Monthly Archive: October 2018

“ကိုယ်​လိုချင်​တဲ့အရာ ကိုယ့်​ဆီမှာပဲရှိတယ်​´´

တခါတုန်းကမြို့​လေးတမြို့ရဲ့ အ​ဆောင်​တ​ဆောင်​ကို တက္ကသိုလ်​တက်​ဖို့အတွက်​ နယ်​မှလူငယ်​နှစ်​ ​ယောက်​​ရောက်​လာခဲ့တယ်​။ ထိုအ​ဆောင်​ကတခန်းကို နှစ်​​ယောက်​​နေထိုင်​ဖို့စီစဉ်​ထားလို့ ​နေထိုင်​​ရေး အဆင်​​ပြေလှတယ်​။ ထိုလူငယ်​နှစ်​​ယောက်​မှာငယ်​ သူငယ်​ချင်း ဖြစ်​ကြ​တော့သူတို့နှစ်​ဦးအတွက်​ ပိုလို့ အဆင်​​ပြေတာ​ပေါ့။ ထိုလူငယ်​နှစ်​​ယောက်​မှာတဦး က မိဘများချမ်းသာသည့်​အ​လျောက်​ ဘာအလုပ်​ မှမလုပ်​ရပဲ​ကျောင်းပညာကို အဆင်​​ချောစွာပဲသင်​ ယူ​နေခဲ့ရ​ပေမဲ့ ကျန်​တဲ့တဦးက​တော့မိဘများမချမ်းသာ​လေ​တော့ အလုပ်​တခုရှာ​ဖွေလုပ်​ကိုင်​ရင်းပဲပ ညာသင်​ကြား​နေခဲ့ရရှာတယ်​။ ချမ်းသာတဲ့လူငယ်​မှာ​ငွေကို ကိုယ်​တိုင်​ရှာ​ဖွေ​နေရ မှုမရှိ​လေ​တော့ ​ငွေကိုအသုံးပြုတာထက်​ဖြုန်းတာပဲ များ​နေခဲ့တယ်​။ ဆင်းရဲတဲ့လူ ငယ်​မှာ​တော့ ပညာသ...

“စကားကြီး (၁၀)မျိုး “

စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြားသတ်မှတ်ထားသည်၊ မြန်မာလူမျိုးတို့က စကားကြီး ၁၀-မျိုးဟု ခေါ်ဆိုကြသည်၊ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင် ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတံချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။ ၁။ ရေကူး ညာတင် ၂။ ကောက်ပင် ရိတ်လှီး ၃။ ရေစီး ဖောင်ဆန် ၄။ အိုးတန် ဆန်ခပ် ၅။ ဆီပွတ် ကျည်ပွေ့ ၆။...

“လူကောင်းကိုအနိုင်ကျင့်ရတာလွယ်တယ်”

တခါက ရွာတရွာမှာ ရွာဦးနတ်ကွန်းဘေးမှာ ရေနှုတ်မြောင်း ဖြတ်စီးနေတယ်။ နတ်ကွန်းထဲက နတ်ရုပ်က မတ်တတ်ကိုယ်တော်ကြီး။ တနေ့တော့ လူတယောက်က မြောင်းဘောင်အတိုင်း လျှောက်လာပီး ဟိုဘက်ကမ်းကို ကူးမယ်လုပ်တယ်။ အဲ့မြောင်းထဲမှာ ရေတော်တော်များနေတယ်။ ညက မိုးရွာထားတာကိုး။ ခုန်ကူးရအောင်ကလဲ မမီမကမ်းနဲ့။ မြောင်းထဲ ဆင်းကူးယင်လဲ ရေစိုမယ်လေ။ ပီးတော့ ဒီလူကလဲ ခပ်ရွတ်ရွတ်ဆိုတော့ နတ်ကွန်းထဲက နတ်ရုပ်ကြီးကို ဆွဲချလာ၊ မြောင်းပေါ်ခွကျော်ပီး ချ၊ ပီးမှ နတ်ရုပ်ကြီးကို တုံးတံတားလုပ်ပီး...

“စာဖတ်သူနှင့် စာမဖတ်​သူ”

စာ​ပေဗဟုသုတရှိသူသည်​ စာ​ပေဗဟုသုတမရှိသူထက်​ အမြဲတမ်း ​ခေါင်းတစ်​လုံးမြင့်​​နေတယ်​။… အ​နောက်​တိုင်းသားများက အ​ရှေ့တိုင်းသားများထက်​​ နေရာတိုင်းတွင်​ သာ​နေခြင်းမှာ စာဖတ်​ခြင်း​ကြောင့်​ပင်​ဖြစ်​သည်​။… အင်္ဂလန်​၌ ရပ်​ကွက်​တစ်​ခု​ဖော်​တိုင်း မဖြစ်​မ​နေပါရ​သောအရာမှာ “စာကြည်​တိုက်​”ပင်​ဖြစ်​သည်​။… ရပ်​ကွက်​စာကြည်​တိုက်​ပင်​ဖြစ်​​သော်​လည်း ထိုစာကြည်​တိုက်​တွင်​ ကမ္ဘာ့ဂန္ထဝင်​စာအုပ်​အားလုံး ရှိ​နေရသည်​။… ထိုစာ​ပေဗဟုသုတအား​ကြောင့်​လည်း ကျွန်းနိုင်​ငံ​​လေး တစ်​ခုသာဖြစ်​​သော အင်္ဂလန်​သည်​ တစ်​ကမ္ဘာလုံးနီးပါးကို အုပ်​ချုပ်​နိုင်​ခဲ့ခြင်းဖြစ်​သည်​။.. စာဖတ်ခြင်းက သင့်ကို ဘယ်လိုထူးခြားတဲ့စွမ်းအင်တွေ ပေးနိုင်တယ်လို့ထင်ပါသလဲ စာဖတ်ခြင်းက ဗဟုသုတတိုးပွားဖို့အတွက်ပဲလို့ ထင်နေကြပါတယ်။ တကယ်တော့ စာဖတ်ခြင်းကနေ ဗဟုသုတ တိုးပွားရုံသာမက သင်မသိသေးတဲ့...

