Monthly Archive: May 2019

အီစွတ်ပေးသော ဘဝသင်ခန်းစာ

အီစွတ် ပုံပြင်များတွင် အဓိက ဇာတ်ကောင်များမှာ တိရစ္ဆာန်များ ဖြစ်ပါသည်။ ပုံပြင်ဆရာကြီး အီစွတ်သည် ခရစ်မပေါ်မီ အနှစ် ၆၀၀ လောက်က ပေါ်ထွန်းခဲ့သည်။ အီစွတ်သည် “ဖရိဂျီယာ” ဆိုသူ၏ ကျေးကျွန်တစ်ဦး၊ ရုပ်ဆိုးပြီး အရပ်ပုသော်လည်း ဉာဏ်ထက်မြက်သည်။ “ဆေးမယ်မြို့၊ ဂရိတွေးခေါ်ပညာရှင်ကြီး “ကွေဂျင်သပ်”ဆိုသူက အီစွတ်ကို ကျေးကျွန်အဖြစ် ဝယ်လိုက်သည်။ မကြာမီမှာပင် သူဝယ်လိုက်သူ အီစွတ်မှာ ကျေးကျွန်မဟုတ်ဘဲ ဆရာဖြစ်နေမှန်း သိလိုက်ရသည်။ အီစွတ်ပြောသမျှ လေးနက်သော...

အမေရက်စက်တာလား၊ လေ့ကျင့်ပေးတာလား

ကျွန်တော့်ငယ်စဉ်ကလေးဘဝကို ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ အဖြစ်အပျက် အတော်များများကို မှုန်ဝါးဝါးလေးပဲ မှတ်မိပါတော့တယ်။ ဒါပေမဲ့ တချို့အကြောင်းတွေကျတော့ ခေါင်းထဲက ဖျောက်မရဘဲ အခုထိ အမှတ်ရနေဆဲပါ။ အဲဒါတွေထဲက တစ်ခုကတော့ အမေဟာ ကျွန်တော်ကို ငယ်စဉ်ကတဲက အခက်အခဲ၊ စိမ်ခေါ်မှုတွေကို မကြောက်တတ်အောင်၊ ရင်ဆိုင်ရဲအောင် မညှာမတာ လေ့ကျင့်ပေးခဲ့တယ်။ အဲဒီတုန်းကတော့ အမေဟာ ကျွန်တော့်အပေါ် ရက်စက်လွန်းတယ်၊ ကျွန်တော့်ကို မချစ်ဘူးလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ ကြီးလာတဲ့အခါမှာ အခက်အခဲကို မကြောက်တတ်တော့ဘူး၊...

ပြောသွားတာ အမှန်​တရား​တွေကြီးပဲ

လျှပ်စစ်တွေ ထုတ်တယ် ပြည်သူအများစု မသုံးရဘူး . ဆန်စပါးအများကြီး ထွက်တယ် ပြည်သူတွေ ဝဝလင်လင်မစားရဘူး . တိုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီ ခြံစည်းရိုးမရှိဘူး . ဆင်းရဲလို့ မိန်းမငယ်လေးတွေ သူများနိုင်ငံမှာ ပြည့်တံဆာအလုပ် အစေခံအလုပ်တွေ သွားလုပ်နေရတယ် ပြည်တွင်းမှာ အလုပ်အကိုင်ရှိအောင် မလုပ်ဘူး . စစ်သည်သုံးသိန်းရှိတယ် သောင်းကျန်းသူတွေကို မနှိမ်နင်းနိုင်ဘူး . ပညာတတ်တွေ အများကြီးထွက်တယ် ပြည်တွင်းမှာ အသုံးမချတတ်ဘူး . ကျောက်တွေ...

လူဖြစ်​ရှုံးကြသူများ

၁။ လူတစ်​​​ယောက်​ရဲ့ အ​ကြောင်းကို ကွယ်​ရာမှ အုပ်​စုလိုက်​ အတင်းတုပ်​ပြီး အပုပ်​ချ၊။ အ​ကြောင်းမရှိ အ​ကြောင်းရှာ နှိမ့်​ချ ​ပြောတတ်​သူ။ ၂။ သူတစ်​ပါးပျက်​စီးရာ ပျက်​စီး​ကြောင်း မဟုတ်​မမှန်​ သတင်းလွှင့်​၊ အတင်းအဖျင်း ​ပြောတတ်​သူ။ ၃။ သူတစ်​ပါးအ​ပေါ်တွင်​ အမြဲအနိုင်​ယူလိုချင်​​​နေသူ ။ သူတစ်​ပါး မျက်​ရည်​စက်​လက်​၊ အရှုံးကြီးရှုံးနိမ့်​မှု​ပေါ်တွင်​ ၀မ်းသာအားရ ​အောင်​ပွဲခံနိုင်​သူ။ ၄။ ကိုယ့်​လက်​​အောက်​ ငယ်​သားတို့အ​ပေါ်တွင်​ ညှာတာမှုမရှိပဲ၊ အမြဲလိုလို အကာကွယ်​မ​ပေးပဲ ကိုယ်​လွတ်​ရုန်း၍...

