Monthly Archive: January 2019
အောင်မြင်ရေးအတွက် A to Z
လူတိုင်း အောင်မြင်ချင်ကြပါတယ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘ၀တလျှောက် လုံးမှာ စသဖြင့် နေရာတိုင်းမှာ အောင်မြင်ချင် ကြပါတယ်။ အောင်မြင်ချင်ရင် A to Z ကို သတိရပါ တဲ့။ (A)Avoid negative sources, persons, places, things and habits.အဆိုးမြင်တတ်တဲ့ အရင်းအမြစ်၊ လူတွေ၊ နေရာတွေ၊ အရာဝတ္တုတွေနဲ့ အမူအကျင့်တွေကို ရှောင်ပါတဲ့။ (B)Believe yourself.ကိုယ့်ကိုယ်ကိုယုံကြည်ပါ။...
ဘုရားရှင်အား တစ်ကြိမ် ဦးချရခြင်းအကျိုး
တစ်ခါတော့…ဘုရားရှင်ဟာ နံနက်မိုးသောက်ထတဲ့အချိန်မှာမဟာကရုဏာသမာပတ်ဝင်စားရင်း စဏ္ဍာလတင်းကုပ်မှာနေတဲ့ သက်တမ်းကုန်နေတဲ့အဘွားအိုတစ်ယောက်ကို သွားမြင်တော်မူပါတယ်သူ့နာမည်က စဏ္ဍာလီတဲ့။ စဏ္ဍာလီ အမည်ရှိတဲ့ အဘွားအိုဟာ အခုမနက်ခင်းမှာပဲ သေတော့မယ် ပြီးတော့ ဘာကုသိုလ်မှလည်း မရှိတဲ့အတွက်ငရဲလည်း ကျမယ်တဲ့။ ငရဲမကျစေချင်တဲ့အတွက် ဘုရားရှင်ဟာသံဃာပေါင်းများစွာခြံရံပြီးရာဇဂြိုဟ်မြို့ထဲကို ဆွမ်းခံကြွတော်မူပါတယ်။ အဲဒီအချိန်မှာ အဘွားအိုကလည်း မြို့ပြင်အထွက်လမ်းမှာ ဘုရားရှင်နဲ့ မျက်နှာချင်းဆိုင် တည့်တည့်တိုးနေတော့တာပေါ့။ မြတ်စွာဘုရားရှင်ကလည်း အဘွားအို ရှေ့ဆက်သွားမရပဲ ရှိခိုးကန်တော့ဖြစ်သွားအောင် ရှေ့တည့်တည့်ကနေ ပိတ်ရပ်ထားတော်မူပါတယ်။ ဒါပေမဲ့…အဘွားအိုက ဘုရားရှင်ကို ရှိမခိုးဘူးတဲ့။ဒီအတိုင်းပဲ ပေပြီး...
အနီးမှုန်
ကျောင်းပေါ်ကို ခြေလှမ်းတွေ လေးကန်စွာနဲ့ တက်လာတဲ့ ဒကာကြီးကို ဆရာတော်က ပြုံပြီး ကြည့်လိုက်တယ်။ ဖတ်လက်စ စာအုပ်ကို ဘေးချပြီးတော့ “ဒကာကြီး ဒီကို သက်သက်လာတာလား၊ လမ်းကြုံလို့ ဝင်လာတာလား” “သက်သက်ရောက်လာတာပါဘုရား” “အကြောင်းရှိသလား” “တပည့်တော် ဘဝပျက်သွားပြီဘုရား။ လုပ်ငန်းတွေ ဆုံးရှုံးကုန်ပြီ။ သတ်သေချင်စိတ်တောင်ဖြစ်မိပါတယ် ဘုရား” “ဒကာကြီး ခုန ပြောလိုက်တဲ့အထဲမှာ ဘဝပျက်သွားပြီဆိုတာ ပါသွားသလားလို့” “တင်ပါ့ဘုရား” ဆရာတော်က အနီးနားရှိ စာရွက်တစ်ရွက်ကို လှမ်းယူလိုက်တယ်။...
