Monthly Archive: August 2018

“ရိုးသားခြင်းရဲ့တန်ဖိုး”

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်တစ်ပါးအုပ်ချုပ်နေထိုင်တယ်။ သူ့ရဲ့အရိုက်အရာကိုဆက်ခံဖို့ သားသ္မီးမထွန်းကားခဲ့ဘူး။ အသက်ကြီးလာတော့ ထီးနန်းအရိုက်အရာဆက်ခံဖို့ သူကိုယ်တိုင်ရွေးချယ်မယ်ဆို ပြီးကြေငြာတယ်။ တိုင်းပြည်မှာရှိတဲ့ လူငယ်တွေကို နန်းရင်ပြင်မှာစုရုံးစေပြီးအမိန့်ရှိတယ်။ မောင်မင်းတို့အထဲက တိုင်းပြည်ကိုအုပ်ချုပ်မဲ့ သူကိုရွေးချယ်မယ်။ လိုအပ်တဲ့အရည်အချင်းကတော့ အမှန်တရားကို မြတ်နိုးသူ၊သတ္တိရှိသူ ၊စွန့်လွှတ်အနစ်နာခံသူဖြစ်ဘို့ဘဲ။ အဲဒီ အရည်အချင်းကိုစမ်းသပ်ဖို့ သစ်စေ့တစ်စေ့နဲ့ ပန်းအိုးတစ်လုံးပေးလိုက်မယ်။ အိမ်ရောက်ရင် အပင်ပေါက်အောင်လုပ်ကြ။ နောက် တစ်နှစ်ကြာရင် ပြန်လာခဲ့။ အပင်ကိုကြည့်ပြီး ဘယ်သူဟာ ဒီအရည်အချင်းရှိလဲ ဆုံးဖြတ်မယ်။ လူငယ်တွေလဲ ဘုရင်ကြီးပေးတဲ့...

သင့်ခင်ပွန်းလောင်းကို ရွေးချယ်ခြင်းက သင့်အနာဂတ်ကို ရွေးချယ်တာနဲ့ အတူတူပါပဲ

ခင်​ပွန်းသည်​က အရက်​မ​သောက်​၊ အလုပ်​​ကောင်း​ကောင်းလုပ်​ပါတယ်​။ ရှာသမျှပိုက်​ဆံ​တွေကိုစုထားချင်​တယ်​။ ဇနီးသည်​ကို မ​ပေးချင်​ဘူး။အပို​ငွေ မကုန်​​အောင်​လို့ ထင်​ပါတယ်​။ လူဆို​တော့လည်း ကျန်​တဲ့​နေရာမှာ ​ချွေတာလို့ရချင်​ရမယ်​။ မစားလို့​တော့မရဘူး​လေ။ မနက်​မိုးလင်းတာနဲ့ ဗိုက်​ကဆာ​နေပြီ။အိမ်​အတွက်​ ဆန်​ ​​တော့ဝယ်​​ပေးပါတယ်​။ ထမင်းပဲ စားလို့က မဝင်​နိုင်​ဘူး​လေ​နော်​။တစ်​လတစ်​လ ​ပေးထားတဲ့ ပိုက်​ဆံ​တွေထဲက သားသမီ​တွေ ပညာ​ရေးအတွက်​၊ မီးဖို​ချောင်​အသုံးစရိတ်​အတွက်​ ​ချွေတာပြီးသုံးရပါတယ်​။ မ​လောက်​တဲ့လ အတွက်​တော့ ဆိုင်​​​တွေမှာအ​ကြွေးယူရတာ​ပေါ့​လေ။ ခင်​ပွန်းသည်​က​ ငွေအပို​သုံးတယ်​ထင်​မှာစိုးလို့အိမ်​သုံးစရိတ်​ကို စာရင်းမှတ်​ရပါတယ်​။ ခင်​ပွန်းသည်​အရိပ်​အကဲ ကြည့်​ပြီး စာရင်းစာအုပ်​သွားပြ​တော့...

“နေရာ”

သူတစ်ပါးကို ဘယ်တော့မှ အပြစ်တင်မစောလိုက်ပါနဲ့ သူ့မှာ သင်မသိတဲ့ အခက်အခဲတွေရှိနိုင်တယ် ။ သူတစ်ပါးကို ဘယ်တော့မှ အထင်မသေးလိုက်ပါနဲ့ သူ့မှာ သင်မသိတဲ့ ကြီးမြတ်မှုတွေ ရှိနိုင်တယ် ။ သူတစ်ပါးကို ဘယ်တော့မှ မစွပ်စွဲလိုက်ပါနဲ့ သူ့မှာ သင်မသိတဲ့ အမှန်တရားတွေ ရှိနိုင်တယ် ။ သူတစ်ပါး အသက်မွေးဝမ်းကြောင်းအလုပ်ကို ဘယ်တော့မှ မပုတ်ခတ်လိုက်ပါနဲ့၊ သူ့မှာ သင်မသိနိုင်တဲ့ ရုန်းကန်ဖြတ်သန်းမှုတွေ ရှိနိုင်တယ်။ သူတစ်ပါးအကြောင်းကို သင် တစ်ခါ...

