Category: Uncategorized

ဆွမ်းလောင်းရခြင်း အကျိုး (၁၂)ပါး

၁။ တာဝတိံသာနတ်ပြည် တစ်ထောင်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကိုရခြင်း။ ၂။ တစ်ထောင်သော စကြာမင်းတို့၏ မိဖုရားအဖြစ်ကို ရခြင်း။ ၃။ မရေတွက်နိုင်သော ပဒေသရာဇ်မင်းအဖြစ်ကို ရခြင်း။ ၄။ ကြာညိုပန်းအဆင်းနှင့် တူသော အဆင်းရှိသည် ဖြစ်၍ အလွန် အဆင်း လှခြင်း။ ၅။ ကိုယ်အင်္ဂါ အားလုံး နှင့် ပြည့်စုံသည်ဖြစ်၍ လွန်စွာ ရှုချင်စဖွယ် ရှိခြင်း။ ၆။ မြတ်သော အမျိုး၌...

အမုန်းခံအလှ

(လယ်တွင်းသားစောချစ် )  လှပခမ်းနားသော ဖိတ်စာတစ်စောင်..ဒေါက်တာဝင်းနိုင်ဦး နှင့် ဒေါက်တာသီတာမိုး ” ဖေဖေ… ဒီဖိတ်စာ သမီးကိုပေးနော်… သိမ်းထားချင်လို့”  ရှစ်တန်းကျောင်းသူ သမီးငယ်က ဖိတ်စာကိုအိတ်နဲ့တကွ အပိုင်ယူလိုက်သည်။” အဲ့ဒီ ဖိတ်စာတစ်စောင်ကို နှစ်ရာကျတယ်တဲ့…..” ဒေါ်မြအေးက ဈေးသည်ပီပီ ကျောက်ဆည်ဈေးထဲမှာ သတင်းကြားခဲ့ပြီ။” ဆန်းသစ်လွင် ရုပ်ရှင်ရုံမှာ မင်္ဂလာဆောင်မှာတဲ့ မေမေရ၊ ဖိတ်စာထဲမှာပါတယ်” ” ဟုတ်တယ်…ရန်ကုန်ပုံစံအတိုင်းကျွေးမှာတဲ့။ဖိတ်တာတောင်ခွဲတမ်းနဲ့၊တစ်ယောက်ကို ကျွေးမယ့်တန်ဖိုးကပဲ ဘယ်နှထောင်ဖိုးဆိုလားး သတိုးသားက်က တစ်ရာ့ငါးဆယ်။သတိုးသမီးဖက်ကတစ်ရာ့ငါးဆယ်။တစ်ကယ့်မျက်နှာကြီးတွေချည်းရွေးဖိတ်တာတဲ့…..။အိမ်ရှေ့တိုက်ကတောင် သူတို့နဲ့ခင်လျက်သားနဲ့မဖိတ်လို့ စိတ်ဆိုးနေတယ်။ ဒေါ်မြအေးသတင်းကပိုစုံတယ်...

ဘဝင်မြင့်ရောဂါ

ပိုက်ဆံလေးနည်းနည်းရှိလာတော့ တိုက်နေကြဆပ်ပြာတောင် ယားသလိုခံစားရတယ် သုံးနေကြ shampoo တွေဟာ quality သိပ်မကောင်းတော့ဘူးလို့ တွေးမိတယ်…. စားနေကြ ၅၀တန် ဝက်သားဒုတ်ထိုးတောင် နံတယ်ထင်ပြီး ခုတွဲနေတဲ့ရည်းစားတောင် ရွံစရာကြီးလို့ထင်မိတာ.. အပေါစားတွေသုံးခဲ့မိတဲ့ ကိုယ့်ကိုကိုယ်ရှက်မိပြီး သူဌေးတွေနဲ့ပဲရွေးပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်.. ဖူးနေကြဘုရားတောင် သိပ်တန်ခိုးမကြီးတော့သလိုတွေးမိပြီး နိုင်ငံခြားကဘုရားပဲဖူးတော့ မယ်လို့ ဆုံးဖြတ်လိုက်တယ်… ၂၀၀ထဲနဲ့ဆူးလေရောက်နိုင်တာကို အံ့အားတွေသင့်နေပြီး ညစာအတွက်ဆိုင်မ ထပ်အောင်ရွေးရတာကို ဒုက္ခတစ်ခုလိုမြင်မိတယ်… ရုပ်ရှင်ကိုအပေါ်ထပ်ကကြည့်မှ ပိုကြည်တယ်လို့ခံယူပြီး လမ်းဘေးစာတွေကို နှာခေါင်းရှုံ့ပြီး ခပ်ဝေးဝေးက...

