Monthly Archive: February 2019

မတူပါဘူး

 ကိုယ်​မခံစားရတိုင်း ခံစား​နေတဲ့သူကို မ​လှောင်​လိုက်​ပါနဲ့…… သူ့နှလုံးသားနဲ့ ကိုယ့်​နှလုံးသား မတူပါဘူး။ ဆင်းရဲလွန်းလို့ ​ချွေတာသုံး​နေရတဲ့သူကို မနှိမ်​လိုက်​ပါနဲ့……  သူ့ဘဝနဲ့ ကိုယ့်​ဘဝအကျိုး​ပေး မတူပါဘူး။  ပညာမတတ်​လို့ စာမ​ရေးတတ်​သူကို အထင်​မ​သေးလိုက်​ပါနဲ့ သူအားသာတာနဲ့ ကိုယ်​အားသန်​တာနဲ့ မတူပါဘူး။  စကား​ပြောမကြွယ်​လို့ အမှား​တွေ​ပြော​နေမိသူကို.…… ပိုပိုပြီး မှားသွား​အောင်​ ဟားမတိုက်​လိုက်​ပါနဲ့။  သူစကား​ပြောစွမ်းရည်​နဲ့ ကိုယ့်​စကား​ပြောစွမ်းရည်​…… မတူညီတတ်​ပါဘူး။  ဗဟုသုတနည်းပြီး” ရိုးအ”သူတစ်​​ယောက်​ကို…… အ, လွန်းတယ်​ဆိုပြီး အားငယ်​သွား​အောင်​ မလုပ်​လိုက်​ပါနဲ့။  သူဖြတ်​သန်းခဲ့တဲ့ ပတ်​ဝန်းကျင်​နဲ့ ကိုယ်​ဖြတ်​သန်းခဲ့တဲ့…… ပတ်​ဝန်းကျင်​ မတူပါဘူး။  ကာယသမားတစ်​​ယောက်​ကို စီမံခန့်​ခွဲမှုပညာ… မတတ်​ဘူးလို့ ဖိမနင်းလိုက်​ပါနဲ့။ သူအသုံးဝင်​တဲ့​နေရာနဲ့...

မှတ်သားထိုက်တဲ့ စကား (၁ဝဝ)

၁။ အတင်း မပြောပါနဲ့။ ၂။ အရေးကြီးတဲ့ ကိစ္စတွေမှာ ကလေးဆန်စွာ မဆုံးဖြတ်ပါနဲ့။ ၃။ သင့်ဘဝကို အပြစ်မတင်ပါနဲ့။ ၄။ အမှန်တရားကို ဖုံးကွယ် မထားပါနဲ့။ ၅။ အသိအမှတ် ပြုသင့်တဲ့ အရာတွေကို ဥပက္ခာ မပြုပါနဲ့။ ၆။ သူတစ်ပါးရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော် မပြောပါနဲ့။ ၇။ အရေးကြီး ကိစ္စတွေကို မက်ဆေ့ဂ်ျ ပို့ပြီး အကြောင်း မကြားပါနဲ့။ ၈။ လုပ်နိုင်တယ်ဆိုတိုင်း...

မှတ်သားထိုက်သောဒဿနများ

၁။ ဘဝမှာ ကြုံတွေ့လာသမျှ အဖြစ်အပျက်တိုင်းမှာ သင်ခန်းစာယူစရာတွေ ရှိပါတယ်။ ၂။ မလိုအပ်ပဲ စိုးရိမ်ပူပန်နေတာတွေဟာအချိန်ဖြုန်းခြင်းသက်သက်ဖြစ်တယ်ဆိုတာကို အချိန်နဲ့ အတွေ့အကြုံက သင်ကြားသွားပါလိမ့်မယ်။ ၃။ အတိတ်ကဖြစ်ပျက်ခဲ့တဲ့အရာတွေကို ဘာမှပြင်ဆင်လို့မရတော့ပေမယ့် လက်ရှိအခြေအနေမှာ အကောင်းဆုံးဖြစ်အောင် ရပ်တည်လို့ရပါတယ်။ ၄။ ခက်ခဲကြမ်းတမ်းမူတွေဆိုတာ အမြဲတမ်းဖြစ်နေတာမျိုးမဟုတ်ပါဘူး။ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ မေတ္တာတရားရှေ့ထားဖြေရှင်းလိုက်ပါ။ ၅။ ဘဝဟာ ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဖြစ်လာတယ်ဆိုတာ သိပ်ကိုရှားပါတယ်။ဒါပေမယ့် ဖြစ်လာတဲ့အခြေအနေတိုင်းကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့အကောင်းမြင်စိတ်လေးနဲ့ ရှေ့ဆက်လိုက်ပါ။ ၆။ ရှေ့တစ်လှမ်းတိုးဖို့ နောက်တစ်လှမ်းပြန်ဆုတ်ချင်လည်း ဆုတ်ရမှာပါ။ဒီတော့ ဖြစ်ပျက်လာသမျှ အခြေအနေတိုင်းကိုအားမလျော့ပဲ ရင်ဆိုင်ရဲရင့်လိုက်ပါ။ ၇။...