၂၀% နိယာမ

ဘယ်ပညာရှင် ပြောခဲ့တယ်ဆိုတာကိုတော့ မမှတ်မိတော့ပါ။ ဘယ်စာအုပ်မှာ ဖတ်ထားတယ်ဆိုတာကိုလည်း ပြန်လည်သတိမရတော့၊ မှတ်မိသလောက် ၂း ၈ နိယာမလို့ခေါ် ပါတယ်။ ဒီမှာနားလည်လွယ်အောင် ၂၀ % နိယာမလို့ပဲ သုံးစွဲပါရစေ။ လောကကြီးထဲမှာ သင့်ကို ၂၀% သောလူများက အလိုလိုနှစ်သက်နေတတ်တယ်။ သူတို့ဟာ သင့်ကိုဘယ်လိုကြည့်ကြည့်၊မျက်စိဖြောင့်နေတတ်ပါတယ်။ အဲ..နောက် လူ ၂၀ % ကတော့ သင့်ကို အလိုလို အမြင်ကပ်နေတတ်တယ်။ကြည့်မရ ဖြစ်နေတတ်တယ်။ အချို့ဆို မုန်းတီးတဲ့ အဆင့်ထိပါပဲ။ ကျန်တဲ့ ၆၀%ဟာ ကြားနေဖြစ်နေတတ်တယ်။ ဖာတိဖာသာ...

မိုးကြိုးပစ်ခတ်မှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်ကာ စေတီတော်ရှိ ရွှေအချို့ ကွာကျ

မိုးကြိုးပစ်ခတ်မှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်ကာ စေတီတော်ရှိ ရွှေအချို့ ကွာကျ ကျိုက်ထီးရိုးတောင်တစ်ဝိုက်တွင် မိုးကြိုးပစ်ခတ်မှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်ကာ စေတီတော်ရှိ ရွှေအချို့ ကွာကျခဲ့ပြီး CCTV စောင့်ကြည့်ထိန်းချုပ်ခန်းမှ System Unite ပုံး လောင်ကျွမ်းမှုဖြစ်ပွား အောင်မြင့်ထွန်း (မြစ်မခ)သထုံ၊ မေ ၁၆ ရက် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်တစ်ဝိုက်တွင် မေ ၁၅ ရက်၊ ညက မိုးကြိုးပစ်ခတ်မှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်ကာ ကျိုက်ထီးရိုးစေတီတော်ရှိရွှေအချို့ကွာကျခဲ့ပြီး CCTV စောင့်ကြည့်ထိန်းချုပ်ခန်းမှ...

မိတ်ဆွေကောင်း မပီသသူကို မပေါင်းနဲ့

ငယ်ငယ်တုန်းက “ပုံပြင်လေး´´တစ်ခု ဖတ်ဖူးတယ်။ အင်မတန်မှ မှတ်သားစရာကောင်းတဲ့ ပုံပြင်လေး တစ်ခုပဲ။ သူငယ်ချင်းနှစ်ယောက် တောအုပ်ကြီး တစ်ခုကို ဖြတ်သန်းသွားတယ်။ လူတစ်ယောက်က လက်နက်ပါတယ်။ တစ်ယောက်ကမပါဘူး။ လက်နက်ပါတဲ့သူက ဘာပြောလဲဆိုတော့ “`ဒီနေရာမှာ ဆင်ပဲတွေ့တွေ့၊ ကျားပဲတွေ့တွေ့၊ ဘာကောင်ပဲတွေ့တွေ့ ငါကာကွယ်နိုင်တယ်ပေါ့။ ဘယ်အကောင်မှ မကြောက်ဘူး´´တဲ့။ သူက ဒီလို ပြောနေတယ်။ ပြောလို့မှ မဆုံးသေးဘူး။ လမ်းကွေ့တစ်ကွေ့မှာ “ဝက်ဝံကြီး´´ တစ်ကောင် ဘွားခနဲ ပေါ်လာတယ်။ ဝက်ဝံကြီးကိုလည်း...