“နှစ်သက်မိသော စကားစုများ”

“Choose your love. Love your choice.”– Thomas S. Monson –မင်းအချစ်ကို ရွေးပါ။ မင်းရွေးချယ်မှုကို ချစ်ပါ…။– Thomas S. Monson – “It’s better to burn out than to fade away.”– Neil Young –မှိန်ဖျော့ပျောက်ကွယ်ရတာထက် လောင်ကျွမ်းကုန်ဆုံးရတာက ပိုကောင်းပါတယ်…။– Neil Young –...

ဘုရားရှင်အား တစ်ကြိမ် ဦးချရခြင်းအကျိုး

တစ်ခါတော့…ဘုရားရှင်ဟာ နံနက်မိုးသောက်ထတဲ့အချိန်မှာမဟာကရုဏာသမာပတ်ဝင်စားရင်း စဏ္ဍာလတင်းကုပ်မှာနေတဲ့ သက်တမ်းကုန်နေတဲ့အဘွားအိုတစ်ယောက်ကို သွားမြင်တော်မူပါတယ်သူ့နာမည်က စဏ္ဍာလီတဲ့။ စဏ္ဍာလီ အမည်ရှိတဲ့ အဘွားအိုဟာ အခုမနက်ခင်းမှာပဲ သေတော့မယ် ပြီးတော့ ဘာကုသိုလ်မှလည်း မရှိတဲ့အတွက်ငရဲလည်း ကျမယ်တဲ့။ ငရဲမကျစေချင်တဲ့အတွက် ဘုရားရှင်ဟာသံဃာပေါင်းများစွာခြံရံပြီးရာဇဂြိုဟ်မြို့ထဲကို ဆွမ်းခံကြွတော်မူပါတယ်။ အဲဒီအချိန်မှာ အဘွားအိုကလည်း မြို့ပြင်အထွက်လမ်းမှာ ဘုရားရှင်နဲ့ မျက်နှာချင်းဆိုင် တည့်တည့်တိုးနေတော့တာပေါ့။ မြတ်စွာဘုရားရှင်ကလည်း အဘွားအို ရှေ့ဆက်သွားမရပဲ ရှိခိုးကန်တော့ဖြစ်သွားအောင် ရှေ့တည့်တည့်ကနေ ပိတ်ရပ်ထားတော်မူပါတယ်။ ဒါပေမဲ့…အဘွားအိုက ဘုရားရှင်ကို ရှိမခိုးဘူးတဲ့။ဒီအတိုင်းပဲ ပေပြီး...

အနီးမှုန်

ကျောင်းပေါ်ကို ခြေလှမ်းတွေ လေးကန်စွာနဲ့ တက်လာတဲ့ ဒကာကြီးကို ဆရာတော်က ပြုံပြီး ကြည့်လိုက်တယ်။ ဖတ်လက်စ စာအုပ်ကို ဘေးချပြီးတော့ “ဒကာကြီး ဒီကို သက်သက်လာတာလား၊ လမ်းကြုံလို့ ဝင်လာတာလား” “သက်သက်ရောက်လာတာပါဘုရား” “အကြောင်းရှိသလား” “တပည့်တော် ဘဝပျက်သွားပြီဘုရား။ လုပ်ငန်းတွေ ဆုံးရှုံးကုန်ပြီ။ သတ်သေချင်စိတ်တောင်ဖြစ်မိပါတယ် ဘုရား” “ဒကာကြီး ခုန ပြောလိုက်တဲ့အထဲမှာ ဘဝပျက်သွားပြီဆိုတာ ပါသွားသလားလို့” “တင်ပါ့ဘုရား” ဆရာတော်က အနီးနားရှိ စာရွက်တစ်ရွက်ကို လှမ်းယူလိုက်တယ်။...

အမေ လိမ်ပြောခဲ့တယ်နော်

သောမတ်စ်အယ်ဒီဆင်ဟာ ကျောင်းစနေလို့ တစ်လအကြာ တစ်ရက်မှာ ကျောင်းက ပြန်လာတော့ ဆရာမပေးလိုက်တဲ့ စာအိတ်တစ်ခုကို သူ့အမေကို ပြလိုက်တယ်။ သူက ငယ်သေးတော့ စာမဖတ်တတ်သေးဘူး။ အမေဟာ စာအိတ်ကို ဖွင့်ဖတ်လိုက်တယ်။ ပြီးတော့ အယ်ဒီဆင်ကြားအောင် စာကို အော်ပြီး ဖတ်ပြလိုက်တယ်။– “အမရဲ့ သားဟာ အလွန်ဥာဏ်ထက်မြက်ပြီး ပါရမီရှင်တစ်ယောက် ဖြစ်ပါတယ်။ ကျွန်မတို့ကျောင်းမှာ သူ့လောက်တော်တဲ့ ဆရာ ဆရာမတွေ မရှိကြလို့ အမပဲ သူ့ကို စာသင်ပေးလိုက်ပါနော်”...