ဆွမ်းလောင်းရခြင်း အကျိုး (၁၂)ပါး

၁။ တာဝတိံသာနတ်ပြည် တစ်ထောင်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကိုရခြင်း။ ၂။ တစ်ထောင်သော စကြာမင်းတို့၏ မိဖုရားအဖြစ်ကို ရခြင်း။ ၃။ မရေတွက်နိုင်သော ပဒေသရာဇ်မင်းအဖြစ်ကို ရခြင်း။ ၄။ ကြာညိုပန်းအဆင်းနှင့် တူသော အဆင်းရှိသည် ဖြစ်၍ အလွန် အဆင်း လှခြင်း။ ၅။ ကိုယ်အင်္ဂါ အားလုံး နှင့် ပြည့်စုံသည်ဖြစ်၍ လွန်စွာ ရှုချင်စဖွယ် ရှိခြင်း။ ၆။ မြတ်သော အမျိုး၌...

ရှင်သန်တတ်ဖို့

စိတ်ပျက်အားငယ်နေပြီလားဘဝဆိုတာ ဒီလိုပါပဲ အဆင်ပြေလိုက် မပြေလိုက်ပျော်လိုက် ငိုလိုက်အမြဲဖြစ်နေတာမျိုး မဟုတ်လားဘယ်လောကဓံကမှ ကိုယ့်တစ်ယောက်တည်းကို ရိုက်ခတ်နေတာမျိုးမှ မဟုတ်တာ ဒါကြောင့် အများနည်းတူ တစ်ချိန်ချိန် အဆင်ပြေသွားမှာပါ။ စိတ်ပျက်အားငယ်နေပြီလားဘဝဆိုတာ ဒီလိုပါပဲ အဆင်ပြေလိုက် မပြေလိုက်ပျော်လိုက် ငိုလိုက်အမြဲဖြစ်နေတာမျိုး မဟုတ်လားဘယ်လောကဓံကမှ ကိုယ့်တစ်ယောက်တည်းကို ရိုက်ခတ်နေတာမျိုးမှ မဟုတ်တာ ဒါကြောင့် အများနည်းတူ တစ်ချိန်ချိန် အဆင်ပြေသွားမှာပါ။ ဝမ်းနည်းနာကျင်နေရပြီလားမငိုဖူးတဲ့သူ မရှိသလို မပျော်ဖူးတဲ့သူတွေလည်း လောကမှမရှိပါဘူး နာကျင်ရတယ်ဆိုတာလည်းအချိန်ခဏပါ ဝမ်းနည်းရတယ်ဆိုလည်း ခဏတာပဲဘယ်သူမှ သေရာပါထိဒဏ်ရာတွေ ယူဆောင်မသွားတတ်ဘူးလေ ဒါကြောင့် တနေ့နေ့ အရာအားလုံးမေ့ပစ်ကွယ်ပျောက်သွားမှာမျိုးပါ။ ကံကြမ္မာကို...

အမုန်းခံအလှ

(လယ်တွင်းသားစောချစ် )  လှပခမ်းနားသော ဖိတ်စာတစ်စောင်..ဒေါက်တာဝင်းနိုင်ဦး နှင့် ဒေါက်တာသီတာမိုး ” ဖေဖေ… ဒီဖိတ်စာ သမီးကိုပေးနော်… သိမ်းထားချင်လို့”  ရှစ်တန်းကျောင်းသူ သမီးငယ်က ဖိတ်စာကိုအိတ်နဲ့တကွ အပိုင်ယူလိုက်သည်။” အဲ့ဒီ ဖိတ်စာတစ်စောင်ကို နှစ်ရာကျတယ်တဲ့…..” ဒေါ်မြအေးက ဈေးသည်ပီပီ ကျောက်ဆည်ဈေးထဲမှာ သတင်းကြားခဲ့ပြီ။” ဆန်းသစ်လွင် ရုပ်ရှင်ရုံမှာ မင်္ဂလာဆောင်မှာတဲ့ မေမေရ၊ ဖိတ်စာထဲမှာပါတယ်” ” ဟုတ်တယ်…ရန်ကုန်ပုံစံအတိုင်းကျွေးမှာတဲ့။ဖိတ်တာတောင်ခွဲတမ်းနဲ့၊တစ်ယောက်ကို ကျွေးမယ့်တန်ဖိုးကပဲ ဘယ်နှထောင်ဖိုးဆိုလားး သတိုးသားက်က တစ်ရာ့ငါးဆယ်။သတိုးသမီးဖက်ကတစ်ရာ့ငါးဆယ်။တစ်ကယ့်မျက်နှာကြီးတွေချည်းရွေးဖိတ်တာတဲ့…..။အိမ်ရှေ့တိုက်ကတောင် သူတို့နဲ့ခင်လျက်သားနဲ့မဖိတ်လို့ စိတ်ဆိုးနေတယ်။ ဒေါ်မြအေးသတင်းကပိုစုံတယ်...