“အဆိုတော် ထူးအိမ်သင် အကြောင်း”

ထူးအိမ်သင်မဖြစ်မီ အမည်ရင်း ကျော်မြင့်လွင်ဘဝနဲ့ ရန်ကုန်ကို သီချင်းသွင်းဖို့ တက်လာတော့ ဘားလမ်းထိပ် ၊ အနော်ရထာလမ်းပေါ်က အပ်ချုပ်ဆိုင်တစ်ဆိုင်မှာ တီးဝိုင်းကိစ္စ ဝင်မေးတယ် ။ အဲသည် အပ်ချုပ်ဆိုင်ပိုင်ရှင်က Aces တီးဝိုင်းမန်နေဂျာ ကိုစိုးအောင် အကိုပါ ။ ကျော်မြင့်လွင်ကိုကြည့်ပြီး ဘယ်ကလဲလို့ မေးတယ် ၊ ပုသိမ်ကပါလို့ ဖြေတယ် ။ ပုသိမ်ဖက်ကဆိုရင် မင်းအောင်လို သီချ င်းမျိုးတွေပဲ ဖြစ်မှာပဲ ၊ Aces...

“အသက် ၂၄ နှစ်ပြည့်ပြီးနောက်ပိုင်း သင်လုံးဝမလုပ်သင့်တော့တဲ့ အရာများ “

၁။ အပေါစားအ၀တ်အစားတွေဝယ်တာကို ရပ်တန့်လိုက်ပါ။ လူငယ်ဘာသာသဘာဝ ပြောင်းလဲနေတဲ့ဖက်ရှင်ရေစီးကြောင်းနဲ့အမီ သင်ဟာ ပေါ်ပင်ဖက်ရှင်တွေနောက်ကို လိုက်တဲ့လူငယ်တစ်ယောက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အသက် ၂၄ နှစ်ကျော်ပြီဆိုရင်တော့ ပေါ်ပင်တွေနောက်ကို မလိုက်တော့ပဲ ကိုယ်နဲ့အသင့်တော်ဆုံးအလိုက်ဖက်ဆုံးဖြစ်ပြီး လုပ်ငန်းခွင်မှာလည်း အများလေးစားခံရပြီး စတိုင်ကျတဲ့သူဖြစ်ဖို့ ကိုယ်ဝတ်ဆင်မယ့် အ၀တ်အစားတွေမှာ ရင်းနှီးမြှပ်နှံမှုကိုစတင်လိုက်ပါတော့။ တစ်လနှစ်ခါလောက် အ၀တ်အစားအသစ်တွေဝယ်ဝတ်နေမယ့်အစား အဲဒီပိုက်ဆံတွေကိုစုပြီး နှစ်လတစ်ခါလောက်မှဝယ်။ အရည်အသွေးကောင်းပြီး သင့်ကို စတိုင်ကျစေမယ့် အ၀တ်အစားမျိုးဝယ်ပါ။   ၂။ ကိုယ်နဲ့မသင့်တော်တဲ့ချစ်သူကို လက်တွဲဖြုတ်ပါ။ ကိုယ်နဲ့မသင့်တော်တဲ့သူဆိုတာ...

“မပေါင်းသင်းအပ်သော ဂဏန်းနဲ့တူတဲ့ လူသုံးမျိုး “

( ၁ ) အလိုက်သင့်ပေါင်းပြီး အတွင်းကျိတ် မကောင်းကြံလေသူ ( ၂ ) ရလျှင်တစ်မျိုး မရလျှင်တစ်မျိုး ပြောင်းလဲဆက်ဆံတတ်သူ ( ၃ ) တစ်ဖက်သားကို ချောက်တွန်းပြီးမှ မိမိကောင်းစားရေးကို လုပ်ဆောင်တတ်သူ ထိုသူတွေက ဂဏန်းနဲတူတဲ့ လူတွေဖြစ်တယ်။ ဂဏန်းတွေဟာ သူတို့ကိုယ်တိုင်သာ အပေါ်မရောက်ဘဲရှိမယ် “ဆွဲချ” တဲ့နေရာမှာ အင်မတန် အားသန်ကြပါတယ်။ တစ်ခါက လူငယ်တစ်ယောက်ကမ်းခြေတစ်ခုကို သွားရင် အဖုံးမပါတဲ့ ပလိုင်းနဲ့...

“အကြံရှိတာလား.. ဥာဏ်ရှိတာလား..???”