သီတင်းကျွတ်သမိုင်းကြောင်း (History of Thadingyut)

ဘုရားရှင်လက်ထက်တော်အခါ ဤသီတင်းကျွတ်ကာလတွင် ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်သို့ ဝါတွင်းကာလပတ်လုံး ကြွရောက်၍ တရားတော်မြတ်များ ဟောကြားချီးမြှင့်အပြီး လူ့ပြည်ဖြစ်သော “သင်္ကဿ” မြို့သို့ ရွှေစောင်းတန်း ငွေစောင်းတန်း တို့တွင် နတ်ဒေဝတာများခြံရံလျှက် ပတ္တမြားစောင်းတန်းမှ ပြန်လည်ကြွချီတော်မူခဲ့သည်။ ထိုသို့ ကြွချီလာချိန်တွင် လူ့ပြည်၌ သီတင်းကျွတ်လပြည့်နေ့ မှောင်ရီပျိုးစအချိန်ဖြစ်သောကြောင့် မြို့သူမြို့သား အပေါင်းတို့သည် ဆီမီးများထိန်ထိန် ထွန်းညှိ၍ ဗုဒ္ဓမြတ်စွာကို ကြည်ညို သက်ဝင်သောဂါရဝတရားအပြည့်ဖြင့် ဦးညွှတ်ကြိုဆိုခဲ့ကြသည်ကိုအကြောင်းပြု၍ ခေတ်အဆက် ဆက် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည်...

“ဒေါ်လာတစ်သန်းတန် သင်ခန်းစာ”

တစ်နေ့တော့ အကျိုးဆောင်ကုမ္မဏီက လူတစ်ယောက်ဟာ တက္ကစီတစ်စီး ငှားစီးလိုက်ပါတယ်။ သူ့ကို မြို့အနောက်ဖက်မှာနေတဲ့ လူကုံထံအသိုင်းအ၀ိုင်းတစ်ခုက အိမ်ဝယ်မလို့ တိုင်ပင်ဖို့ ခေါ်လိုက်တာဖြစ်ပါတယ်။ အဲဒီမိသားစုဟာ အလွန်ပစိပစပ်နိုင်ပြီးတော့ ပြောရဆိုရတာလဲလက်ပေါက်ကပ်လို့ အခြားအကျိုးဆောင်တွေကတောင် ရှောင်ကြတဲ့သူတွေပါ။တက္ကစီ ငှားစီးရင်းနဲ့ တက္ကစီသမားဟာ အရမ်းကိုပျော်နေတယ်။ ကားမောင်းတဲ့အခါမှာလဲ အလွန်ဂရုတစိုက်နဲ့မောင်းတယ်။ ဒါနဲ့သူက ခင်ဗျားဘာလို့ လုပ်ငန်းခွင်မှာပျော်ရွင်တာလဲလို့မေးလိုက်တယ်။ တက္ကစီသမားကတော့ အဓိကက ကိုယ်နဲ့တိုက်ဆိုင်တဲ့ ၀ါသနာနဲ့ကိုက်ညီတဲ့အလုပ်ကို ရွေးချယ်နိုင်မှုပါပဲ။ “လူတိုင်းဟာဖြစ်ချင်တာတွေတော့ အများကြီးရှိတာပဲ ဒါပေမယ့် ဖြစ်သင့်တာကိုပဲလုပ်သင့်တယ်။ ကျွန်တော်အင်ဂျင်နီယာ...

“လေးစားခြင်း “

နာမည်ကျော် စာရေးဆရာကြီးတစ်ဦးက ဒီလိုပြောဖူးပါတယ်။ “ သူများတွေ ကျွန်တော့ကိုလေးစားတာ ကျွန်တော်ထူးချွန်တဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ ထင်ခဲ့ဖူးပါတယ်။ နောက်မှ နားလည်လာတာက သူများကျွန်တော့ကို လေးစားတာ သူများ ထူးချွန်တဲ့ အတွက်ကြောင့်ပါ” တဲ့၊ မှန်ပါတယ်။ ထူးချွန်တဲ့သူများဟာ လူတိုင်းကိုလေးစားဖို့ နားလည်ကြပါတယ်။ အထက်ကလူကို လေးစားခြင်းဟာ တာဝန်ကို ပိုမိုသိတတ်စေပါတယ်။ လုပ်ဖေါ်ကိုင်ဘက်ကိုလေးစာခြင်းဟာ အလုပ်ကို ပိုမို အဆင်ပြေစေပါတယ်။ အောက်ငယ်သားကို လေးစားခြင်းဟာ စီမံခန့်ခွဲမူမှာ ပိုမိုထိရောက်စေနိုင်ပါတယ်။ စားသုံးသူကိုလေးစားခြင်းဟာ...