သတိရလိုက်ပါ

လူတော်တော်များ ယုံကြည်ချက်လွန်ကဲလို့ ရှုံးနိမ့်နေကြတာပါ။ ထူးဆန်းသွားပါသလား?  ဟုတ်ပါတယ် လွဲမှားစွာ ယုံကြည်ခြင်း “False Belief ” လို့ခေါ်ပါတယ်။  Coca Cola ဆိုတဲ့ နာမည်ကို မကြားဖူးတဲ့လူ တော်တော်နည်းပါလိမ့်မယ်။နောက်ပြီးတော့ ဒီအချိုရည်ကို စထုတ်တဲ့လူကို လူချမ်းသာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးလို့ သိထားကြပါလိမ့်မယ်။  တကယ်စခဲ့တဲ့လူက ဆေးဝါးပညာရှင်တစ်ဦးဖြစ်ပြီး ဓာတ်ခွဲခန်းထဲမှာ မတော်တဆဖော်စပ်မိတဲ့ အချိုရည်တစ်မျိုးဖြစ်ပါတယ်။ အိမ်နီးချင်းတွေကို တစ်ခွက်ကို ၅ဆင့်နဲ့ စရောင်းခဲ့ပါတယ်။ အမှန်ပါပဲ.. စရောင်းတဲ့ ပထမဆုံးနှစ်မှာ ၂၅ဘူးသာရောင်းရပြီး ၀င်ငွေ...

သူငယ်​ချင်းများအတွက်

ဆုံးဖြတ်​ချက်​ချပြီးမှ​တော့နာကျင်​ခံစားရမယ့်​အရာ​တွေ​ကို​မေ့ပြီးရ​အောင်​​ဖောက်​ထွက်​လိုက်​ပါ ဆုံးရှူံး နစ်​နာရမယ့်​အ​ရေးကြိုး​တွေးပြီးပူ​ဆွေးမ​နေပါနဲ့ တချို့ လမ်း​တွေက အနီး​ရောက်​​အောင်​သွားကြည့်​မှပိုလှ​နေတာမျိုးပါ လဲကျမှာ မ​ကြောက်​ပါနဲ့ပြန်​မထနိုင်​​လောက်​​အောင်​ မင်း ​ကြောက်​ရွံ့သွားမှာကို​ကြောက်​လန့်​ပါ လူတိုင်းဟာ ဘဝမှာတစ်​ကြိမ်​​တော့ အကြီးအကျယ်​ ​ရွှေးချယ်​ခွင့်​နဲ့ကြုံရတယ်​အနိုင်​နည်းပြီး အရှုံးများတဲ့ဖက်​မှာငါတို့​တွေ တူတူ​နေကြတယ်​ဒါဟာ မှားယွင်းတာမဟုတ်​ဘူးငါ့တို့ ကိုယ်​တိုင်​က ကိုယ့်​ကိုယ်​ကို မ​လေးစားကြတာမယုံကြည်​ကြတာ ဒါ​ကြောင့်​ ကိုယ့်​​ရွှေးချယ်​မှုကိုမှားယွင်းတယ်​လို့ ထင်​​နေကြတာ တကယ်​​တော့ ဘယ်​အရာမှ မမှားဘူးအားလုံးဟာ ဖြစ်​သင့်​လို့ဖြစ်​ကြတာဖြစ်​သင့်​​အောင်​လည်း ဖြစ်​နိုင်​တဲ့ လမ်း​ကြောင်း​ပေါ်တို့​တွေရှိ​နေကြတာ မျက်​ရည်​မကျဖူးတဲ့ သူရယ်​လို့မရှိသလိုမပြုံးဖူးတဲ့ လူသားရယ်​လို့ မရှိပါဘူး အတုံ့ အလှည့်​...

ဘီဂိတ်ပေးတဲ့ တန်ဖိုးကြီးလွန်းသော သင်ခန်းစာများ

(1) ရည်မှန်းချက်သာ ပြတ်သားပါစေ ဘယ်လိုဆုံးဖြတ်ချက်ချပါစေ။ရည်မှန်းချက်မသဲကွဲဘူးဆိုရင် မအောင်မြင်နိုင်ပါဘူး။ ဥပမာ သင်ဟာခရီးသွားဖို့ ငွေစုမယ်ဆိုပါစို့ ။ ဒါဟာ ဆုံးဖြတ်ချက် ရည်မှန်းချက်ကိုပြတ်ပြတ်သားသား ချနိုင်လိုက်တာပါပဲ။ သင်ဟာရည်မှန်းချက် ပြတ်သားပြီဆိုတာနဲ့  သင်အကောင်းဆုံးကြိုးစား တော့မယ်။ ငွေစုတော့မယ်ဆိုတာအသေအချာ ပါပဲ။ (2) ဖြစ်သင့်တာကို အရင်လုပ်ပါ ဘယ်အရာမှ လွယ်တယ်ဆိုတာမရှိပါဘူး။ ဘဝဆိုတာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုလုပ်ရ တာ ပါ။ မုန်တိုင်းပြီးမှ လေညင်းဆိုတာ လာစမြဲပါ။ (3)...