တစ်ခါက ဆိုကရေးတီးကို သူ့ကျောင်းက တပည့်တစ်ယောက်မေးတယ်။ ” ဆရာကြီး အကြံနဲ့ဥာဏ်ကို တွဲပြီးတော့ ရေးသားထားတာတွေ့ရတယ် အဲဒီတော့ အကြံနဲ့ ဥာဏ်ဟာ ဆိုလိုရင်း တူတူပဲပေါ့နော် ” လို့မေးတယ်။ ဆိုကရေးတီးက ဘာမှမပြောဘဲ အနားမှာရှိတဲ့ ကျောက်တုံးနှစ်တုံးကို ကောက်လိုက်တယ်။ ပြီးတော့ အဲဒီကျောက်တုံးနှစ်တုံးကို အရှိန်ပြင်းပြင်းနဲ့ ထိရိုက်ပြတယ်။ ကျောက်တုံးက မီးစ မီးပွားလေးတွေ ဖြတ်ခနဲ ဖြတ်ခနဲ ထွက်လာတယ်။ဒါကို ပြပြီးတော့ ဆိုကရေးတီးက ”...

“ဘာအခက်အခဲမှ မရှိရင် ဘာရင့်ကျက်မှုမှ မရှိနိုင်”

လူတိုင်းမှာ အခက်အခဲဆိုတာ ကြုံဖူးကြမှာပါပဲ… အဲ့ဒီလိုအခက်အခဲတွေ ကြုံတဲ့အချိန်မှာ စိတ်ဓာတ်ခွန်းအား ဖြစ်စေရန် ရည်ရွယ်ပြီး… ဓမ္မဒါနအနေဖြင့် မျှဝေလိုက်ခြင်းဖြစ်ပါသည်။ ဘာအခက်အခဲမှ မရှိရင် ဘာရင့်ကျက်မှုမှ မရှိနိုင်……. လူတိုင်းမှာစိတ်ကောင်းရှိပါတယ်။ တစ်ခါတစ်လေ ဆိုးတဲ့စိတ်လည်း ဖြစ်ပါတယ် နော်။ သို့သော် စိတ်ကောင်းလေးကတော့ လူတိုင်းမှာ ရှိပါတယ်။ အဲ့ဒါလေးကို မေ့မထားဖို့ အရေးကြီးတယ်။ အားလုံးသဘောထားကြီးကြီး စိတ်ထားကောင်း ကောင်းနဲ့ ဆက်ဆံရင် အခက်အခဲတွေ ပိုပြီးအဆင်ပြေသွားမယ်။ အခက်အခဲတွေ ပိုပြီးအဆင်ပြေသွားမယ်...

“ ကိုကာကိုလာ ကုမ္ပဏီ စီအီးအို၏ ၃၀ စက္ကန့်သာကြာသော မိန့်ခွန်း ”

ဘဝကို လေပေါ်မှာ ဘောလုံး (၅)ခု မကျအောင် ထိန်းနေရတဲ့ ဂိမ်းတစ်ခုလို့ ယူဆပါ။ ယင်းဘောလုံး (၅)ခုကတော့ ….. ၁။ အလုပ် ၂။ မိသားစု ၃။ ကျန်းမာရေး ၄။ သူငယ်ချင်း ၅။ စိတ်ဓာတ် တို့ ဖြစ်ပါတယ်။ အလုပ်ဆိုတဲ့ ဘောလုံးဟာ ရာဘာဘောလုံး နဲ့တူတယ်ဆိုတာကို သင်တစ်နေ့နားလည်လာပါလိမ့်မယ်။ သူဟာ မတော်လို့လွတ်ကျခဲ့ရင် ယင်းအားကြောင့် ပြန်လည်ခုန်တက်လာပါတယ်။ ကျန်တဲ့ ဘောလုံး(၄)ခုဖြစ်တဲ့...

“ကိုယ့်လမ်းကို မှန်အောင်လျောက်ပါ “

ဖားတစ်ကောင်ဟာ ကင်းခြေများတစ်ကောင် လမ်းလျှောက်လာတာကိုမြင်တော့ ဒီလိုစဉ်းစားမိတယ် “ငါ့မှာ ခြေနှစ်ချောင်း လက်နှစ်ဖက်ရှိတာတောင် လမ်းလျှောက်ရတာ ခက်ခဲတယ် တခါတစ်လေ ဘယ်ညာမှားပြီး ခြေလှမ်းတွေ လွဲနေတတ်သေးတာ ဒါပေမယ့် ဒီကောင်ကြီးက ခြေထောက်တွေ မရေမတွက်နိုင်အောင်ရှိနေတာ ဘယ်လိုများလမ်းလျှောက် သလဲမသိဘူး တော်တော်ထူးဆန်းတာပဲ ဒီကင်းခြေများ ဒီခြေထောက်က အရင်လှမ်းဟိုခြေထောက်က နောက်မှလမ်းဆိုပြီး သူ့ခြေထောက်တွေကိုသူ ဘယ်လိုများ ထိန်းချုပ်လဲ မသိဘူး” ………………………… အဲ့ဒါနဲ့ ဖားက ကင်းခြေများကို သွားပြီး ဒီလိုမေးလိုက်တယ်...