Monthly Archive: December 2018

“လိုက်နာမှတ်သား အနာဂါတ်အတွက်စကားများ “

” ဆဲဆိုတာသူ့အလုပ် ၊ သည်းခံတာ ကိုယ့်တာဝန်။ ကဲ့ရဲ့တာ သူ့အလုပ်၊ သည်းခံတာ ကိုယ့်တာဝန်။ ” ” ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ။ စိတ်မှာ အသိဥာဏ်နည်းရင် ရိုင်းတယ်။ စိတ်ထဲမှာ အသိဥာဏ်များရင် ယဉ်ကျေးတယ်။ ” “အပြစ်ကို ကဲ့ရဲ့တာနဲ့၊ လူကို ကဲ့ရဲ့တာ ခွဲခွဲခြားခြား သိတတ်ကြရင် ကဲ့ရဲ့မှုက လွတ်မယ်” ပါရမီဖြည့်ဖက် သံယောဇဉ်ကြောင့်ပဲ တစ်ယောက်က တစ်ယောက်ရဲ့ ပါရမီဖြစ်သွားရတာပေါ့။တကယ်တော့...

“တန်ဖိုးထားပါ”

ရှုံးနိမ့်ဖူးသူမှသာ အောင်မြင်မှု အသီးအပွင့်ရဲ့ ချိုမြိန်မှုကို ပိုပြီးတန်းဖိုးထား အရသာ ခံတတ်တယ်။ လမ်းပျောက်ဖူးသူမှသာ လမ်းမှန်ကို လျှောက်ရခြင်းရဲ့ တန်းဖိုးကို မြင်တတ် တန်ဖိုးထားတတ်မယ်။ နာနာကျင်ကျင် ငိုဖူးတဲ့ သူမှသာ လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်ရယ်မောခြင်းရဲ့ တန်ဖိုးကို ပိုပြီး မြတ်နိုးနှစ်ခြိုက်ရကောင်းမှန်း သိတယ်။ နောက်ကျဖူးတဲ့ ဒုက္ခကို ကြုံတွေ့ရဖူးမှသာ အချိန်မီခြင်းရဲ့ တန်ဖိုးကို လေးစားတန်ဖိုးထားရကောင်း မှန်း ပိုသိလာတယ်။ အဲဒါ ဘာကြောင့်လဲ ဆိုရင် ကျနော်တို့တွေ...

“ခေါင်းဆောင်မှုဆိုတာဟာ ဘာလဲ “

John C. Maxwell က အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုပြထားပါတယ် … ခေါင်းဆောင်မှုဆိုတာ စွန့်စားရတဲ့ အခြေအနေတစ်ရပ်ကို ကိုယ့်ကိုယ်ကိုယ် ပို့ရဲတဲ့ သတ္တိကို ခေါ်တယ်။ ခေါင်းဆောင်မှုဆိုတာဟာ အိုင်ဒီယာအသစ်တွေအတွက် တံခါးဖွင့်ထားရဲတဲ့ သတ္တိကို ခေါ်တယ်။ ခေါင်းဆောင်မှုဆိုတာဟာ လက်ရှိအခြေအနေကို အားမလို အားမရ ဖြစ်နေခြင်း ဖြစ်တယ်။ ခေါင်းဆောင်မှုဆိုတာ တခြားလူတွေ ဆင်ခြေတွေ ပေးနေတဲ့ အချိန်မှာ တာဝန်ယူခြင်း ဖြစ်တယ်။ ခေါင်းဆောင်မှုဆိုတာ တခြားလူတွေက...

“မျှဝေတဲ့ ပျော်ရွှင်ခြင်း”