အရွယ်ရောက်လို့ ရည်းစားထားတာမင်းအပြစ်မဟုတ်ဘူး လူရွေးမှားရင်တော့မင်းအပြစ်ပဲ
ဒီမှာ…ညီမလေး ကိုယ့်ကို တစ်ကယ် မချစ်တဲ့လူအတွက် ပေးဆပ်နေရတာ တန်ရဲ့လား… ကိုယ့်ကို ဥပေက္ခာပြုထားတဲ့ လူတစ်ယောက်ကို ဆက်ချစ်နေရင်ရော…အဆင်ပြေနိုင်ပါ့မလား… … ကိုယ့်အချစ်တွေကို တန်ဖိုးမထားတတ်တဲ့ လူတစ်ယောက်အတွက်…နာကျင်ခံစားနေရတာတွေ ကိုယ်ပေးသလို ပြန်ရလာနိုးနိုးနဲ့ မျော်လင့်နေရတာတွေက ဖြစ်သင့်သလား သေချာစဉ်းစားပါအုံး… … … ညီမလေး သိထားပါ… …တစ်ကယ့်အချစ်စစ်က ကိုယ်က ပေးမှပြန်ရတာ မဟုတ်ဘူး…ကိုယ်က မပေးရင်တောင် သူ့ဘက်က ပေးချင်နေတာမျိုး… … ညီမလေး…တန်ဖိုးထားပြီးကိုးကွယ်နေတဲ့…အချစ်ဆိုတာ… သူ့အတွက်…ပျံကျဈေးတန်းမှာ ရောင်းနေတဲ့…...
အမေ လိမ်ပြောခဲ့တယ်နော်
သောမတ်စ်အယ်ဒီဆင်ဟာ ကျောင်းစနေလို့ တစ်လအကြာ တစ်ရက်မှာ ကျောင်းက ပြန်လာတော့ ဆရာမပေးလိုက်တဲ့ စာအိတ်တစ်ခုကို သူ့အမေကို ပြလိုက်တယ်။ သူက ငယ်သေးတော့ စာမဖတ်တတ်သေးဘူး။ အမေဟာ စာအိတ်ကို ဖွင့်ဖတ်လိုက်တယ်။ ပြီးတော့ အယ်ဒီဆင်ကြားအောင် စာကို အော်ပြီး ဖတ်ပြလိုက်တယ်။– “အမရဲ့ သားဟာ အလွန်ဥာဏ်ထက်မြက်ပြီး ပါရမီရှင်တစ်ယောက် ဖြစ်ပါတယ်။ ကျွန်မတို့ကျောင်းမှာ သူ့လောက်တော်တဲ့ ဆရာ ဆရာမတွေ မရှိကြလို့ အမပဲ သူ့ကို စာသင်ပေးလိုက်ပါနော်”...
မင်းရုပ်ဆိုးတယ်နော် လက်ခံလိုက်စမ်းပါ
(အောင်သင်း) ဒီ ကမ္ဘာလောကကြီးတစ်ခုလုံးကို လှပအောင်အဲဒီရုပ်ဆိုးတဲ့ သူတွေက ဖန်​တီး တည်ဆောက်ထားတာတဲ့ဗျား ။ ရုပ်ချောတဲ့ သူတွေကိုဆို လောကကြီးကအသာတကြည်​ လက်ခံလိုက်တယ် ။{အဲတော့ကြိုးစားစရာမလိုတော့ မကြိုးစားတော့ဘူး} [ ရုပ်ချောတဲ့ကလေးကို လူတိုင်းချီချင်ကြတယ်လေ ][ ရုပ်ဆိုးတဲ့ကလေးကြတော့ ဘယ်သူ့သားသမီးတဲ့ဪ ဟုတ်လား ဒီလောက်ပဲ ။ မဟုတ်လား ] ရုပ်ဆိုးတဲ့သူတွေကျတော့ လောကကြီးက အသာတကြည်​ လက်မခံဘူး အဲတော့ ကြိုးစား ရတယ် ။ ဒီတော့...