အညတရ ချစ်ပြုံး

ရုံးခန်းထဲမှာ အလုပ်များနေတဲ့ ကျွန်တော့်ကို ကလေးနှစ်ယောက်က တံခါးဝကနေ လာပြီးတော့ ပြူတစ်လစ် လုပ်ပြနေတယ်။ “အေး … အေး … ဆရာသိတယ်။ လာခဲ့မယ်” ကလေးတွေက ဒီလိုပါပဲ ဆရာ အတန်း ဝင်ချိန် ရောက်လို့မှ ရောက်မလာသေးရင် ပြူတစ်လစ် လာလုပ်ပြနေကြပြီ။ ပြီးတော့ ဆရာက လေ့ကျင့်ခန်း စာအုပ်တွေ ပေးလိုက်မလားပေါ့။ ကူသယ်ပေးချင်လို့လေ။ ချိတ်ထားတဲ့ တိုက်ပုံကို ကောက်ဝတ်၊ မြေဖြူ နှစ်ခဲလောက်ကို...

ချဉ်ဖတ်

“ပြေးထားကွ” “ပြေးကွ” “မြန်မြန်ပြေးလေကွာ” “ပြေးပါဟ” ကျောင်းသားလေးတွေပြေးနေကြ တဲ့ အပြေးပြိုင်ပွဲလေး တစ်ခု။ ဆရာ၊ ဆရာမတွေ၊ အတန်းဖော် ညီအစ်ကို မောင်နှမတွေ ရဲ့ အားပေးမှုတွေ နဲ့ ကလေးတွေ ပြေးနေကြတယ်။ ပန်းဝင် ခါနီးပြီ။ ထိပ်ဆုံးမှာပြေးနေတာ နှစ်ယောက်ထဲ တစ်ယောက် က အတန်းထဲ မှာ နာမည်ကြီး စာ အတော်ဆုံး၊ ဆရာမတွေ အချစ်ဆုံး မောင်ထိန်ဝင်း။ သူ့ဘေးမှာ ကပ်ပြေးနေတာ...

ပျော်ရွှင်သော စံပြအိမ်ထောင်ရေး

အိမ်ထောင်ရေးဆိုတာမျိုးက ဘောလုံးအသင်းတစ်သင်းလိုပဲတစ်ယောက်တည်း ကွင်းပတ်ကစားလို့ မရနိုင်ပါဘူး။ လင်နဲ့ မယားအပေးအယူအချိတ်အဆက် မိမှ သာယာသောအိမ်ထောင်ရေးဖြစ်လာမှာပါ။ အိမ်ထောင်ဦးစီးကလည်း ငွေကြေးရှာဖွေပေးရုံနဲ့ မလုံလောက်သလိုအိမ်ရှင်မကလည်း အိမ်မှူကိစ္စ လုပ်နိုင်ရုံနဲ့ မပြည့်စုံပါဘူး။ အိမ်ထောင်ဦးစီးတစ်ယောက်ပြုလုပ်သင့်သော တာဝန်များမှာ….၁)အလုပ်တစ်ခုကို အတည်တကျ လုပ်ပါ၂)အသုံးနဲ့အဖြုန်းကို နားလည်တတ်ပါစေ၃)မိသားစုအတွက် တတ်နိုင်သမျှ အချိန်ပေးပါ၎)အရက်သေစာ ၊လောင်းကစား ၊ အပျော်အပါးများကို တတ်နိုင်သမျှရှောင်ကြဉ်ပါ၅)သားသမီးများကို အချိန်ရရင်ရသလို နွေးထွေးမှူပေးပြီး ဆုံးမပါ၆)ကိုယ်ကျင့်တရား ကို အတတ်နိုင်ဆုံး လုံခြုံအောင်ထိမ်းပါ၇)ဘုရား တရား သံဃာ မိဘ...

စိတ်ကောင်းထားပါ

စိတ်ကောင်းရှိသူတိုင်းဟာ လှနေပါတယ်။ ဘာမှမပိုင်ရင်တောင် ဒီတစ်ခုကိုတော့ ပိုင်အောင် လုပ်သင့်ပါတယ်။ ဒေါသနဲ့ ဝေးဝေးနေပါ..။ ဒေါသက နာကျင် မှုတွေပေးလို့ပါ။ သင့် ကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကိုရောပေါ့။ ၁ မိနစ် ဒေါသထွက်ရတိုင်း စက္ကန့် ၆ဝ စာ ပျှော်ရွှင်မှုတွေ ဆုံးရှုံးသွားရတာကို မမေ့ပါနဲ့။ ကိုယ်က မှန်နေတယ်ဆိုရင် စိတ်ဆိုးနေစရာမလိုပါ။ တကယ်လို့ ကိုယ့်ဘက်က မှားနေတယ်ဆိုရင်လည်း ကိုယ်ကဘာမှစိတ်ဆိုးပိုင်ခွင့်မရှိတာကို နားလည်လိုက်ပါ။ မိသားစုဝင်တွေအပေါ် သည်းခံခြင်းဟာ ချစ်ခြင်းမေတ္တာကို...