တကယ့်ဆရာကောင်းသမားဆိုတာ ကျောင်းသားဘယ်နှယောက်ပိုင်ဆိုင်တာလဲ မဟုတ်ဘူး။ တကယ့်ဆရာကောင်းသမားဆိုတာ ကျောင်းသားအများကို ဆရာကောင်းသမားဖြစ်ဖို့ ပြုစုပျိုးထောင်ပေးသူ၊ လူအများကို ခေါင်းဆောင်ကောင်းဖြစ်ဖို့ ပြုစုပျိုးထောင်ပေးသူဖြစ်တယ်။ လူ့ဘဝတစ်သက်က “လူဘယ်လောက်ကို သင်ကျော်လွန်ခဲ့သလဲ” မဟုတ်ဘူး။ “လူဘယ်နှယောက်ကို ကိုယ့်ကိုယ်ကိုကျော်လွန်နိုင်ဖို့ သင်ကူညီလမ်းညွှန်ခဲ့သလဲ”ဆိုတာဖြစ်တယ်။ အောင်မြင်ရေးကျမ်းသစ်က “လူဘယ်နှယောက်ကို သင်အောင်နိုင်ခဲ့သလဲ” မဟုတ်ဘူး။ မျှဝေခြင်းကမှ အောင်မြင်ခြင်းဖြစ်တယ်။ “ရှန်ဟိုင်းကနေ လန်ဒန်ကိုဘယ်လိုသွားရင် ပိုပျော်ဖို့ကောင်းမလဲ”လို့ ရှန်ဟိုင်းမြို့က လျှပ်စစ် ပစ္စည်းကုမ္ပဏီတစ်ခုက ဆုပေးချီးမြှင့်တဲ့ မေးခွန်းတစ်ခုထုတ်ခဲ့တယ်။ ပထမဆုက လက်မ၄ဝ ရောင်စုံတီဗွီစက်တစ်လုံးဖြစ်တယ်။...

“ပျော်ဖို့ဆိုတာလွယ်ပါတယ်”

တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ဝရန်တာမှာကျနေတဲ့ အမှိုက်တစ်စကိုကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့အရာ ရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကိုမွေးမြူတတ်ဖို့ပဲလိုတယ်။ ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက “ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊...

“ဘယ်သူ့အတွက်အသက်ရှင်မလဲ “

လူရယ်လို့ ဖြစ်လာရင်….. သင့်ကို အားကျတဲ့လူ ရှိသလို၊ အမြင်ကပ်တဲ့လူလည်းရှိမယ်။ သင့်ကိုမနာလိုတဲ့ လူရှိသလို၊ အထင်သေးတဲ့လူလည်းရှိမယ်။ ဒါ ဖြစ်လေ့ဖြစ်ထ သဘာဝပါ။ သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ် သင်ဘယ်လောက်ပဲ အနှစ်နာခံ ကျိုးစားကျိုးစား.. လူတိုင်းကို ကျေနပ်အောင်တော့ သင်မစွမ်းဆောင်နိုင်ပါဘူး၊ ဒါကြောင့်မို့လို့၊ သူများအကြိုက်ကိုဆောင်ဖို့… သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။ သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။ ————————–———– သိထားဖို့က… သူများပါးစပ်ဖျားပေါ်က ”သင်” ဟာ… ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ သင်အစစ်အမှန်...

“လင်ကွန်း၏ ‘ မ ‘ ဆယ်လုံး”

၁။ ချွေတာ စုဆောင်းခြင်းကို အားမပေးပဲ မချမ်းသာနိုင်ပါ ။ ၂။ အားကြီးသူတွေကို အစိတ်စိတ် ခွဲခြင်းဖြင့် အားငယ်သူများကို မကူညီနိုင်ပါ ။ ၃။ အားကြီးသူကို အားပျော့အောင်လုပ်ခြင်းဖြင့် အားနည်းသူကို အားပြည့်လာအောင် မလုပ်နိုင်ပါ ။ ၄။ လစာပေးနေသူတွေကို နှိမ်ချခြင်းဖြင့် လစာ ရသူတွေကိုဧ။် လစာကို တိုးမြင့်မပေးနိုင်ပါ ။ ၅။ ချမ်းသာသူတွေကို ပျက်စီးစေခြင်းဖြင့် ဆင်းရဲသားများကို မကူညီနိုင်ပါ ။...

ဆင်ခြင်စရာ (၆)ချက်

(၁) လူတိုင်းကို ကိုယ့်လိုထင်တတ်တဲ့ စိတ်ကိုပြင် (၂) အားနာတတ်တဲ့ အကျင့်ကိုပြင်ပါ (၃) ယုံကြည်လွယ်လွန်း တဲ့အကျင့်ကို ပြင်ပါ (၄) ဝမ်းနည်းတတ်တဲ့ အကျင့်ကိုပြင်ပါ (၅) တစ်ခုခုဆို တွေးပြီး မျက်ရည်ကျတတ်တာကိုပြင်ပါ (၆) အစွဲအလမ်းကြီးတတ်တာကို လည်းပြင်ပါ။ Credit#