဖူးတယ်။ အဲဒီသူဋ္ဌေးနှစ်ဦးဟာ ငယ်သူငယ်ချင်းတွေ ဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး အင်မတန်ချစ်ခင်ကြသတဲ့။ ဒါပေမယ့် သူငယ်ချင်းသူဋ္ဌေးနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် စရိုက်ချင်းမတူကြဘူး။ သူဋ္ဌေးတစ်ယောက်က ဂုဏ်ပကာသနတွေကို ခင်မင်ပြီး အလွန်ကြွားဝါချင်တယ်။ စေတနာ သဒ္ဓါမပါဘဲ နာမည်ကောင်းရအောင်ဆိုပြီးအလွန်အကျွံ အလှူအတန်းလုပ်တယ်။ ကျန်သူဋ္ဌေး တစ်ယောက်ကတော့ လှူသင့်သလောက်လှူ စားသင့်သလောက်စားပြီး ရိုးရိုးအေးအေးပဲနေထိုင်ပါတယ်။ ဒီလိုနဲ့နှစ်အနည်းငယ်ကြာတဲ့အခါမှာ ဂုဏ်လိုချင်လို့ အလှူအတန်း အများကြီးလုပ်တဲ့ သူဋ္ဌေးဟာ တဖြည်းဖြည်း ပစ္စည်းဥစ္စာတွေဆုံးပါးပြီး...

ကိုယ့် အထွာနဲ့ကိုယ်

တခါတုန်းက ဆင်​တစ်​​ကောင်​နဲ့ကြွက်​တစ်​​ကောင်​တို့ဟာ​တောအုပ်​တစ်​ခုအတွင်းမှာအ​ဆွေခင်​ပွန်းဖွဲ့​နေထိုင်​ကြ​နေသတဲ့။ တ​နေ့​တော့ နံနက်​မိုးလင်းတာနဲ့ဆင်​ဟာအစာရှာထွက်​သွားသလိုကြွက်​ဟာလည်းအစာရှာထွက်​လာခဲ့တယ်​။ ည​နေမိုးချုပ်​လို့ အစာရှာပြီးမိမိ​နေရပ်​ဆီကိုပြန်​လာ​တော့ အရင်​​ရောက်​နှင့်​​နေတဲ့ကြွက်​ဟာ မျက်​နှာမ​ကောင်းစွာ ပြန်​လာ​သောဆင်​အားကြည့်​၍ ခရီးဦးကြို ပြုလိုက်​တယ်​။ ကိုဆင်​…မျက်​နှာလည်းမ​ကောင်းပါလား..အစာရှာရတာ အဆင်​မ​ပြေခဲ့ဘူးလား… မ​ပြောချင်​ပါဘူး…ကိုကြွက်​ရာအစာရှာ​နေတုန်း ဆင်​ဆိုးတစ်​​ကောင်​ကရန်​ရှာပြီးတိုက်​ခိုက်​လို့ မနဲလွှတ်​​အောင်​ထွက်​​ပြေးလာခဲ့ရတယ်​။ဒါ​ပေမယ့်​ဆင်​ဆိုးရဲ့အစွယ်​နဲ့ ထိုးမိလို့​နောက်​​ကျောမှာ ၂ ​တောင်​​လောက်​ပြဲသွားတယ်​ဗျာ….နာလိုက်​တာမ​ပြောပါနဲ့​တော့….. အတူတူပါပဲ ကိုဆင်​ရာ…..ကျွန်​​တော်​လည်းအစာရှာ​နေတုန်း​ကြောင်​တစ်​​ကောင်​နဲ့​တွေ့လို့ ထွက်​​ပြေးလာခဲ့ရတယ်​။ဒါ​တောင်​ သူ့လက်​သည်းနဲ့ခြစ်​မိလို့ ​နောက်​​ကျောမှာ ၂ ​တောင်​​လောက်​ပြဲသွားတယ်​။ နာလိုက်​တာဗျာ…. ကြွက်​ရဲ့စကားကိုကြား​တော့ ဆင်​ဟာဟက်​ဟက်​ပက်​ပက်​ ရယ်​​မောပြီး​ပြောလိုက်​တယ်​။ စဉ်းစားပြီးမှလည်း ​ပြောပါကြွက်​ရာ…မင်းရဲ့တစ်​ကိုယ်​လုံး​ပေါင်းလို့ တစ်​ထွာ​တောင်​မရှိတာ ဘယ်​လိုလုပ်​၂ ​တောင်​​လောက်​ပြဲသွားရတာလဲ…ဟား…ဟား…ဟား…...

ပုံပြင်တိုလေးများ

အမေနဲ့ သား ဈေးအတူတူသွားကြသည်။ကုန်စုံဆိုင် ဆိုင်ရှင်က ကလေးလေးကိုတွေ့တာနဲ့အင်မတန် ချစ်ဖို့ကောင်းတာနဲ့ ဈေးဗန်းထဲက သကြားလုံးကိုနှိုက်ယူခိုင်းသည်။ ကလေးက တုပ်တုပ်ပင် မလှုပ်ချေ။ အတန်တန်ပြောသော်လည်း မယူသဖြင့် ဆိုင်ရှင်က ပြုံးကာသကြားလုံးတစ်ဆုပ်ယူပြီး အိပ်ကပ်ထဲထိုးထည့်ပေးလိုက်သည်။ ဈေးကပြန်လာတော့ အမေဖြစ်သူက သားကိုမေးသည်။ “သကြားလုံးကြိုက်တတ်ရက်သားနဲ့ ဒီလောက်ယူခိုင်းနေတာသားရယ် ဘာဖြစ်လို့မယူရတာလဲ” သားက ပိုင်တဲ့ အပြုံးပြုံးပြီး အမေ့ကိုပြန်ဖြေသည်.. “ဘာဖြစ်လို့လဲဆိုတော့ သားလက်ကပိုသေးတယ်.. ဆိုင်ရှင်လက်က ပိုကြီးတယ်လေ.သူထည့်ပေးရင် ကျနော်ယူတာထက် ကျိန်းသေပိုများမှာသားသိလို့..” ( ဒီကလေးဟာ သူ့ရဲ့...

“သမီးလေးရဲ့အတွေး”

ရွာတစ်ရွာက ကလေးမလေးတစ်ယောက် ကျောင်းကို နေ့တိုင်းတစ်ယောက်ထဲ အဝေးကြီးသွားသွားတက်ရတယ်… တစ်နေ့ ညနေကျောင်းဆင်းချိန်မှာ မိုးတွေရုတ်တရတ် အုံ့ဆိုင်းလာပြီး လျှပ်စီးတွေလျှပ်လာတယ် အမေဖြစ်သူက သမီးကို အရမ်းစိတ်ပူသွားပြီးကျောင်းကပြန်လာမယ့် လမ်းအတိုင်း စက်ဘီးနဲ့ အမြန်နင်းသွားရှာတာပေါ့… သူ့သမီးကို လမ်းခုလတ်မှာတွေ့တဲ့အခါ အမေဖြစ်သူ ကြောင် သွားသည်။ သမီးဖြစ်သူက လျှပ်စီးတစ်ခါလျှပ်တိုင်း လမ်းလျှောက်တာ ရပ်လိုက်ပြီး ကောင်းကင် ကိုခေါင်းမော့ကြည့်တယ်. ပြီးတော့ ရယ်ပြတယ်.. တော်တော်ကြာရပ်ကြည့်နေပြီးမှ အမေက သမီးအနား စက်ဘီးတွန်းသွားရင်း မေးလိုက်တယ်.. “သမီးလေး.. သမီး ဘာလုပ်နေတာလဲ..”...