“အေးဆေးစွာရင်ဆိုင်လိုက်ပါ”
မီးရထားအလံပြဝန်ထမ်းနေရာအတွက် အလုပ်လာလျှောက်တဲ့ ကောင်လေးတစ်ယောက်ကို အင်တာဗျူးမေးတယ်… “မင်းက တောတွင်းရထားလမ်းနေရာကို ရောက်နေတယ်။မင်း ရောက်နေတဲ့ လမ်းဆုံကို ရထားနှစ်စီး မျက်နှာချင်းဆိုင် အရှိန်ပြင်းပြင်းနဲ့ ခုတ်မောင်းလာကြတယ်။ နောက် ၁၅ မိနစ်ကြာရင် အရှိန်မထိန်းနိုင်ဘဲ မင်းရောက်နေတဲ့ နေရာမှာ တိုက်မိတော့မယ်။ အဲဒါဆို မင်း ဘာလုပ်မလဲ?” ” ကျွန်တော် ကုန်းမြင့်ကို တက်ပြီး အလံနီပြတားပါမယ်။” “မင်းနဲ့အတူ အလံပါမလာဘူးဆိုရင် ဘာလုပ်မလဲ?” ” ကျွန်တော်က လက်ကိုင်ပုဝါ...
“စိတ်လေးဒီလိုထား”
ရှားပါးသည့် အောင်မြင်မှုသို့ လှမ်းနိုင်ခဲ့သူ
သူ ငယ်စဉ်က သူတို့ မိသားစုမှာ ချမ်းသာ ခဲ့သော်လည်း အဖေ နောက် အိမ်ထောင်ပြု သွားချိန်တွင် မိသားစု စီးပွားရေးစတင် ယိုင်လဲလာခဲ့သည်။ နောက်ဆုံးတွင် စီးပွား ပျက်ပြီး မန္တလေး ထီးတိုင်တန်းဈေးတွင် ကြက်သွန်ဗန်း ခင်းရောင်းခဲ့ရသည် အထိပင် ဘဝပေး အခြေအနေ ဆိုးရွား ခဲ့သည်။ အမေသည် သူတို့ ညီအစ်ကိုနှစ်ဦးအတွက် ထီးလို မိုးလို ဖြစ်သည်။ သူ့ ဘ၀တွင် အမေ...
တစ်ဆို့ဆို့ ဇေယျာအောင်ချာ (ချစ်ဦးညို)
အမှန်တော့ ကျုပ်လုပ်ရမည့် အလုပ်ကို ကျုပ်လုပ်တာပါပဲဗျာ။ ဘာမှ ကြီးကြီးကျယ်ကျယ် ပြောစရာလည်း မရှိပါဘူး။ ပြောလဲ မပြောတတ်ပါဘူး။ ပြောလဲ ဘယ်သူကမှ ကျုပ်စကားကို အရာသွင်းမှာ မဟုတ်ပါဘူး။ ဇာတ်ပို့ဆိုင်းထဲက စည်းတီး တစ်ယောက်ရဲ့ စကား ဘာများ အရေးပါမှာမို့လဲ။ အဲ… စည်းတီးလည်း ဖြစ်ပြန်၊ ဘိန်းကလဲ စားပြန်ဆိုတော့ ပိုတောင် အဖက်မလုပ်ချင်ကြသေး။ တတ်နိုင်ပါဘူးဗျာ ကျုပ်စည်းတီးတတ်တယ်။ ပြီးတော့ ဘိန်းစားတယ်၊ ဒီနှစ်ခုနဲ့ပဲ ‘ကိုဇီးယို’...